Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 14:8

Judson Bible

ကောင်း​ကင်​တ​မန်​တစ်​ပါး​က​လည်း၊ ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ။ မိ​မိ​မ​တ​ရား​သော မေ​ထုန်၏ အ​ဆိပ်​အ​တောက်​တည်း​ဟူ​သော စ​ပျစ်​ရည်​ကို လူ​မျိုး​အ​ပေါင်း​တို့​အား တိုက်​လေ​ပြီး​သော ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ​ဟု လိုက်၍​ပြော​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဗာ​ဗု​လုန်​မြို့​ကို​ရည်​ဆောင်၍ အာ​မုတ်၏​သား​ဟေ​ရှာ​ယ​ခံ​ရ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊

ယ​ခု​မှာ နှစ်​စီး​စီ နှစ်​စီး​စီ ချီ​လာ​သော မြင်း​စီး​သူ​ရဲ​တပ်​ကို​မြင်​ပါ​သည်​ဟု ခြင်္သေ့​ကဲ့​သို့ ကြွေး​ကြော်၏။ သူ​က​လည်း၊ ဗာ​ဗု​လုန်​မြို့ ပြို​လဲ​ပြီ၊ ပြို​လဲ​ပြီ၊ သူ၏​ဘု​ရား​ရုပ်​တု​ဆင်း​တု​ရှိ​သ​မျှ​တို့​သည် မြေ​ပေါ်​မှာ ကျိုး​ပဲ့​လျက် ရှိ​ကြ​ပါ​သည်​ဟု ထပ်၍​ဆို​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​နှင့် ခါ​လ​ဒဲ​ပြည်​ကို​ရည်​မှတ်၍၊ ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့် မိန့်​တော်​မူ​သော စ​ကား​ဟူ​မူ​ကား၊

ဗာ​ဗု​လုန်​မြို့​သည် ဤ​သို့​နစ်​ရ​လိမ့်​မည်။ ငါ​ရောက်​စေ​သော ဘေး​ဥ​ပဒ်​ထဲ​က နောက်​တစ်​ဖန် မ​ထ​မြောက်​ရ။ မြို့​သူ​မြို့​သား​တို့​သည် အား​ကုန်​လျက် နေ​ရ​ကြ​လိမ့်​မည်​ဟု၊ မြွက်​ဆို​ရ​မည်​အ​ကြောင်း​ကို၊ ယေ​ရ​မိ​သည် မှာ​ထား​လေ၏။ ဤ​ရွေ့​ကား၊ ယေ​ရ​မိ​စ​ကား​ပေ​တည်း။

ဤ​မြို့​ကား၊ ငါ့​နိုင်​ငံ​တည်​ရာ၊ ငါ့​ရွှေ​ဘုန်း​တော်​ကို ချီး​မြှောက်​ရာ​ဖို့၊ ငါ့​တန်​ခိုး အာ​နု​ဘော်​အား​ဖြင့် ငါ​တည်​လုပ်​သော ဗာ​ဗု​လုန်​မြို့​ကြီး မ​ဟုတ်​လော​ဟု မြွက်​ဆို၏။

သင်၏​အ​နာ​မ​ပျောက်​နိုင်။ ပြင်း​စွာ​ခံ​ရ၏။ သင်၏​သ​တင်း​ကို ကြား​သ​မျှ​သော သူ​တို့​သည် သင့်​အ​ပေါ်​မှာ လက်​ခုပ်​တီး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို​မ​ခံ​ဘဲ လွတ်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ပ​ရော​ဖက်​နာ​ဟုံ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

သူ​တို့​သ​ခင်​သည် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော သော​ဒုံ​ဟူ၍​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ဟူ၍​လည်း​ကောင်း အ​တွင်း​အ​နက်​အား​ဖြင့် ခေါ်​ဝေါ်​သော မြို့​ကြီး၏​လမ်း၌ အ​လောင်း​ကောင်​တို့​သည် နေ​ရစ်​ကြ​လိမ့်​မည်။-

မြို့​ကြီး​သည် သုံး​ဖြာ​ကွဲ​ပြား၍ လူ​အ​မျိုး​မျိုး​နေ​သော မြို့​တို့​သည် ပြို​လဲ​ကြ၏။ ဘု​ရား​သ​ခင်​သည် ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​တော်၏ စ​ပျစ်​ရည်​ဖ​လား​ကို တိုက်​ခြင်း​ငှာ ဗာ​ဗု​လုန်​မြို့​ကြီး​ကို အောက်​မေ့​တော်​မူ၏။ ကျွန်း​ရှိ​သ​မျှ​တို့​သည် လွင့်​ပြေး​ကြ၏။ တောင်​များ​တို့​သည် ကွယ်​ပျောက်​ကြ၏။-

ယ​ခု​မြင်​သော မိန်း​မ​သည်​လည်း၊ လော​ကီ​ရှင်​ဘု​ရင်​တို့​ကို အုပ်​စိုး​သော မြို့​ကြီး​ဖြစ်​သ​တည်း​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။

စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ဟုတ်​မှန် ဖြောင့်​မတ်​ကြ၏။ မိ​မိ​မ​တ​ရား​သော မေ​ထုန်​အား​ဖြင့် မြေ​ကြီး​ကို ပုပ်​ပျက်​စေ​သော ပြည့်​တန်​ဆာ​ကြီး​ကို စစ်​ကြော​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​ကျွန်​တို့၏ အ​သွေး​ကို သူ၏ လက်​ဖြင့်​သွန်း​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ