Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 18:9

Judson Bible

မ​တ​ရား​သော​မေ​ထုန်​ကို သူ​နှင့်​ပြု၍ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​သော လော​ကီ​ရှင်​ဘု​ရင်​တို့​သည်၊ သူ​ကျွမ်း​လောင်​ရာ မီး​ခိုး​ကို မြင်​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ​သော ချိုင့်​အ​ရပ်​တစ်​လျှောက်​လုံး​ကို ကြည့်​ရှု၍၊ မီး​ဖို၌​အ​ခိုး​ကဲ့​သို့၊ တစ်​ပြည်​လုံး​အ​ခိုး​တက်​သည်​ကို မြင်​လေ​၏။

ဖြောင့်​မတ်​သော​သူ​သည် ထို​သို့​သော​ဒဏ်​ပေး​ခြင်း​ကို မြင်၍ ဝမ်း​မြောက်​ပါ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့၏ အ​သွေး၌ မိ​မိ​ခြေ​တို့​ကို ဆေး​ပါ​လိမ့်​မည်။

တိုင်း​နိုင်​ငံ​တို့၏ အထွတ်၊ ခါ​လ​ဒဲ​အ​မျိုး​သား​တို့၏ ဘုန်း​အ​သ​ရေ​ဖြစ်​သော ဗာ​ဗု​လုန်​မြို့​သည် ဘု​ရား​သ​ခင်​ဖျက်​ဆီး​တော်​မူ​သော သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဖြစ်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ တော​ဖက်​အ​ရပ်​သည် ရှေး​ကာ​လ၌ စီ​ရင်​လျက်​ရှိ၏။ အ​ကယ်​စင်​စစ် ရှင်​ဘု​ရင်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ၏။ နက်​နဲ​ကျယ်​ဝန်း​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​ပြီ။ မီး​ရှို့​ဖို့ ထင်း​ပုံ​ကြီး​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​ထွက်​သက်​တော်​သည် အ​ရည်​ကျို​သော ကန့်​ကဲ့​သို့၊ ထို​ထင်း​ပုံ​ကို မီး​ရှို့​ရ​လိမ့်​မည်။

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ နီး​စပ်​သော မြို့​များ​ကို ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​သ​ဖြင့် လူ​ဆိတ်​ညံ​သ​ကဲ့​သို့၊ ဗာ​ဗု​လုန်​မြို့၌ အ​ဘယ်​သူ​မျှ မ​နေ​ရ၊ လူ​သား​တစ်​စုံ​တစ်​ယောက်​မျှ နေ​ရာ​မ​ကျ​ရ​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဗာ​ဗု​လုန်​မြို့​ကို တိုက်​ယူ​သော​အ​သံ​ကြောင့် မြေ​ကြီး​လှုပ်​ရှား၏။ အော်​ဟစ်​သော​အ​သံ​ကို လူ​အ​မျိုး​မျိုး​တို့​သည် ကြား​ရ​ကြ၏။

ဗာ​ဗု​လုန်​မြို့​သည် ချက်​ချင်း​ပြို​လဲ၍ ပျက်​စီး​ပြီ။ သူ၏​အ​တွက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သူ၏​အ​နာ​ပျောက်​နိုင်​လျှင်၊ ပျောက်​စေ​ခြင်း​ငှာ ဗာ​လ​စံ​စေး​ကို ယူ​ကြ​လော့။

ကျွန်း​သူ​ကျွန်း​သား​အ​ပေါင်း​တို့​သည် သင့်​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ၍၊ ရှင်​ဘု​ရင်​တို့​သည် မျက်​နှာ​ပျက်​လျက် ကြက်​သီး​မွေး​ညင်း ထ​ကြ၏။

သစ်​ပင်​ကို လှဲ​လော့။ အ​ခက်​တို့​ကို ခုတ်​လော့။ အ​သီး​အ​ရွက်​တို့​ကို လှုပ်​ချွေ​လော့။ တိ​ရ​စ္ဆာန်​တို့​သည် သစ်​ပင်​အောက်​က​ထွက်၍၊ ငှက်​တို့​သည်​လည်း အ​ကိုင်း​အ​ခက်​ထဲ​က သွား​ကြ​စေ။

အ​နာ​ရော​ဂါ ဘေး​ဥ​ပဒ်​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒေါ​သ​အ​မျက်​တော်​ထွက်၍ မှောက်​လှန်​တော်​မူ​သော သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​တို့ ပြို​ပျက်​ရာ​ကဲ့​သို့၊ တစ်​ပြည်​လုံး​ကို ကန့်​နှင့်​မီး ကျွမ်း​လောင်​သော ဆား​သက်​သက်​ဖြစ်၍၊ မျိုး​စေ့​မ​ကြဲ၊ အ​သီး​အ​နှံ​မ​သီး၊ မြက်​ပင်​မ​ပေါက်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​နောက်​မှာ ဖြစ်​လ​တ္တံ့​သော သင်​တို့​အ​မျိုး​သား၊ ဝေး​သော​အ​ရပ်​မှ​လာ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် မြင်​ကြ​သော​အ​ခါ၊

အ​သက်​အ​ရွယ်​နု​ပျို​သော မု​ဆိုး​မ​တို့​ကို ပယ်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ခ​ရစ်​တော်၏ ဆုံး​မ​ခြင်း​ကို သည်း​မ​ခံ။ အိမ်​သင့်​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊-

ထို​ညှဉ်း​ဆဲ​ခြင်း၏ မီး​ခိုး​သည် က​မ္ဘာ​အ​ဆက်​ဆက် တက်​လျက်​ရှိ၏။ သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို ကိုး​ကွယ်၍၊ သူ၏ နာ​မ​တံ​ဆိပ်​လက်​မှတ်​ကို ခံ​သော​သူ​တို့​သည် နေ့​ည​မ​ပြတ် သက်​သာ​မ​ရ​ကြ​ဟု၊ လိုက်၍ ကြီး​သော​အ​သံ​နှင့် ပြော​ဆို၏။-

လော​ကီ​ရှင်​ဘု​ရင်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို သူ​နှင့်​ပြု​ကြ​ပြီ။ မြေ​ကြီး​သား​တို့​သည် သူ၏ မ​တ​ရား​သော​မေ​ထုန်၏ စ​ပျစ်​ရည်​နှင့် ယစ်​မူး​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊-

သူ​ကျွမ်း​လောင်​ရာ မီး​ခိုး​ကို​မြင်​လျှင်၊ ထို​မြို့​နှင့် အ​ဘယ်​မြို့ တူ​သ​နည်း​ဟူ၍​လည်း​ကောင်း၊-

ကောင်း​ကင်​မှ​စ၍ သန့်​ရှင်း​သူ​တ​မန်​တော်၊ ပ​ရော​ဖက်​တို့၊ သူ့​ကို ကြည့်​ရှု၍ ဝမ်း​မြောက်​ကြ​လော့။ ဘု​ရား​သ​ခင်​သည် သင်​တို့​ဘက်၌​နေ၍၊ သူ့​ကို တ​ရား​စီ​ရင်တော်​မူ​ပြီ​ဟု ပြော​ဆို​သည်​ကို ငါ​ကြား၏။-

အ​ကြောင်း​မူ​ကား၊ လူ​မျိုး​အ​ပေါင်း​တို့​သည် သူ၏ မ​တ​ရား​သော မေ​ထုန်၏ အ​ဆိပ်​အ​တောက် တည်း​ဟူ​သော​စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ။ လော​ကီ​ရှင်​ဘု​ရင်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို သူ​နှင့်​ပြု​ကြ​ပြီ။ လော​ကီ​ကုန်​သည်​တို့​သည် သူ၏ ကာ​မ​ဂုဏ်​စည်း​စိမ် ကြွယ်​ဝ​ခြင်း​အား​ဖြင့် ဥ​စ္စာ​ရ​တတ်​ကြ​ပြီ​ဟု ပြော​ဆို၏။

သူ​သည် ကိုယ်​ကို ချီး​မြှောက်၍ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​သည်​အ​တိုင်း သူ၌ ပြင်း​စွာ​သော​ဆုံး​မ​ခြင်း၊ စိတ်​မ​သာ ညည်း​တွား​ခြင်း​ကို ဖြစ်​စေ​ကြ​လော့။ ငါ​ကား မိ​ဖု​ရား​ဖြစ်၏။ မု​ဆိုး​မ မ​ဟုတ်။ စိတ်​မ​သာ​ညည်း တွား​ခြင်း​ကို မ​သိ​ရ​ဟု သူ​သည် အောက်​မေ့​တတ်၏။-

တစ်​ဖန်​တုံ၊ ဟာ​လေ​လု​ယ​ဟူ၍​လည်း​ကောင်း၊ သူ၏ မီး​ခိုး​သည် က​မ္ဘာ​အ​ဆက်​ဆက် တက်​သည် ဟူ၍​လည်း​ကောင်း ပြော​ဆို​ကြ၏။-

ထို​ကြောင့်၊ သူ့​ကို အိပ်​ရာ၌​ငါ​ချ​ထား​မည်။ သူ​နှင့်​အ​တူ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၍၊ ထို​သို့​သော အ​ကျင့်​ကို နောင်​တ​မ​ရ​သော​သူ​တို့​ကို​လည်း၊ ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း​သို့ ရောက်​စေ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ