Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 11:6

Judson Bible

ထို​သူ​တို့​သည် ပ​ရော​ဖက်​ပြု​သော နေ့​ရက်​ကာ​လ၌ မိုး​မ​ရွာ​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​ရ​သော​အ​ခွင့်၊ မြစ်​ရေ၊ တွင်း​ရေ​ကို အ​သွေး​ဖြစ်​စေ ရ​သော​အ​ခွင့်၊ မိ​မိ​တို့​အ​လို​ရှိ​သ​မျှ​သော အ​ခါ၌ ဘေး​အ​မျိုး​မျိုး​ဖြင့် မြေ​ကြီး​ကို ဒဏ်​ခတ်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​က၊ ငါ​ကိုး​ကွယ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​အ​ခွင့်​မ​ရှိ​ဘဲ အင်​တန်​ကာ​လ​ပတ်​လုံး မိုး​မ​ရွာ၊ နှင်း​မ​ကျ​ရ​ဟု အာ​ဟပ်​မင်း​အား​မြွက်​ဆို၏။

ငါ​အ​မှန်​ဆို​ပြန်​သည်​ကား၊ ပ​ရော​ဖက် ဧ​လိ​ယ​လက်​ထက်၌ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မိုး​ခေါင်၍၊ ပြည်​နိုင်​ငံ​တစ်​လျှောက်​လုံး အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း ရှိ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော မု​ဆိုး​မ​အ​များ ရှိ​ကြ၏။-

ငါ၏​သက်​သေ​ခံ​နှစ်​ပါး​ကို ငါ​အ​ခွင့်​ပေး​မည်။ သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ အ​ရက် တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​ပတ်​လုံး ပ​ရော​ဖက်​ပြု​ကြ​လိမ့်​မည်။-

ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို ပင်​လယ်​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ ပင်​လယ်​သည် လူ​သေ၏ အ​သွေး​ကဲ့​သို့​သော အ​သွေး​ဖြစ်၏။ ပင်​လယ်၌ အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် သေ​ကြ၏။-

တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို မြစ်​ပေါ်​သို့​လည်း​ကောင်း၊ စမ်း​ရေ​တွင်း ပေါ်​သို့​လည်း​ကောင်း သွန်း​လောင်း​လျှင် ထို​အ​ရာ​တို့​သည် အ​သွေး​ဖြစ်​ကြ၏။-

ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ မီး​လောင်​သော တောင်​ကြီး​ကို ပင်​လယ်​ထဲ​သို့ ချ​လိုက်​သ​ကဲ့​သို့ ဖြစ်၍၊ ပင်​လယ်​သုံး​စု​တစ်​စု​သည် အ​သွေး​ဖြစ်၏။-

ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ တန်​ခိုး​ကြီး​သော ဤ​ဘု​ရား​သ​ခင်၏​လက်​မှ ငါ​တို့​ကို အ​ဘယ်​သူ ကယ်​တင်​လိမ့်​မည်​နည်း။ တော၌ အဲ​ဂု​တ္တု​လူ​တို့​ကို ဘေး​အ​ပေါင်း​နှင့် ဒဏ်​ခတ်​သော​ဘု​ရား​ကား၊ အ​ခြား​မ​ဟုတ် ဤ​ဘု​ရား​ပေ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ