Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဖိ​လေ​မုန် 1:24

Judson Bible

ငါ၏ လုပ်​ဖော်​ဆောင်​ဖက် မာ​ကု၊ အာ​ရိ​တ္တာ​ခု၊ ဒေ​မ၊ လု​ကာ​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

လူ​များ​စု​ဝေး၍ ဆု​တောင်း​ရာ၊ မာ​ကု​အ​မည်​သစ်​ကို​ရ​သော ယော​ဟန်၏​အ​မိ​ဖြစ်​သော မာ​ရိ၏​အိမ်​သို့​ရောက်၍၊-

ဗာ​န​ဗ​နှင့် ရှော​လု​တို့​သည် လုပ်​ကျွေး​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ပြီး​လျှင်၊ မာ​ကု​အ​မည်​သစ်​ကို​ရ​သော ယော​ဟန်​ကို​လည်း ခေါ်​ခဲ့၍ ယေ​ရု​ရှ​လင်​မြို့​မှ​ပြန်​ကြ၏။

ပေါ​လု​နှင့် ပါ​သော​သူ​တို့​သည် ပါ​ဖု​မြို့​မှ​လွှင့်၍ ပမ်​ဖု​လိ​ပြည်၊ ပေ​ရ​ဂေ​မြို့​သို့​ရောက်​ကြ​လျှင်၊ ယော​ဟန်​သည် သူ​တို့​ထံ​မှ​ထွက်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​လေ၏။-

တစ်​မြို့​လုံး ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ ပေါ​လု​နှင့်​အ​တူ ဒေ​သ​စာ​ရီ လှည့်​လည်​သော မာ​ကေ​ဒေါ​နိ​လူ ဂါ​ယု​နှင့် အာ​ရိ​တ္တာ​ခု​တို့​ကို ဆွဲ​ယူ​ပြီး​လျှင်၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ညီ​ညွတ်​စွာ တစ်​ဟုန်​တည်း​ပြေး​ဝင်​ကြ၏။-

အာ​ဒြ​မု​တ္တိ သင်္ဘော​ကို​စီး၍ အာ​ရှိ​ပြည်​နား​သို့ လျှောက်​သွား​မည်​အ​ကြံ​နှင့် လွှင့်​ကြ၏။ အာ​ရိ​တ္တ​ခု​အ​မည်​ရှိ​သော မာ​ကေဒေါ​နိ​ပြည်​သက်သာ​လော​နိတ်​မြို့​သား​သည် ငါ​တို့​နှင့်​ပါ၏။-

တိ​တု​သည် အ​ဘယ်​သို့​သော​သူ​နည်း​ဟု တစ်​စုံ​တစ်​ယောက်​မေး​လျှင် ငါ၏​အ​ပေါင်း​အ​ဖော်​ဖြစ်၏။ သင်​တို့​အ​မှု​ကို ငါ​နှင့်​အ​တူ ဆောင်​ရွက်​သော​သူ​လည်း ဖြစ်၏။ အ​ခြား​သော ညီ​အစ်​ကို​တို့​မူ​ကား၊ အ​ဘယ်​သို့​သော​သူ​နည်း​ဟု မေး​လျှင်၊ အ​သင်း​တော်​များ၏ တ​မန်​ဖြစ်​ကြ၏။ ခ​ရစ်​တော်၏​ဘုန်း​အ​သ​ရေ​လည်း ဖြစ်​ကြ၏။-

သို့​သော်​လည်း ဆောင်​ရွက်​ခြင်း၊ စစ်​တိုက်​ခြင်း​အ​မှု၌ ငါ၏​အ​ပေါင်း​အ​ဖော်၊ ငါ့​ကို​ပြု​စု​သော သူ​တည်း​ဟူ​သော သင်​တို့​တ​မန်၊ ငါ့​ညီ ဧ​ပ​ဖြော​ဒိတ်​ကို သင်​တို့​ရှိ​ရာ​သို့ ယ​ခု​စေ​လွှတ်​သင့်​သည်​ဟု ငါ​ထင်​မှတ်၏။-

အ​ချင်း ငါ့​လုပ်​ဖော်​ဆောင်​ဖက်​စစ်၊ သင့်ကို​လည်း ငါ​တောင်း​ပန်၏။ ငါ​နှင့် က​လေ​မင်​မှ​စ၍ အ​သက်​စာ​ရင်း​ဝင်​သော အ​ခြား​သော ငါ၏​လုပ်​ဖော်​ဆောင်​ဖက်​တို့​နှင့်​အ​တူ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​အ​မှု၌ ကူ​ညီ၍ ကြိုး​စား​အား​ထုတ်​သော မိန်း​မ​တို့​ကို မ​စ​ထောက်​ပံ့​ပါ​လော့။

ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော​သူ အာ​ရိ​တ္တာ​ခု၊ ဗာ​န​ဗ၏​ညီ​အစ်​ကို​တော်​မာ​ကု၊ ယု​တ္တု​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ မာ​ကု​အ​တွက် သင်​တို့​ကို ငါ​မှာ​လိုက်​ခဲ့​ပြီ။ သူ​သည် သင်​တို့​ဆီ​သို့ ရောက်​လာ​လျှင် လက်​ခံ​ကြ​လော့။-

ငါ​ချစ်​သော ဆေး​သ​မား​လု​ကာ​နှင့် ဒေ​မ​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-

ငါ့​သား​မာ​ကု​မှ​စ၍ ဗာ​ဗု​လုန်​မြို့၌​ရှိ​သော သင်​တို့​နှင့်​အ​တူ ရွေး​ချယ်​တော်​မူ​သော အ​သင်း​တော်​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-

ငါ​တို့​သည် သ​မ္မာ​တ​ရား​ကို ကူ​မ​သော​သူ ဖြစ်​အံ့​သော​ငှာ၊ ထို​သို့​သော​သူ​တို့​အား ဧည့်​သည်​ဝတ်​ကို ပြု​အပ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ