Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 18:7

Judson Bible

သူ​သည် ကိုယ်​ကို ချီး​မြှောက်၍ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​သည်​အ​တိုင်း သူ၌ ပြင်း​စွာ​သော​ဆုံး​မ​ခြင်း၊ စိတ်​မ​သာ ညည်း​တွား​ခြင်း​ကို ဖြစ်​စေ​ကြ​လော့။ ငါ​ကား မိ​ဖု​ရား​ဖြစ်၏။ မု​ဆိုး​မ မ​ဟုတ်။ စိတ်​မ​သာ​ညည်း တွား​ခြင်း​ကို မ​သိ​ရ​ဟု သူ​သည် အောက်​မေ့​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ရှင်​ဘု​ရင်​က၊ သင်​ပြော​သည်​အ​တိုင်း အ​လျင်​အ​မြန်​သွား၍၊ အ​ဝတ်​တန်​ဆာ​နှင့် မြင်း​တော်​ကို​ယူ​ပြီး​လျှင်၊ ယု​ဒ​အ​မျိုး​သား၊ နန်း​တော်​တံ​ခါး​မှူး မော်​ဒ​ကဲ၌ ပြု​လော့။ သင်​ပြော​သ​မျှ​တွင်၊ တစ်​စုံ​တစ်​ခု​မျှ မ​လပ်​စေ​နှင့်​ဟု ဟာ​မန်​အား မိန့်​တော်​မူ၏။

ငါ​သည် အ​စဉ်​မ​ရွေ့​ရ၊ ဆင်း​ရဲ​ခြင်း​သို့ မ​ရောက်​ရ​ဟု အောက်​မေ့​တတ်​ပါ၏။

အ​ပြည်​ပြည်​သော မင်း​သ​မီး​တို့​သည် မောင်း​မ​မိဿံ​အ​ဝင်​ဖြစ်၍၊ လက်​ယာ​တော်​ဘက်​မှာ ဩ​ဖိ​ရ​ရွှေ တန်​ဆာ​ဆင်​သော မြောက်​သား​တော်​နေ​ရာ​ဖြစ်​ပါ၏။

ကိုယ်​ကို​ကိုယ်​နှိမ့်​ချ၍ ထိုင်​ကြ​လော့။ သင်​တို့၌ ဘုန်း​ကြီး​သော​သ​ရ​ဖူ​သည် သင်​တို့၏​ခေါင်း​ပေါ်​မှ ဆင်း​ရ​လိမ့်​မည်​ဟု၊ ရှင်​ဘု​ရင်​နှင့် မိ​ဖု​ရား​တို့​အား ပြော​လော့။

စည်​ပင်​ခဲ့​သော​မြို့​သည် လူ​ဆိတ်​ညံ​လျက် ထိုင်​လေ​သည်​တ​ကား၊ လူ​မျိုး​တို့​တွင် ကြီး​မြတ်​ဖူး​သော သ​တို့​သ​မီး​သည် မု​ဆိုး​မ​ကဲ့​သို့​ဖြစ်၏။ အ​ပြည်​ပြည်​တို့၏​သ​ခင်​မ​သည် အ​ခွန်​ပေး​ရ၏။

ထို​ခွက်​ကို သောက်၍​စုတ်​ပြီး​မှ ခွက်​ခြမ်း​ကို ကိုက်​ခဲ၍၊ ကိုယ်​သား​မြတ်​တို့​ကို ဆွဲ​ဖြတ်​ရ​လိမ့်​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ကျောက်​ကြား​တို့၌​နေ၍ မြင့်​သော​အ​ရပ်​ကို ခို​လှုံ​လျက်၊ ငါ့​ကို​မြေ​သို့ အ​ဘယ်​သူ​နှိမ့်​ချ​နိုင်​သ​နည်း​ဟု အောက်​မေ့​သော​သူ ဖြစ်​သော​ကြောင့်၊ သင်၏​မာ​န​သည် သင့်​ကို လှည့်​စား​ပြီ။

ထို​မြို့​က၊ ငါ​ရှိ၏။ ငါ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​ရှိ​ဟု ဆို​လျက် သော​က​နှင့် ကင်း​လွတ်၍ ဝမ်း​မြောက်​လျက် နေ​ဖူး​သော​မြို့ ဖြစ်​ပါ​သည်​တ​ကား။ ယ​ခု​မှာ သုတ်​သင်​ပယ်​ရှင်း​ရာ၊ သား​ရဲ​အိပ်​ရာ​အ​ရပ် ဖြစ်​ပါ​သည်​တ​ကား။ လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည် ကဲ့​ရဲ့​သံ​ကို​ပြု၍ လက်​ဖျား​ခါ​ကြ​လိမ့်​မည်။

အ​သက်​အ​ရွယ်​နု​ပျို​သော မု​ဆိုး​မ​တို့​ကို ပယ်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ခ​ရစ်​တော်၏ ဆုံး​မ​ခြင်း​ကို သည်း​မ​ခံ။ အိမ်​သင့်​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊-

အ​ကြောင်း​မူ​ကား၊ လူ​မျိုး​အ​ပေါင်း​တို့​သည် သူ၏ မ​တ​ရား​သော မေ​ထုန်၏ အ​ဆိပ်​အ​တောက် တည်း​ဟူ​သော​စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ။ လော​ကီ​ရှင်​ဘု​ရင်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို သူ​နှင့်​ပြု​ကြ​ပြီ။ လော​ကီ​ကုန်​သည်​တို့​သည် သူ၏ ကာ​မ​ဂုဏ်​စည်း​စိမ် ကြွယ်​ဝ​ခြင်း​အား​ဖြင့် ဥ​စ္စာ​ရ​တတ်​ကြ​ပြီ​ဟု ပြော​ဆို၏။

မ​တ​ရား​သော​မေ​ထုန်​ကို သူ​နှင့်​ပြု၍ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​သော လော​ကီ​ရှင်​ဘု​ရင်​တို့​သည်၊ သူ​ကျွမ်း​လောင်​ရာ မီး​ခိုး​ကို မြင်​သော​အ​ခါ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ