ဗျာဒိတ် 15:1Judson Bibleတစ်ဖန်တုံ၊ ဘုရားသခင်၏ အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါး တည်းဟူသော၊ ကောင်းကင်၌ အံ့ဖွယ်သောနိမိတ်ကြီး အခြားတစ်ပါးကို ငါမြင်ရ၏။- အခန်းကိုကြည့်ပါ။ |
ထိုဘေးဒဏ်ကြောင့် မသေဘဲ ကြွင်းသောလူတို့သည် နတ်တို့ကိုလည်းကောင်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကိုလည်းကောင်း မကိုးကွယ်ဘဲ နေခြင်းငှာ၊ ကိုယ်လက်နှင့် လုပ်သော အရာများကို နောင်တမရဘဲနေကြ၏။-