Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 4:14

Judson Bible

သို့​သော်​လည်း ဆင်း​ရဲ​ဒု​က္ခ​ကို​ငါ ခံ​ရ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ​နှင့်​ဆက်​ဆံ​သော​အား​ဖြင့် ကောင်း​မွန်​စွာ ပြု​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​တော်​တည်​ဆောက်​ခြင်း​ငှာ အ​ကြံ​ရှိ​သော​ကြောင့် ကောင်း​သော​အ​မှု​ကို ပြု​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​ကို​တည်​ဆောက်​ခြင်း​ငှာ အ​ကြံ​ရှိ​သော​ကြောင့်၊ ကောင်း​သော​အ​မှု​ကို ပြု​ပြီ။

အ​ရှင်​က​လည်၊ သာ​ဓု၊ သ​စ္စာ​ရှိ​သော ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌​ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။-

စေ​တ​နာ​စိတ်​ရှိ​သည်​ဟု ဆို​သော်၊ ထို​သူ​တို့​သည် ကျေး​ဇူး​တင်​သော​သူ ဖြစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဓ​မ္မ​ဥ​စ္စာ​ကို ယု​ဒ​အ​မျိုး​သား​တို့​နှင့် ဆက်​ဆံ၍​ခံ​ရ​သည်​မှန်​လျှင်၊ လော​ကီ​ဥ​စ္စာ​ကို လှူ၍ လုပ်​ကျွေး​အပ်၏။-

နှုတ်​က​ပတ်​တ​ရား​ကို သင်​သော​သူ​သည် သင်​ပေး​သော​သူ​အား ကောင်း​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။-

ရှိ​သ​မျှ​သော​သင်​တို့၏ အ​မှု​အ​ရာ၌ ဤ​သို့ ငါ​ယူ​အပ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အ​ပေါင်း​သည် ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ကျဉ်း​ခံ​ရ​သော်​လည်း​ကောင်း၊ ဧ​ဝံ​ဂ​လိ​တ​ရား​ဘက်၌ သက်​သေ​ခံ၍ ထို​တ​ရား​ကို တည်​စေ​သော်​လည်း​ကောင်း၊ သင်​တို့​ကို အောက်​မေ့၏။-

ယ​ခု​အ​ခါ အ​ရာ​ရာ၌ ငါ​ရ​တတ်၏။ ဥ​စ္စာ ကြွယ်​ဝ၏။ မွှေး​ကြိုင်​သော​အ​နံ့​နှင့် ပြည့်​စုံ၍၊ ဘု​ရား​သ​ခင် နှစ်​သက်​အား​ရ​တော်​မူ​သော ယဇ်​တည်း​ဟူ​သော သင်​တို့ ပေး​လိုက်​သော​အ​ရာ​တို့​ကို ဧ​ပ​ဖြော​ဒိတ်​လက်​မှ ငါ​ခံ​ရ​သည်​ဖြစ်၍ ကြွယ်​ဝ​လျက်​ရှိ၏။-

သူ​တစ်​ပါး​အား​ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​သော​အ​ကျင့်၌ ကြွယ်​ဝ​ပြည့်​စုံ​ခြင်း၊ စွန့်​ကြဲ​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ခြင်း၊ အ​ချင်း​ချင်း ဆက်​ဆံ​ခြင်း၊-

ထို​အ​ခါ သင်​တို့​သည် အ​ကျဉ်း​ခံ​ရ​သော သူ​တို့​အ​တွက်​ကြောင့် ကြင်​နာ​သော​စိတ် ရှိ​ရ​သည်​သာ​မ​က၊ ကိုယ်​ပ​စ္စည်း​ဥ​စ္စာ​များ​ကို သူ​တစ်​ပါး​လု​ယူ​ဖျက်​ဆီး​သော်​လည်း၊ ကိုယ်​သုံး​စ​ရာ​ဖို့ ကောင်း​ကင်​ဘုံ၌ သာ၍​မြတ်​သော အ​မြဲ​တည်​သော ဘ​ဏ္ဍာ​ရှိ​သည်​ကို​သိ၍၊ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝန်​ခံ​ကြ၏။-

ကျေး​ဇူး​ပြု​ခြင်း၊ ဥ​စ္စာ​ဝေ​မျှ​ခြင်း​အ​မှု​တို့​ကို မ​မေ့​မ​လျော့​ကြ​နှင့်။ ထို​သို့​သော​ယဇ်​ကို ဘု​ရား​သ​ခင်​သည် အား​ရ​နှစ်​သက်​တော်​မူ၏။

ယေ​ရှု​ခ​ရစ်၏ ဆင်း​ရဲ​ခြင်း​ဒု​က္ခ​မှ​စ၍ နိုင်​ငံ​တော်​ကို​လည်း​ကောင်း၊ သည်း​ခံ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ ဆက်​ဆံ​သော အ​ဖော်​အ​ဖက်၊ သင်​တို့​အစ်​ကို ငါ​ယော​ဟန်​သည်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကြောင့်၊ ပတ်​မု​ကျွန်း​မှာ နေ​ရ​စဉ်​တွင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ