Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 3:18

Judson Bible

အ​ကြောင်း​မူ​ကား၊ အ​ထက်​အ​ဖန်​ဖန် ငါ​ပြော၍၊ ယ​ခု​ပင် မျက်​ရည်​ကျ​လျက်​နှင့် ပြော​သည်​အ​တိုင်း၊ ခ​ရစ်​တော်၏ လက်​ဝါး​ကပ်​တိုင်​ကို ရန်​ဘက်​ပြု၍ ကျင့်​သော​သူ​အ​များ​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို​မ​စောင့်​သော​ကြောင့်၊ အ​ကျွန်ုပ်​မျက်​စိ​တို့​မှ မျက်​ရည်​သည် မြစ်​ရေ​ကဲ့​သို့ စီး​ပါ​၏။

ဤ​လူ​မျိုး၏​ဘာ​သာ​ဓ​လေ့​အ​တိုင်း၊ ငါ​မ​ကျင့်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ပြ​လျက်၊ ငါ့​ကို သွန်​သင်၍ မိန့်​တော်​မူ​သည်​ကား၊

သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်​မူ​ကား၊ သင်​တို့​မာ​န​ကြောင့်၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် မ​ထင်​ရှား​သော​အ​ရပ်၌ ငို​ကြွေး​မည်။ ထာ​ဝ​ရ​ဘု​ရား၏​သိုး​စု​ကို သိမ်း​သွား​သော​ကြောင့်၊ ငါ့​မျက်​စိ​လည်း အ​လွန်​ငို၍ မျက်​ရည်​ကျ​မည်။

ငါ၏​လူ​မျိုး​သ​တို့​သ​မီး​နှင့်​ဆိုင်​သော အ​သေ​ကောင်​များ​အ​တွက်၊ ငါ​သည်​နေ့​ည​မ​ပြတ် ငို​ရ​မည်​အ​ကြောင်း၊ ငါ့​ဦး​ခေါင်း​သည် ရေ​သက်​သက်၊ ငါ့​မျက်​စိ​တို့​သည် မျက်​ရည်​ထွက်​သော​စမ်း​ဖြစ်​ပါ​စေ​သော။

ယ​ခု​တွင် ငါ​နေ​ဗု​ခဒ်​နေ​ဇာ​သည် ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ထော​ပ​နာ​ပြု၏။ စီ​ရင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော အ​ရာ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ တ​ရား​နှင့် ညီ​လျော်​ကြ၏။ မာ​န​ထောင်​လွှား​သော သူ​တို့​ကို နှိမ့်​ချ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏​ဟု အ​မိန့်​တော်​ကို အ​ရပ်​ရပ်​သို့ ပြန့်​စေ​တော်​မူ၏။

ကု​လား​အုတ်​ငှက်၊ ငှက်​ဆိုး၊ ဥ​ဗျိုင်း၊ သိမ်း​မျိုး၊

ယား​နာ​တိုး​ပွား​သည်​ကို မြင်​သော​အ​ခါ၊ ထို​သူ​သည်​မ​စင်​ကြယ်​ဟု စီ​ရင်​ရ​မည်။ နူ​နာ​ဖြစ်၏။

ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်၍ ကြည့်​မြင်​လျက် ငို​ကြွေး​တော်​မူ၍၊-

အ​လွန်​နှိမ့်​ချ​သော​စိတ်​ရှိ​လျက်၊ မျက်​ရည်​ကျ​လျက်၊ ယု​ဒ​လူ​တို့၏ မ​ကောင်း​သော​အ​ကြံ​အား​ဖြင့် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ငါ​ဆောင်​ရွက်​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။-

ငါ​သည် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ၏။ စိတ်​နှ​လုံး​ထဲ၌ မ​ခြား​မ​လပ် ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​ရှိ၏။-

အ​ကြောင်း​မူ​ကား၊ ဆုံး​ရှုံး​ခြင်း​သို့​ရောက်​သော​သူ​တို့၌ လက်​ဝါး​ကပ်​တိုင်​တော်​တ​ရား​သည် မိုက်​သော​တ​ရား​ဖြစ်၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​ငါ​တို့၌ ထို​တ​ရား​သည် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။-

မ​တ​ရား​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။ အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ ထို​အ​မှု​ကို​ခံ​သော​သူ၊-

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် မိ​စ္ဆာ​တ​မန်​တော်​ဖြစ်​ကြ၏။ ခ​ရစ်​တော်၏​တ​မန် ဖြစ်​ယောင်​ဆောင်၍ လှည့်​ဖြား​တတ်​သော အ​မှု​စောင့်​ဖြစ်​ကြ၏။-

ငါ​မ​နွမ်း​ရိ​ဘဲ အ​ဘယ်​သူ နွမ်း​ရိ​သ​နည်း။ ငါ​သည် စိတ်​မ​ပူ​ပန်​ဘဲ အ​ဘယ်​သူ ဖောက်​ပြန်​သ​နည်း။-

အ​လွန်​ညှိုး​ငယ်​ပူ​ပန်​သော​စိတ်​နှင့် မျက်​ရည်​အ​များ​ကျ​လျက်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်၏။ သင်​တို့​ကို စိတ်​နာ​စေ​ခြင်း​ငှာ ငါ​ရေး​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​အား အ​လွန်​ချစ်​သော​မေ​တ္တာ​စိတ်​ကို သင်​တို့ သိ​စေ​ခြင်း​ငှာ ငါ​ရေး၏။

ထို​ဧ​ဝံ​ဂေ​လိ​တ​ရား​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​မ​ဟုတ်။ သင်​တို့​ကို နှောင့်​ယှက်၍ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မှောက်​လှန်​ချင်​သော​သူ အ​ချို့​ရှိ​ကြ၏။-

သူ​တို့​သည် မှန်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​အ​ညီ ဖြောင့်​မတ်​စွာ မကျင့်​ကြောင်း​ကို ငါ​သည်​မြင်​လျှင်၊ ထို​သူ​အ​ပေါင်း​တို့​ရှေ့​မှာ ပေ​တ​ရု​အား ငါ​ဆို​သည်​ကား၊ သင်​သည် ယု​ဒ​လူ​ဖြစ်​လျက်​ပင် ယု​ဒ​ထုံး​စံ​အ​တိုင်း​မ​ကျင့်​ဘဲ၊ တစ်​ပါး​အ​မျိုး၏​ထုံး​စံ​အ​တိုင်း ကျင့်​လျှင်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ယု​ဒ​ထုံး​စံ​အ​တိုင်း ကျင့်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် သူ​တို့​ကို အ​နိုင်​အ​ထက်​ပြု​သ​နည်း။

ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​မ​ပယ်။ ပ​ညတ်​တ​ရား​ကို အ​မှီ​ပြု၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​နိုင်​လျှင် ခ​ရစ်​တော်​သည် အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။

သူ့​အ​ကျိုး​ကို​ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို​သတ်​ခြင်း၊ ယစ်​မျိုး​ကို သောက်​ကြူး​ခြင်း၊ ပွဲ​လုပ်​ခြင်း​မှ​စ၍ ထို​သို့​သော အ​ကျင့်​ပေ​တည်း။ ထို​သို့​သော အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ​ဟု အ​ထက်​က ငါ​ပြော​နှင့်​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ပင်​လည်း ငါ​ပြော​နှင့်၏။-

မိ​မိ​တို့​အ​သွေး​အ​ဆင်း တင့်​တယ်​စေ​ချင်​သော သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်၏ လက်​ဝါး​ကပ်​တိုင်​ကြောင့် ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း​နှင့် မိ​မိ​တို့​ကင်း​လွတ်​လို၍၊ သင်​တို့​ကို အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အ​နိုင်​အ​ထက် သွေး​ဆောင်​တတ်​ကြ၏။-

ငါ​ဖြစ်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ လက်​ဝါး​ကပ်​တိုင်​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ၌​မျှ ဝါ​ကြွား​ခြင်း​မ​ရှိ ပါ​စေ​နှင့်။ ထို​လက်​ဝါး​ကပ်​တိုင်​တော်​မှာ ဤ​လော​က​သည် ငါ့​အ​ဖို့ ရိုက်​ထား​ခြင်း​ကို ခံ​လျက်​ရှိ၏။ ငါ​သည်​လည်း ဤ​လော​က​အ​ဖို့ ရိုက်​ထား​ခြင်း​ကို​ခံ​လျက်​ရှိ၏။-

ထို​ကြောင့် ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် လျှပ်​ပေါ်​သော​စိတ်​နှင့် ကျင့်​သည်​နည်း​တူ၊ သင်​တို့​သည် နောက်​တစ်​ဖန် မ​ကျင့်​မည်​အ​ကြောင်း သ​ခင်​ဘု​ရား​အ​ခွင့်​နှင့် ငါ​မှာ​လိုက်၏။-

ဤ​အ​မှု​အ​ရာ၌ လွန်​ကျူး၍ ညီ​အစ်​ကို​ကို ပ​ရိ​ယာယ်​အား​ဖြင့် မ​ပြစ်​မှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​တော်​ရှိ၏။ ငါ​တို့​သည် အ​ထက်​က ဟော​ပြော၍ သ​စ္စာ​ပေး​နှင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​သည် ထို​သို့​သော ပြစ်​မှား​ခြင်း​ကို ခံ​သော​သူ​အ​ပေါင်း​တို့​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။-

မ​တ​ရား​စွာ​ပြု၍ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ဘဲ၊ ကိုယ်​နှင့်​မ​ဆိုင်​သော​အ​မှု၌ ရော​နှော​သော​သူ အ​ချို့​တို့​သည် သင်​တို့​တွင်​ရှိ​ကြောင်း​ကို ငါ​တို့​ကြား​ရ​ကြ၏။-

မိ​မိ​ရှက်​ခြင်း​အ​ကြောင်း​ကို ပွက်​စေ​တတ်​သော လှိုင်း​တံ​ပိုး​ရိုင်း​ကဲ့​သို့​လည်း​ကောင်း၊ ကြယ်​ပျံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ကြယ်​ပျံ​တို့​အ​ဖို့ တစ်​ခဲ​နက်​သော ထာ​ဝ​ရ​မှောင်​မိုက်​ကို သို​ထား​လျက်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ