Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 11:7

Judson Bible

သူ​တို့​သည် သက်​သေ​ခံ​ပြီး​သော​အ​ခါ၊ အ​နက်​ဆုံး​သော​တွင်း​ထဲ​က တက်​သော သား​ရဲ​သည် သူ​တို့​ကို စစ်​တိုက်၍ အောင်​လိမ့်​မည်။ အ​သက်​ကို​သတ်​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အ​မြင့်​ဆုံး​သော​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ကြီး​စွာ​သော စ​ကား​ကို ပြော​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သူ​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​လိမ့်​မည်။ ကာ​လ​အ​ချိန်​နှင့် ပ​ညတ်​တ​ရား​တို့​ကို ပြောင်း​လဲ​စေ​ခြင်း​ငှာ ကြံ​စည်​လိမ့်​မည်။ တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး သူ​သည် အ​ခွင့်​ရ​လိမ့်​မည်။

ယ​ခု​နေ့​နှင့် နက်​ဖြန်​နေ့၌ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်၍ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ၏။ သုံး​ရက်​မြောက်​သော​နေ့၌ စုံ​လင်​ခြင်း​သို့ ရောက်​မည်​အ​ရာ​ကို ထို​မြေ​ခွေး​အား ပြော​ကြ​လော့။-

အ​နက်​ဆုံး​သော အ​ရပ်​သို့​သွား​စေ​ခြင်း​ငှာ မ​နှင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။

အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​ကို ဘုန်း​ထင်​ရှား​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆောင်​ရွက်​စ​ရာ​ဖို့ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​အ​မှု​ကို အ​ကျွန်ုပ်​ဆောင်​ရွက်၍ ပြီး​ပါ​ပြီ။-

ယေ​ရှု​သည် ပုံး​ရည်​ကို​ခံ​ပြီး​မှ၊ အ​မှု​ပြီး​ပြီ​ဟု မိန့်​တော်​မူ​လျက်၊ ခေါင်း​တော်​ကို ငိုက်​စိုက်​ညွှတ်၍ အ​သက်​တော်​ကို စွန့်​တော်​မူ၏။

သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ သ​ခင်​ယေ​ရှု၏​လက်​မှ ငါ​ခံ​ခဲ့​ပြီး​သော​ဓ​မ္မ​ဆ​ရာ အ​မှု​တည်း​ဟူ​သော ငါ​ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဝမ်း​မြောက်​စွာ ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ထို​ညှဉ်း​ဆဲ​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​သည်​ပ​မာ​ဏ​မ​ပြု၊ ကိုယ်​အ​သက်​ကို​လည်း နှ​မြော​ခြင်း​မ​ရှိ၊-

ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ငါ​ပြု​ပြီ။ ပြေး​ရ​သော​လမ်း​ကို အ​ဆုံး​တိုင်​အောင်​ပြေး​ပြီ။ ယုံ​ကြည် ခြင်း​တ​ရား​ကို စောင့်​ရှောက်​ပြီ။-

ငါ၏​သက်​သေ​ခံ​နှစ်​ပါး​ကို ငါ​အ​ခွင့်​ပေး​မည်။ သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ အ​ရက် တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​ပတ်​လုံး ပ​ရော​ဖက်​ပြု​ကြ​လိမ့်​မည်။-

န​ဂါး​သည် မိန်း​မ​ကို အ​ငြိုး​ထား၏။ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို ကျင့်၍ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို စွဲ​လမ်း​သော​သူ​တည်း​ဟူ​သော ထို​မိန်း​မ၌ ကြွင်း​သော အ​မျိုး​အ​နွယ်​ကို စစ်​တိုက်​ခြင်း​ငှာ သွား၏။-

အ​ခြား​သော သား​ရဲ​တစ်​ကောင်​သည်၊ သိုး​သ​ငယ်၏ ချို​နှင့်​တူ​သော ချို​နှစ်​ချောင်း​ရှိ၍၊ န​ဂါး​ကဲ့​သို့ စ​ကား​ပြော​လျက်၊ မြေ​ကြီး​ထဲ​က ထွက်​သည်​ကို ငါ​မြင်၏။-

သန့်​ရှင်း​သူ​တို့​ကို စစ်​တိုက်၍ နိုင်​ရ​သော​အ​ခွင့် ကို​ရ၏။ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​ကို အုပ်​စိုး​ရ​သော အ​ခွင့်​ကို​လည်း​ရ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ