ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှာ ငါသည်လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနစ်လုံးကိုလည်းကောင်း၊-
မီးခွက်ခုနစ်လုံးကိုလည်း လုပ်ရမည်။ စားပွဲကိုလင်းစေခြင်းငှာ ထိုမီးခွက်ကို ထွန်းရမည်။
မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးညှပ်ခံစရာခွက်များကိုလည်း ရွှေစင်နှင့်လုပ်လေ၏။
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မြို့ကို ဟစ်ခေါ်တော်မူ၏။ ပညာရှိသောသူသည် နာမတော်ကို ကြောက်ရွံ့ရ၏။ ဆုံးမခြင်းကိုလည်းကောင်း၊ စီရင်သောသူသည် အဘယ်သူ ဖြစ်သည်ကိုလည်းကောင်း နားထောင်ကြလော့။
သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးလျှင်၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီမီးခုံကို မြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတစ်လုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံး ဆက်သော ပြွန်တံခုနစ်တံရှိပါ၏။
ထိုမီးခွက်ခုနစ်လုံးအလယ်၌ လူသားတော်နှင့် တူသော သူတစ်ဦးကိုလည်းကောင်း မြင်၏။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။-
ထိုကြောင့်၊ သင်သည် မြင်ပြီးသော အရာတို့ကိုလည်းကောင်း၊ ယခုရှိသော အရာတို့ကိုလည်းကောင်း၊ နောင်ဖြစ်လတ္တံ့သော အရာတို့ကိုလည်းကောင်း ရေးထားလော့။-
ငါ့လက်ယာလက်၌ ထင်ရှားသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါးဖြစ်၏။ ကြယ်ခုနစ်လုံးသည်လည်း ထိုခုနစ်ပါးသော အသင်းတော်တို့ကို အုပ်သောတမန်ဖြစ်ကြ၏။
ဧဖက်မြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ ရေး၍မှာ လိုက်လော့။ လက်ယာလက်၌ ကြယ်ခုနစ်လုံးကိုကိုင်၍၊ ရွှေမီးခွက်ခုနစ်လုံးအလယ်၌ သွားလာသောသူ၏ အမိန့်တော်ကား၊ သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်းခံခြင်းကို ငါသိ၏။-
ထိုနောက်မှ ငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက်ရှိ၏။ ရှေ့ဦးစွာကြားရသော အသံဟူမူကား၊ ဤအရပ်သို့ တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့်ပြောလျက်ရှိသော တံပိုးခရာသံကဲ့သို့ မြည်လေ၏။-