Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 4:18

Judson Bible

ယ​ခု​အ​ခါ အ​ရာ​ရာ၌ ငါ​ရ​တတ်၏။ ဥ​စ္စာ ကြွယ်​ဝ၏။ မွှေး​ကြိုင်​သော​အ​နံ့​နှင့် ပြည့်​စုံ၍၊ ဘု​ရား​သ​ခင် နှစ်​သက်​အား​ရ​တော်​မူ​သော ယဇ်​တည်း​ဟူ​သော သင်​တို့ ပေး​လိုက်​သော​အ​ရာ​တို့​ကို ဧ​ပ​ဖြော​ဒိတ်​လက်​မှ ငါ​ခံ​ရ​သည်​ဖြစ်၍ ကြွယ်​ဝ​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သိုး​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​သော​ယဇ်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​၏။

သ​စ္စာ​က​တိ​ရှိ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ အ​လို​လို​ပူ​ဇော်​သော်​လည်း​ကောင်း၊ ပွဲ​သ​ဘင်​ခံ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော အ​ခြား​သော​ယဇ်​ကို မီး​ဖြင့်​ပူ​ဇော်၍ သိုး​နွား​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ကို​ပြု​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊

မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း

ကောင်း​ကင်​တ​မန်​ကို စေ့​စေ့​ကြည့်​လျှင် ထိတ်​လန့်​ခြင်း​ရှိ​သည် ဖြစ်၍၊ သ​ခင်၊ အ​ဘယ်​အ​ခင်း​ရှိ​ပါ​သ​နည်း​ဟု မေး​သော်၊ ကောင်း​ကင်​တ​မန်​က၊ သင်​ပြု​သော​ဆု​တောင်း​ပ​တ္ထ​နာ​နှင့် စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အောက်​မေ့​စ​ရာ​ဖို့ တက်​ကြ​ပြီ။-

ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​ခြင်း​လ​က္ခ​ဏာ၊ သန့်​ရှင်း​ခြင်း​လ​က္ခ​ဏာ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​သော​ယဇ်​ကို သင်​တို့​သည် ပူ​ဇော်၍၊ မိ​မိ​ကိုယ်​ခ​န္ဓာ​ကို ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ခြင်း​တည်း​ဟူ​သော သင်​တို့​ပြု​အပ်​သော​ဝတ်​ကို ပြု​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​ကို ထောက်​ထား၍၊ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပေ၏။-

သင်​တို့​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ အ​ခြား​သော​အ​သင်း​တော်​များ ပေး​သော​စ​ရိတ်​ကို ငါ​ခံ၍၊ သူ​တို့​ကို လု​ယူ​ရာ​သို့ ရောက်​လေ​ပြီ​တ​ကား။-

အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဤ​လုပ်​ကျွေး​ခြင်း​အ​မှု​သည် သန့်​ရှင်း​သူ​တို့၏ ဆင်း​ရဲ​ခြင်း​ကို မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စ​ရာ​အ​ကြောင်း အ​များ​နှင့် ပြည့်​စုံ​လျက်​ရှိ၏။-

ခ​ရစ်​တော်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မွှေး​ကြိုင်​သော အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​ဆက်​ကပ်၍ ယဇ်​ပူ​ဇော်​လျက်၊ ငါ​တို့​အ​တွက် စွန့်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် မေ​တ္တာ​တ​ရား၌ ကျင်​လည်​ကြ​လော့။

ရှုတ်​ချ​ခြင်း​ကို​လည်း​ကောင်း၊ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ခံ​တတ်၏။ ဝ​စွာ​စား​ခြင်း၊ မွတ်​သိပ်​ခြင်း၊ စည်း​စိမ်​ရှိ​ခြင်း၊ ဆင်း​ရဲ​ခြင်း​တို့​ကို ခံ​ရ​အံ့​သော​ငှာ၊ အ​ရပ်​ရပ်​တို့​တွင် အ​ရာ​ရာ၌ သင်​မိ​ပြီ။-

ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် အ​လွန်​တိုး​ပွား၍၊ လူ​တိုင်း​အ​သီး​အ​သီး​တို့​သည် အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည် ပြု​သင့်​သည်​အ​တိုင်း သင်​တို့​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။

ကျေး​ဇူး​ပြု​ခြင်း၊ ဥ​စ္စာ​ဝေ​မျှ​ခြင်း​အ​မှု​တို့​ကို မ​မေ့​မ​လျော့​ကြ​နှင့်။ ထို​သို့​သော​ယဇ်​ကို ဘု​ရား​သ​ခင်​သည် အား​ရ​နှစ်​သက်​တော်​မူ၏။

အ​သက်​ကျောက်​များ​ကဲ့​သို့ အ​ဆင့်​ဆင့်​အ​ထပ်​ထပ် တည်​ဆောက်​လျက်​ရှိ​သ​ဖြင့် ဓ​မ္မ​တိုက်​ဖြစ်​ကြ၏။ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ရာ ဓ​မ္မ​ယဇ်​ကို​ပူ​ဇော်​ရ​သော သန့်​ရှင်း​သော ယဇ်​ပု​ရော​ဟိတ်​မျိုး​လည်း ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ