Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 14:15

Judson Bible

ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန်​တော်​ထဲ​က ထွက်၍၊ ကိုယ်​တော်၏​တံ​စဉ်​ကို​လွှတ်၍ စ​ပါး​ကို ရိတ်​တော်​မူ​ပါ။ ရိတ်​ရ​သော​အ​ချိန် ရောက်​ပါ​ပြီ။ မြေ​ကြီး၌ ရိတ်​စ​ရာ​စ​ပါး မှည့်​ပါ​ပြီ​ဟု မိုး​တိမ်​ပေါ်​မှာ ထိုင်​သော​သူ​ကို ကြီး​သော​အ​သံ​နှင့် ဟစ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။

ဇိ​အုန်​မြို့​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့၏ ဖြောင့်​မတ်​ခြင်း​သည် ရောင်​ခြည်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏ ကယ်​တင်​ခြင်း​သည် ထွန်း​တောက်​သော ဆီ​မီး​ခွက်​ကဲ့​သို့​လည်း​ကောင်း မ​ထင်​ရှား​မီ​တိုင်​အောင် ထို​မြို့​အ​တွက် ငါ​သည် တိတ်​ဆိတ်​ငြိမ်​သက်​စွာ မ​နေ​ရ။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန် သ​တို့​သ​မီး​သည် စ​ပါး​နယ်​ရ​သော ကောက်​နယ်​တ​လင်း​ကဲ့​သို့ ဖြစ်၏။ စ​ပါး​ရိတ်​ရာ​အ​ချိန်​နီး​ပြီ။

ရိတ်​စ​ရာ​စ​ပါး မှည့်​သော​ကြောင့် တံ​စဉ်​ကို လွှတ်​ကြ​လော့။ စ​ပျစ်​သီး နယ်​ရာ​တန်​ဆာ​ပြည့်၍၊ စ​ပျစ်​ရည်​ကျင်း​တို့​သည် လျှံ​သော​ကြောင့် လာ​ကြ။ ဆင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​သည် ကြီး​လှ၏။

စ​ပါး​ရိတ်​သည်​ကာ​လ​တိုင်​အောင် အ​ပင်​နှစ်​မျိုး​တို့​သည် အ​တူ ကြီး​ပွား​ပါ​လေ​စေ။ စ​ပါး​ရိတ်​သည်​ကာ​လ ရောက်​လျှင်၊ တော​ပင်​တို့​ကို ရှေ့​ဦး​စွာ​ရွေး​နုတ်၍ မီး​ရှို့​ခြင်း​ငှာ စည်း​နှောင်​ကြ​လော့။ စ​ပါး​ကို​ကား ကျီ၌​စု​သိမ်း သွင်း​ထား​ကြ​လော့​ဟု ရိတ်​သော​သူ​တို့​အား ငါ​စီ​ရင်​မည်​ဟု အိမ်​ရှင်​ဆို​သည်​ဟု မိန့်​တော်​မူ၏။

တော​မျိုး​စေ့​ကို​ကြဲ​သော ရန်​သူ​ကား မာရ်​နတ်​ဖြစ်၏။ စ​ပါး​ရိတ်​သော​ကာ​လ​ကား ဤ​က​မ္ဘာ​ကုန်​သော​ကာ​လ ဖြစ်၏။ စ​ပါး​ရိတ်​သော​သူ​ကား ကောင်း​ကင်​တ​မန်​ဖြစ်၏။-

သို့​ဖြစ်၍ ဘိုး​ဘေး​တို့၏ အ​ကျင့်​ပ​မာ​ဏ​ကို မီ​အောင် ကျင့်​ကြ​လော့။-

အ​သီး​မှည့်၍ ရိတ်​ချိန်​ရောက်​သော​အ​ခါ၊ လယ်​ရှင်​သည် မ​ဆိုင်း​မ​လင့်၊ တံ​စဉ်​နှင့် ရိတ်​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။

တစ်​ပါး​အ​မျိုး​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​စေ​ခြင်း​ငှာ ငါ​တို့​သည် ဟော​ပြော​ကြ​သည်​ကို သူ​တို့​သည် ဆီး​တား၍၊ မိ​မိ​တို့​အ​ပြစ်​ကို အ​စဉ်​ပြည့်​စုံ​စေ​ကြ၏။ သူ​တို့​အ​ပေါ်၌ အ​မျက်​တော်​သည် အ​ကုန်​အ​စင် ရောက်​ရ၏။

တစ်​ဖန် ကောင်း​ကင်​ဘုံ၌ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ကို ဖွင့်​ထား၍၊ ဗိ​မာန်​တော်​ထဲ​မှာ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ထင်​ရှား​လေ၏။ လျှပ်​စစ်​ပြက်​ခြင်း၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​လုံး​ကြီး​စွာ​သော မိုး​သီး​ကျ​ခြင်း ဖြစ်​ကြ၏။-

ထို​သား​ရဲ​သည် သူ့​အ​ရင်​ဖြစ်​သော ပ​ထ​မ​သား​ရဲ၏ အာ​ဏာ​စက်​ရှိ​သ​မျှ​ကို သုံး​စွဲ၏။ သေ​စေ​သော ဒဏ်​ချက် ပျောက်​ခဲ့​ပြီး​သော ပ​ထ​မ​သား​ရဲ​ကို မြေ​ကြီး​မှ​စ၍ မြေ​ကြီး​သား​တို့​သည် ကိုး​ကွယ်​စေ​ခြင်း​ငှာ ပြု၏။-

တစ်​ဖန် ငါ​ကြည့်​လျှင်၊ ဖြူ​သော​မိုး​တိမ်​ရှိ၏။ လူ​သား​တော်​နှင့် တူ​သော​သူ​သည် ခေါင်း​တော်​ပေါ်၌ ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​လျက်၊ ထက်​သော တံ​စဉ်​ကို ကိုင်​လျက်၊ မိုး​တိမ်​ပေါ်​မှာ ထိုင်​တော်​မူ၏။-

မိုး​တိမ်​ပေါ်​မှာ ထိုင်​သော​သူ​သည် မိ​မိ​တံ​စဉ်​ကို မြေ​ကြီး၌​သွင်း၍ မြေ​ကြီး၏​စ​ပါး​ကို ရိတ်​တော်​မူ၏။-

ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကောင်း​ကင်​ဘုံ၌​ရှိ​သော ဗိ​မာန်​တော်​ထဲ​က ထွက်၍ သူ၌​လည်း ထက်​သော​တံ​စဉ်​ပါ၏။-

မီး​ကို​အ​စိုး​ရ​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ယဇ်​ပ​လ္လင်​ထဲ​က​ထွက်၍ ထက်​သော တံ​စဉ်​ပါ​သော သူ​ကို ကြီး​စွာ​သော ကြွေး​ကြော်​ခြင်း​နှင့် ခေါ်​လျက်၊ သင်၏ ထက်​သော​တံ​စဉ်​ကို လွှတ်၍ မြေ​ကြီး၏ စ​ပျစ်​သီး​ပြွတ်​တို့​ကို ရိတ်​လော့။ အ​သီး​မှည့်​ပြီ​ဟု ပြော​ဆို၏။-

ဘေး​ဒဏ်​ခု​နစ်​ပါး​ရှိ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​သည် စင်​ကြယ်​ပြောင်​လက်​သော ပိုက်​ဆန်​အ​ဝတ်​ကို ဝတ်​လျက်၊ ရင်၌ ရွှေ​ရင်​စည်း​ကို စည်း​လျက် ဗိ​မာန်​တော်​ထဲ​က ထွက်​လာ​ကြ၏။-

သ​တ္တ​မ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို အာ​က​သ​ကောင်း​ကင်​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ ပြီး​ပြီ​ဟု ကြီး​သော​အ​သံ​သည် ကောင်း​ကင်​ဗိ​မာန်​တော်၌ ရှိ​သော ပ​လ္လင်​တော်​ထဲ​က ထွက်၏။-

သူ​တို့​က​လည်း၊ သန့်​ရှင်း​ဟုတ်​မှန်၍ အ​စိုး​ပိုင်​တော်​မူ​သော​အ​ရှင်၊ မြေ​ပေါ်​မှာ​နေ​သော သူ​တို့​သည် ငါ​တို့​အ​သွေး​ကို သွန်း​ကြ​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​မ​ပေး​ဘဲ အ​ဘယ်​မျှ​လောက်​ကာ​လ​ပတ်​လုံး နေ​တော်​မူ​မည်​နည်း​ဟု ကြီး​မား​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ