ဗျာဒိတ် 18:22Judson Bibleစောင်းသမား၊ အငြိမ့်သမား၊ ပုလွေသမား၊ တံပိုးသမားများ တီးမှုတ်သောအသံလည်း သင့်အထဲ၌ နောက်တစ်ဖန် မမြည်ရ။ အမျိုးမျိုးသော လက်တတ်သမားတို့တွင် တစ်ယောက်မျှ သင့်အထဲ၌ နောက်တစ်ဖန် မပေါ်မရှိရ။ ကြိတ်ဆုံသံလည်း သင့်အထဲ၌ နောက်တစ်ဖန် မမြည်ရ။- အခန်းကိုကြည့်ပါ။ |
နောက်တစ်ဖန် ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ချီးမွမ်းကြလော့ဟုဆိုသော သူတို့၏အသံ၊ ချီးမွမ်းရာပူဇော်သကာကို ဗိမာန်တော်သို့ဆောင်ခဲ့သော သူတို့၏ အသံကို ကြားရကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်းသွားခြင်းကိုခံရသော ပြည်သားတို့ကို ငါဆောင်ခဲ့၍၊ အရင်ကဲ့သို့ နေစေမည်ဟု မိန့်တော်မူ၏။