ဗျာဒိတ် 19:7Judson Bibleငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုးကြိုးသံကဲ့သို့ ငါကြား၏။- အခန်းကိုကြည့်ပါ။ |
အို ဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အို ယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ရောက်သော သခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။
တစ်ပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏ လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏ကျွန်တို့ကို သတ်သော အပြစ်နှင့်အလျောက် ဒဏ်ပေး၍ ကိုယ်တော်၏ရန်သူတို့၌ အပြစ်တရားကို စီရင်တော်မူမည်။ ပြည်တော်နှင့် မိမိလူမျိုးကို ကယ်မသနားတော်မူမည်ဟူသော၊