Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 17:6

Judson Bible

ထို​မိန်း​မ​သည် သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ ယေ​ရှု၏ သက်​သေ​ခံ​တို့၏ အ​သွေး​နှင့် ယစ်​မူး​သည်​ကို ငါ​မြင်၏။ ထို​သို့​မြင်​သော​အ​ခါ အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ငါ​ကြည့်​ရှု​စဉ်​တွင် အ​သက်​ကြီး​သော​သူ​သည် ရောက်​လာ​လျှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သော​သူ​တို့​အား စီ​ရင်​ရ​သော အ​ခွင့်​ကို ပေး၍၊

အ​မြင့်​ဆုံး​သော​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ကြီး​စွာ​သော စ​ကား​ကို ပြော​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သူ​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​လိမ့်​မည်။ ကာ​လ​အ​ချိန်​နှင့် ပ​ညတ်​တ​ရား​တို့​ကို ပြောင်း​လဲ​စေ​ခြင်း​ငှာ ကြံ​စည်​လိမ့်​မည်။ တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး သူ​သည် အ​ခွင့်​ရ​လိမ့်​မည်။

ကိုယ်​တော်​သည် ဒု​စ​ရိုက်​ကို ကြည့်​ရှု​တော်​မ​မူ။ သန့်​ရှင်း​သော မျက်​စိ​ရှိ​တော်​မူ၏။ အ​ဓ​မ္မ​အ​မှု​ကို ကြည့်​ရှု၍ နေ​တော်​မ​မူ​တတ်​ပါ။ သို့​ဖြစ်၍၊ သ​စ္စာ​ပျက်​သော​သူ​တို့​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု၍ နေ​တော်​မူ​သ​နည်း။ အ​ဓ​မ္မ​လူ​သည် မိ​မိ​ထက်​ဖြောင့်​မတ်​သော​သူ​ကို ကိုက်​စား​သော​အ​ခါ၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ နေ​တော်​မူ​သ​နည်း။

အ​ခြား​သော​သူ​မည်​သည်​ကား၊ ရှေ့​ဦး​စွာ ကောင်း​သော​စ​ပျစ်​ရည်​ကို ထည့်၍ ဝ​စွာ​သောက်​ကြ​ပြီး​မှ ညံ့​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​ရှိ၏။ သင်​မူ​ကား၊ ကောင်း​သော​စ​ပျစ်​ရည်​ကို ယ​ခု​တိုင်​အောင် သို​ထား​ပြီ​ဟု​ဆို၏။-

ကိုယ်​တော်၏ သက်​သေ​ခံ​ဖြစ်​သော သ​တေ​ဖန်၏ အ​သွေး​ကို သွန်း​သော​အ​ခါ အ​ကျွန်ုပ်​သည် အ​နား၌​နေ​လျက်၊ ကွပ်​မျက်​ခြင်း​အ​မှု​ကို ဝန်​ခံ၍၊ ကွပ်​မျက်​သော သူ​တို့၏​အ​ဝတ်​ကို စောင့်​နေ​ပါ၏​ဟု၊-

သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။-

သား​ရဲ၏ ရုပ်​တု​သည် စ​ကား​ပြော​နိုင်​မည် အ​ကြောင်း​နှင့်၊ မိ​မိ​ကို မ​ကိုး​ကွယ်​သော​သူ ရှိ​သ​မျှ​တို့​ကို သတ်​ခြင်း​ငှာ ပြု​နိုင်​မည်​အ​ကြောင်း၊ ရုပ်​တု၌ အ​သက်​ကို သွင်း​ပေး​ရ​သော အ​ခွင့်​ကို​လည်း​ရ၏။-

သန့်​ရှင်း​သူ​တို့​ကို စစ်​တိုက်၍ နိုင်​ရ​သော​အ​ခွင့် ကို​ရ၏။ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​ကို အုပ်​စိုး​ရ​သော အ​ခွင့်​ကို​လည်း​ရ၏။-

ထို​သူ​တို့​သည် သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ ပ​ရော​ဖက်​တို့၏ အ​သွေး​ကို သွန်း​လောင်း​ကြ​သည်​ဖြစ်၍၊ သူ​တို့​အား အ​သွေး​ကို တိုက်​တော်​မူ​ပြီ။ သူ​တို့​လည်း ခံ​ထိုက်​ကြ​ပါ၏​ဟု လျှောက်​ဆို​သည်​ကို ငါ​ကြား၏။-

သင်​အ​ကျင့်​ကျင့်​ခြင်း​ကို​လည်း​ကောင်း၊ စာ​တန်၏ ရာ​ဇ​ပ​လ္လင်​ရှိ​ရာ အ​ရပ်​တည်း​ဟူ​သော သင်၏​နေ​ရာ​အ​ရပ်​ကို​လည်း​ကောင်း ငါ​သိ၏။ စာ​တန်၏ နေ​ရာ​အ​ရပ်၌ သင်​တို့​တွင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော အ​န္တိ​ပ​သည် သ​စ္စာ​ရှိ၍ ငါ့​ဘက်၌​သက်​သေ​ခံ​ရ​သော နေ့​ရက်​ကာ​လ​တွင်​ပင်၊ သင်​သည် ငါ၏​နာ​မ​ကို စွဲ​ကိုင်၏။ ငါ၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို မ​စွန့်​မ​ပယ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ