သင်သည် အလွန်တပ်မတ်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ။ ဆူဖြိုးသောအရာ၊ တင့်တယ်သော အရာရှိသမျှတို့လည်း ပျောက်ကုန်ပြီ။ နောက်တစ်ဖန် မတွေ့ရ။-
တော၌ အလွန်တပ်မက်၍၊ လူဆိတ်ညံရာအရပ်၌ ဘုရားသခင်ကို စုံစမ်းကြ၏။
မိမိတို့အလိုအလျောက် အစာကိုတောင်း၍ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို စုံစမ်းကြ၏။
တောင့်တသောသူတို့ကို သင်္ဂြိုဟ်ရာထိုအရပ်ကို ကိဗြုတ်ဟတ္တဝါဟူသော အမည်ဖြင့်မှည့်လေ၏။
ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက်ပါသော တစ်ပါးအမျိုးသားတို့သည် တောင့်တသောစိတ်စွဲလမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တစ်ဖန်ငိုကြွေးလျက် ငါတို့စားစရာဖို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း။
သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှာ သွားသလော။ နူးညံ့သော အဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။-
ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေးအား မိန့်တော်မူ၏။-
အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကိုလည်းကောင်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကိုလည်းကောင်း အောက်မေ့လော့။ ယခုမူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာကို ခံရ၏။-
ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှာ၊ ထိုအကြောင်းအရာတို့သည် ငါတို့အဖို့ ပုံသက်သေ ဖြစ်ကြ၏။-
သင်တို့သည် တပ်မက်၍မရကြ။ လူအသက်ကို သတ်၍လည်းကောင်း၊ အလွန်လိုချင်သော လောဘစိတ်ရှိ၍လည်းကောင်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်း ပြု၍မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲ နေကြ၏။-
သစ်ကြံပိုး၊ အမေမုန်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ရည်၊ ဆီ၊ မုန့်ညက်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံကျွန်၊ လူဝိညာဉ်တို့ကို အဘယ်သူမျှ နောက်တစ်ဖန် မဝယ်ရ။-
သူ့ကိုအမှီပြု၍ ထိုအရာများကို ရောင်းဝယ်သဖြင့်၊ ငွေရတတ်သော ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊-