Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 11:12

Judson Bible

ကောင်း​ကင်​က​ထွက်​သော အ​သံ​ကြီး​ကား၊ ဤ​အ​ရပ်​သို့ တက်​ကြ​လော့​ဟု မိ​မိ​တို့​အား ပြော​ဆို​သည်​ကို သူ​တို့​သည်​ကြား​လျှင်၊ မိုး​တိမ်​ဖြင့် ကောင်း​ကင်​သို့ တက်၍ ရန်​သူ​တို့​သည် မြင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​ကို လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ ချီ​တော်​မူ​ချိန်​နီး​သော​အ​ခါ၊ ဧ​လိ​ယ​သည် ဧ​လိ​ရှဲ​နှင့်​အ​တူ ဂိ​လ​ဂါ​လ​မြို့​သို့ သွား၏။

ထို​သို့ နှုတ်​ဆက်​လျက်​သွား​ကြ​စဉ်​တွင်၊ မီး​ရ​ထား​နှင့် မီး​မြင်း​တို့​သည် ပေါ်​လာ၍ ထို​သူ​နှစ်​ယောက်​တို့​ကို ခွဲ​ခွာ​သ​ဖြင့်၊ ဧ​လိ​ယ​သည် လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ တက်​လေ၏။

ထို​မြို့၌​ရှိ​သော ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ထံ​သို့​လာ၍ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​သ​ခင်​ကို ကိုယ်​တော်​ခေါင်း​မှ၊ ယ​နေ့ နုတ်​သွား​တော်​မူ​မည်​ကို သိ​တော်​မူ​သ​လော​ဟု မေး​လျှင်၊ ဟုတ်​ကဲ့ ငါ​သိ၏။ တိတ်​ဆိတ်​စွာ နေ​ကြ​ပါ​ဟု ပြော​ဆို၏။

ပ​ရော​ဖက်​အ​မျိုး​သား​ငါး​ကျိပ်​တို့​သည် အ​ဝေး​က​ကြည့်​ရှု​ခြင်း​ငှာ သွား၍​ရပ်​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် ယော်​ဒန်​မြစ်​နား​မှာ ရပ်​နေ​ကြ၏။

မ​တ​ရား​သော​သူ​တို့​သည် မြင်၍၊ နာ​ကြင်​သော​စိတ် ရှိ​ကြ​လိမ့်​မည်။ အံ​သွား​ခဲ​ကြိတ်၍ ပိန်​ချုံး​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့၏​အ​လို​သည် ပျက်​စီး​ရ​လိမ့်​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ တဲ​တော်၌ အ​ဘယ်​သူ​သည် တည်း​ရ​ပါ​မည်​နည်း။ သန့်​ရှင်း​သော​တောင်​တော်​ပေါ်​မှာ အ​ဘယ်​သူ​သည် နေ​ရ​ပါ​မည်​နည်း​ဟူ​မူ​ကား၊

ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်​ပေါ်​သို့ အ​ဘယ်​သူ​သည် တက်​ရ​မည်​နည်း။ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ဘယ်​သူ​သည် ရပ်​နေ​ရ​မည်​နည်း​ဟူ​မူ​ကား၊

အ​ကျွန်ုပ်​အား ကောင်း​သော​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့​သည် မြင်၍ ရှက်​ကြောက်​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​မ​စ၍ ချမ်း​သာ​ပေး​တော်​မူ၏။

သူ​တို့​ရ​ထား​အ​သွား​ခက်​စေ​ခြင်း​ငှာ ရ​ထား​ဘီး​များ​ကို ချို့​တဲ့​စေ​တော်​မူ၏။ အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ဣ​သ​ရေ​လ​လူ​တို့​ထံ​မှ ပြေး​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ဘက်၊ အဲ​ဂု​တ္တု​လူ​တို့​တစ်​ဖက်၌ စစ်​တိုက်​သည်​ဟု​ပြော​ဆို​ကြ​၏။

သင်​က​လည်း၊ ကောင်း​ကင်​ပေါ်​သို့ ငါ​တက်​မည်။ ဘု​ရား​သ​ခင်၏​ကြယ်​တို့​အ​ပေါ်​မှာ ငါ့​ပ​လ္လင်​ကို ငါ​ချီး​မြှောက်​မည်။ မြောက်​မျက်​နှာ​ဘက်၊ ဗျာ​ဒိတ်​တော်​တောင်​ပေါ်​မှာ ငါ​ထိုင်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။

မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​တို့​အိမ်​သို့​ပျံ​သော ချိုး​များ​ကဲ့​သို့​လည်း​ကောင်း ပျံ​လာ​သော ဤ​သူ​တို့​ကား၊ အ​ဘယ်​သူ ဖြစ်​ကြ​လိမ့်​မည်​နည်း။

တစ်​ဖန် သင်​တို့​သည် ပြောင်း​လဲ၍ ဖြောင့်​မတ်​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို ဆောင်​သော​သူ၊ မ​ဆောင်​သော​သူ​တို့​ကို ပိုင်း​ခြား၍ သိ​ရ​ကြ​လိမ့်​မည်။

မ​ရ​ဏ​နိုင်​ငံ၌ ပြင်း​ပြ​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​ရ​လျက် မျှော်​ကြည့်၍၊ အာ​ဗြ​ဟံ​ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ၏ ရင်​ခွင်၌ လာ​ဇ​ရု​ကို​လည်း​ကောင်း အ​ဝေး​က​မြင်​လျှင်၊-

တ​မန်​တော်​တို့​သည် ကြည့်​ရှု​လျက်​နေ​ကြ​စဉ်၊ သ​ခင်​ဘု​ရား​သည် အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ မိုး​တိမ်​သည် ကိုယ်​တော်​ကို မျက်​ကွယ်​အောင် ခံ​ယူ​လေ၏။-

ထို​အ​ခါ အ​သက်​ရှင်၍ ကျန်​ကြွင်း​သော​ငါ​တို့​သည် အာ​ကာ​သ​ကောင်း​ကင်၌ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ရောက်​စေ​ခြင်း​ငှာ၊ ထို​သူ​တို့​နှင့်​တ​ကွ မိုး​တိမ်​ပေါ်​သို့ ချီ​ဆောင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​မ​ပြတ် နေ​ရ​ကြ​လိမ့်​မည်။-

ထို​မိန်း​မ​သည် လူ​မျိုး​တ​ကာ​တို့​ကို သံ​လှံ​တံ​နှင့် အုပ်​စိုး​လ​တ္တံ့​သော သား​ယောက်ျား​ကို ဖွား​မြင်၏။ ထို​သား​ကို ဘု​ရား​သ​ခင်​ထံ​သို့​လည်း​ကောင်း၊ ပ​လ္လင်​တော်​သို့​လည်း​ကောင်း ချီ​ယူ​တော်​မူ၏။-

ငါ​သည်​အောင်​မြင်၍ ငါ့​ခ​မည်း​တော်၏ ပ​လ္လင်​တော်​ပေါ်​မှာ ခ​မည်း​တော်​နှင့်​အ​တူ ထိုင်​နေ​သ​ကဲ့​သို့၊ အောင်​မြင်​သော​သူ​သည် ငါ၏​ပ​လ္လင်​ပေါ်​မှာ ငါ​နှင့်​အ​တူ ထိုင်​နေ​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်။-

ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ ကောင်း​ကင်၌ တံ​ခါး​ဖွင့်​ထား​လျက်​ရှိ၏။ ရှေ့​ဦး​စွာ​ကြား​ရ​သော အ​သံ​ဟူ​မူ​ကား၊ ဤ​အ​ရပ်​သို့ တက်​လော့။ နောင်​ကာ​လ၌ ဖြစ်​ရ​မည်​အ​ရာ​တို့​ကို ငါ​ပြ​မည်​ဟု ငါ​နှင့်​ပြော​လျက်​ရှိ​သော တံ​ပိုး​ခ​ရာ​သံ​ကဲ့​သို့ မြည်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ