Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 13:12

Judson Bible

ထို​သား​ရဲ​သည် သူ့​အ​ရင်​ဖြစ်​သော ပ​ထ​မ​သား​ရဲ၏ အာ​ဏာ​စက်​ရှိ​သ​မျှ​ကို သုံး​စွဲ၏။ သေ​စေ​သော ဒဏ်​ချက် ပျောက်​ခဲ့​ပြီး​သော ပ​ထ​မ​သား​ရဲ​ကို မြေ​ကြီး​မှ​စ၍ မြေ​ကြီး​သား​တို့​သည် ကိုး​ကွယ်​စေ​ခြင်း​ငှာ ပြု၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​သည် ဘု​ရား​သ​ခင်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​ဟူ၍​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မျှ​သော​အ​ရာ​တို့​ကို ရန်​ဘက်​ပြု၍၊ ကိုယ်​ကို ကိုယ်​ချီး​မြှောက်​သော​အား​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်၌ ဘု​ရား​သ​ခင်​ကဲ့​သို့ ထိုင်၍၊ ဘု​ရား​သ​ခင် ဖြစ်​ယောင်​ဆောင်​လျက် ကိုယ်​ကို​ပြ​သော​သူ ဖြစ်​သ​တည်း။

ထို​သို့ ငါ​မြင်​သော​သား​ရဲ​သည် ကျား​သစ်​နှင့် တူ၏။ သူ၏​ခြေ​သည် ဝံ​ခြေ​ကဲ့​သို့​ဖြစ်၏။ သူ၏​နှုတ်​သည်​လည်း ခြင်္သေ့​နှုတ်​ကဲ့​သို့​ဖြစ်၏။ န​ဂါး​သည် မိ​မိ​တန်​ခိုး​နှင့် မိ​မိ​ပ​လ္လင်​ကို​လည်း​ကောင်း၊ ကြီး​စွာ​သော အာ​ဏာ​စက်​ကို​လည်း​ကောင်း သား​ရဲ၌ အပ်​ပေး၏။-

ကွပ်​မျက်​သော​သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ က​မ္ဘာ​ဦး​က​ပင် စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား အ​ပေါင်း​တို့​သည် သား​ရဲ​ကို ကိုး​ကွယ်​ကြ၏။-

ထို​ညှဉ်း​ဆဲ​ခြင်း၏ မီး​ခိုး​သည် က​မ္ဘာ​အ​ဆက်​ဆက် တက်​လျက်​ရှိ၏။ သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို ကိုး​ကွယ်၍၊ သူ၏ နာ​မ​တံ​ဆိပ်​လက်​မှတ်​ကို ခံ​သော​သူ​တို့​သည် နေ့​ည​မ​ပြတ် သက်​သာ​မ​ရ​ကြ​ဟု၊ လိုက်၍ ကြီး​သော​အ​သံ​နှင့် ပြော​ဆို၏။-

ထို​မှ​တစ်​ပါး၊ တ​တိ​ယ​ကောင်း​ကင်​တ​မန်​က၊ အ​ကြင်​သူ​သည် သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို ကိုး​ကွယ်၍၊ သူ၏​တံ​ဆိပ်​လက်​မှတ်​ကို န​ဖူး၌ ခံ​သည်​ဖြစ်​စေ၊ လက်၌ ခံ​သည်​ဖြစ်​စေ၊-

ပ​ထ​မ​သူ​သည် သွား၍ မိ​မိ​ဖ​လား​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော လူ​တို့၌ အ​လွန်​ဆိုး​သော အ​နာ​စိမ်း​ပေါက်​လေ၏။-

ယ​ခု​မြင်​သော သား​ရဲ​သည် ဖြစ်​ဖူး​ပြီ၊ ဖြစ်​ဆဲ​မ​ရှိ၊ အ​နက်​ဆုံး​သော တွင်း​ထဲ​က​တက်၍ ဖျက်​ဆီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ က​မ္ဘာ​ဦး​က​ပင် အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား​တို့​သည် ဖြစ်​ဖူး၍၊ ဖြစ်​ဆဲ​မ​ရှိ၊ ဖြစ်​လ​တ္တံ့​သော​သား​ရဲ​ကို မြင်​ရ​သော​အ​ခါ၊ အံ့​ဩ​ကြ​လိမ့်​မည်။-

သား​ရဲ​ကို ဖမ်း​မိ​ကြ၏။ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍၊ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​တို့​ကို လှည့်​ဖြား၍ သား​ရဲ​ရှေ့၌ နိ​မိတ်​များ​ကို ပြ​တတ်​သော မိ​စ္ဆာ​ပ​ရော​ဖက်​ကို​လည်း ဖမ်း​မိ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော ထို​သူ​နှစ်​ဦး​ကို ကန့်​နှင့် လောင်​သော​မီး​အိုင်​ထဲ​သို့ ချ​ပစ်​ကြ၏။-

ပ​လ္လင်​များ​ကို​လည်း ငါ​မြင်၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​သော သူ​တို့​သည် တ​ရား​စီ​ရင်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။ သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို မ​ကိုး​ကွယ်၊ သူ၏ တံ​ဆိပ်​လက်​မှတ်​ကို န​ဖူး၌​မ​ခံ၊ လက်၌​မ​ခံ​ဘဲ​နေ၍ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​နှင့် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကြောင့်၊ လည်​ပင်း​ဖြတ်​ခြင်း​ကို ခံ​ရ​သော သူ​တို့၏ ဝိ​ညာဉ်​များ​ကို ငါ​မြင်၏။ သူ​တို့​သည် အ​သက်​ရှင်၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ စိုး​စံ​ရ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ