Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 17:8

Judson Bible

ယ​ခု​မြင်​သော သား​ရဲ​သည် ဖြစ်​ဖူး​ပြီ၊ ဖြစ်​ဆဲ​မ​ရှိ၊ အ​နက်​ဆုံး​သော တွင်း​ထဲ​က​တက်၍ ဖျက်​ဆီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ က​မ္ဘာ​ဦး​က​ပင် အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား​တို့​သည် ဖြစ်​ဖူး၍၊ ဖြစ်​ဆဲ​မ​ရှိ၊ ဖြစ်​လ​တ္တံ့​သော​သား​ရဲ​ကို မြင်​ရ​သော​အ​ခါ၊ အံ့​ဩ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

အ​သက်​ရှင်​သော​သူ​တို့​စာ​ရင်း၌ သူ​တို့​နာ​မည်​များ​ကို​ချေ၍၊ ဖြောင့်​မတ်​သော​သူ​တို့​နှင့်​အ​တူ မ​ရေး​မ​မှတ်​ပါ​စေ​နှင့်။

ပင်​လယ်​ကြား​မှာ ဘုန်း​ကြီး၍ သန့်​ရှင်း​သော​တောင်​ပေါ်၌ စံ​ရာ​တဲ​တော်​ကို တည်​ဆောက်​ပြီး​လျှင် အ​ဘယ်​သူ​မျှ​မ​စ​ခြင်း​ငှာ မ​တတ်​နိုင်၍ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။

ထို​အ​ခါ ချို​ငယ်​ပြော​သော စ​ကား​ကြီး​အ​သံ​ကြောင့် ငါ​ကြည့်​ရှု၍ နေ​စဉ်၊ ထို​သား​ရဲ​အ​သက်​ကို သတ်​ပြီး​လျှင် သူ၏​ကိုယ်​ကို မီး​ရှို့၍ ဖျက်​ဆီး​ကြ၏။

ထို​နောက်​မှ တ​ရား​စီ​ရင်​ခြင်း ဖြစ်​လိမ့်​မည်။ ထို​အ​ခါ သူ၏​တန်​ခိုး​အာ​ဏာ​ကို​နုတ်၍ ရှင်း​ရှင်း ဖျက်​ဆီး​ကြ​လိမ့်​မည်။

သ​ဏ္ဌာန်​ချင်း​မ​တူ​သော သား​ရဲ​လေး​ကောင်​တို့​သည် သ​မု​ဒ္ဒ​ရာ​ထဲ​က ထွက်​လာ​ကြ၏။ ပ​ထ​မ​သား​ရဲ​သည် ခြင်္သေ့​နှင့်​တူ၏။ ရွှေ​လင်း​တ​အ​တောင်​လည်း​ရှိ၏။

ထို​ည​အ​ခါ၊ တစ်​ဖန်​ငါ​သည် အာ​ရုံ​ပြု​စဉ်၊ ကြီး​စွာ​သော ခွန်​အား​နှင့်​ပြည့်​စုံ၍ အ​လွန်​ကြောက်​မက်​ဖွယ်​သော စ​တု​တ္ထ​သား​ရဲ​သည် ထင်​ရှား၏။ ကြီး​စွာ​သော သံ​သွား​လည်း​ရှိ၏။ ကိုက်​စား​ချိုး​ဖဲ့၍ ကြွင်း​သော​အ​ရာ​ကို ခြေ​ဖြင့်​နင်း​ချေ၏။ သူ​သည် အ​ရင်​သား​ရဲ​ရှိ​သ​မျှ​တို့​ထက် ထူး​ခြား၏။ ချို​ဆယ်​ချောင်း​လည်း​ရှိ၏။

ထို​အ​ခါ လက်​ယာ​တော်​ဘက်၌​ရှိ​သော သူ​တို့​အား မင်း​ကြီး​က၊ ငါ့​ခ​မည်း​တော်​ထံ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​သော​သူ​တို့၊ က​မ္ဘာ​ဦး​က​ပင် သင်​တို့​အ​ဖို့ ပြင်​ဆင်​သော​နိုင်​ငံ​ကို လာ၍ အ​မွေ​ခံ​ကြ​လော့။-

သို့​သော်​လည်း နတ်​ဆိုး​ကို နိုင်​ရ​သော​ကြောင့်​သာ ဝမ်း​မြောက်​ခြင်း​မ​ရှိ​ကြ​နှင့်၊ သင်​တို့၏ နာ​မည်​များ​သည် ကောင်း​ကင်​စာ​ရင်း၌ ဝင်​သည်​ကို ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

အ​နက်​ဆုံး​သော အ​ရပ်​သို့​သွား​စေ​ခြင်း​ငှာ မ​နှင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။

အို အ​ဘ၊ ကိုယ်​တော်​သည် ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ အ​ကျွန်ုပ်​ကို​ချစ်၍ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​ဘုန်း​တော်​ကို အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​သည် ရှု​မြင်​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှိ​ရာ​အ​ရပ်၌ အ​ကျွန်ုပ်​နှင့်​အ​တူ ရှိ​နေ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​အ​လို​ရှိ​ပါ၏။-

ဤ​အ​မှု​အ​ရာ​တို့​ကို စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​ရှိ၏ ဟု​လာ​သ​တည်း။ ဘု​ရား​သ​ခင်​သည် က​မ္ဘာ​ဦး​မှ​စ၍ မိ​မိ​စီ​ရင်​တော်​မူ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို​သိ​တော်​မူ​သည်။-

ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ ငါ​တို့​ကို ခ​ရစ်​တော်၌ ရွေး​ကောက်​တော်​မူ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​ဘုံ​နှင့် ဆိုင်​သော​အ​ရာ​တို့၌ ခပ်​သိမ်း​သော ဓ​မ္မ​မင်္ဂ​လာ​တို့​ကို ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-

ထို​ခ​ရစ်​တော်​ကား၊ ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ ခန့်​ထား​တော်​မူ​ခြင်း​ကို ခံ​နှင့်​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သော သင်​တို့​အ​ဖို့၊ ဤ​နောက်​ဆုံး​သော​ကာ​လ၌ ထင်​ရှား​တော်​မူ​ပြီ။-

သူ​တို့​သည် သက်​သေ​ခံ​ပြီး​သော​အ​ခါ၊ အ​နက်​ဆုံး​သော​တွင်း​ထဲ​က တက်​သော သား​ရဲ​သည် သူ​တို့​ကို စစ်​တိုက်၍ အောင်​လိမ့်​မည်။ အ​သက်​ကို​သတ်​ပြီး​မှ၊-

ဖြစ်​ဖူး၍ ဖြစ်​ဆဲ​မ​ရှိ​သော သား​ရဲ​သည် ရှစ်​ပါး​မြောက်​သော ရှင်​ဘု​ရင်​ဖြစ်၏။ ခု​နစ်​ပါး​အ​ဝင်​လည်း ဖြစ်၏။ ဖျက်​ဆီး​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။-

လော​ကီ​ရှင်​ဘု​ရင်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို သူ​နှင့်​ပြု​ကြ​ပြီ။ မြေ​ကြီး​သား​တို့​သည် သူ၏ မ​တ​ရား​သော​မေ​ထုန်၏ စ​ပျစ်​ရည်​နှင့် ယစ်​မူး​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊-

သူ​တို့​ကို​လှည့်​ဖြား​သော မာရ်​နတ်​ကို​လည်း၊ သား​ရဲ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​ရှိ​ရာ၊ ကန့်​နှင့်​ရော​နှော​သော မီး​အိုင်​ထဲ​သို့ ချ​ပစ်​လျှင်၊ သူ​တို့​သည် နေ့​ည​မ​ပြတ် က​မ္ဘာ​အ​ဆက်​ဆက် ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို ခံ​ရ​ကြ​လ​တ္တံ့။

သေ​လွန်​သော​သူ အ​ကြီး​အ​ငယ်​တို့​သည် ပ​လ္လင်​တော်​ရှေ့​မှာ ရပ်​န​ကြ​သည်​ကို ငါ​မြင်၏။ စာ​စောင်​များ​ကို ဖွင့်​ထား၏။ အ​သက်​စာ​စောင်​တည်း​ဟူ​သော အ​ခြား​တစ်​ပါး​သော စာ​စောင်​ကို​လည်း ဖွင့်​လေ၏။ သေ​လွန်​သော​သူ​တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ စာ​စောင်​တို့၌ ရေး​ထား​ချက်​များ​နှင့်​အ​ညီ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။-

အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော​သူ ရှိ​သ​မျှ​တို့​ကို​လည်း မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။

သင်​သည် ငါ၏​သည်း​ခံ​ခြင်း​နှင့်​စပ်​ဆိုင်​သော နှုတ်​က​ပတ်​တ​ရား​ကို စောင့်​ရှောက်​သော​ကြောင့်၊ မြေ​ကြီး​အ​ပေါ်၌ နေ​သော​သူ​တို့​ကို စုံ​စမ်း​စေ​ခြင်း​ငှာ၊ လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ်​တို့​ကို နှံ့​ပြား​လ​တ္တံ့​သော စုံ​စမ်း​ရာ ကာ​လ​တွင်၊ သင့်​ကို ငါ​စောင့်​ရှောက်​မည်။-

ထို​သူ၏​နာ​မ​ကို အ​သက်​စာ​စောင်​မှ ငါ​သည် အ​လျှင်း​မ​ချေ။ ငါ့​ခ​မည်း​တော်​ရှေ့၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တော်​တို့ ရှေ့၌​လည်း​ကောင်း သူ၏​နာ​မ​ကို ငါ​ဝန်​ခံ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ