ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တစ်ချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်လည်းကောင်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့်လည်းကောင်း ပြည့်စုံ၏။