Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 3:17

Judson Bible

ညီ​အစ်​ကို​တို့၊ ငါ​ကျင့်​သည်​နည်း​တူ သင်​တို့​သည် တ​ညီ​တ​ညွတ်​တည်း ကျင့်​ကြ​လော့။ ငါ​တို့​ပေး​သော ပုံ​သက်​သေ​နှင့်​အ​ညီ ကျင့်​သော​သူ​တို့​ကို​လည်း ရှု​မှတ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

စုံ​လင်​ခြင်း​တ​ရား​ကို စောင့်​ရှောက်​လော့။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကြည့်​ရှု​ဆင်​ခြင်​လော့။ ထို​သို့​ပြု​သော​သူ​သည် အ​ဆုံး၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ရ​လိမ့်​မည်။

ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​ပြီး​သော ဆုံး​မ​ဩ​ဝါ​ဒ​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သော သင်း​ခွဲ​ခြင်း၊ မှား​ယွင်း​ခြင်း အ​ကြောင်း​ကို ပြု​တတ်​သော သူ​တို့​ကို​မှတ်၍ ရှောင်​ကြ​လော့​ဟု ငါ​သ​တိ​ပေး၏။-

လူ​များ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​စိမ့်​သော​ငှာ၊ ငါ​သည် ကိုယ်​အ​ကျိုး​ကို​မ​ရှာ​ဘဲ သူ့​အ​ကျိုး​ကို ရှာ၍၊-

ငါ​သည်​ခ​ရစ်​တော်၏ နည်း​တူ​ကျင့်​သ​ကဲ့​သို့ သင်​တို့​လည်း ငါ့​နည်း​တူ ကျင့်​ကြ​လော့။

သို့​ဖြစ်၍၊ ငါ​ကျင့်​သည်​နည်း​တူ သင်​တို့​သည် ကျင့်​ကြ​မည်​အ​ကြောင်း ငါ​နှိုး​ဆော် တောင်း​ပန်၏။-

သင်​တို့​သည် အ​ထက်​က​သင်​ယူ၍ ငါ၌​ကြား​မြင် ခဲ့​ပြီး​သ​မျှ​တို့​ကို ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင်၊ ငြိမ်​သက်​ခြင်း၏ အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။

သင်​တို့​သည် ကြီး​စွာ​သော​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော်​လည်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော ဝမ်း​မြောက်​ခြင်း​နှင့်​တ​ကွ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍၊ ငါ​တို့​ကဲ့​သို့​သော​သူ၊ သ​ခင်​ဘု​ရား​ကဲ့​သို့​သော​သူ ဖြစ်​ကြ၏။-

ဤ​စာ၌ ငါ​တို့​ရေး​ထား​သော ပ​ညတ်​စ​ကား​ကို တစ်​စုံ​တစ်​ယောက်​သော​သူ​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ ထို​သူ​ကို မှတ်​ကြ​လော့။ ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ အ​ပေါင်း​အ​ဖော် မ​လုပ်​ကြ​နှင့်။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​ပေး​သော ပုံ​သက်​သေ​ကို​လိုက်၍ သင်​တို့​သည် အ​ဘယ်​သို့​ကျင့်​ရ​မည်​ဟု သင်​တို့ ကိုယ်​တိုင်​သိ​ကြ၏။ ငါ​တို့​သည် သင်​တို့​တွင် မ​တ​ရား​စွာ ပြု​ကြ​သည်​မ​ဟုတ်။-

ထို​သို့​ပြု​သော်​လည်း၊ မ​ခံ​မ​ယူ​ပိုင်​သော​ကြောင့် ပြု​သည်​မ​ဟုတ်။ သင်​တို့​လိုက်​စ​ရာ​ဖို့ ပုံ​သက်​သေ ဖြစ်​စေ​ခြင်း​ငှာ​ပြု​ကြ၏။-

သင်၏ အ​သက်​အ​ရွယ်​နု​ပျို​သည်​ကို အ​ဘယ်​သူ​မျှ မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ စ​ကား​ပြော​ခြင်း၊ ကျင့်​ကြံ​ပြု​မူ​ခြင်း၊ သူ​တစ်​ပါး​ကို​ချစ်​ခြင်း၊ ဝိ​ညာဉ်​သ​ဘော​ရှိ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စင်​ကြယ်​ခြင်း​အ​ရာ​မှာ၊ ယုံ​ကြည်​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ပြ​လော့။-

ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို သင်​တို့​အား ဟော​ပြော၍၊ သင်​တို့​ကို​အုပ်​သော​သူ​တို့​ကို အောက်​မေ့​ကြ​လော့။ သူ​တို့​သည် အ​ဘယ်​သို့​ကျင့်​ကြံ​ပြု​မူ၍ စု​တေသည်​ကို စေ့​စေ့​ဆင်​ခြင်​လျက်၊ သူ​တို့၏​ယုံ​ကြည်​ခြင်း​ကို မီ​အောင်​လိုက်​ကြ​လော့။-

အ​သီး​အ​သီး​အုပ်​သော အ​သင်း​တော်​တို့​ကို အာ​ဏာ​ထား၍ အ​စိုး​တ​ရ​ပြု​သည်​မ​ဟုတ်​ဘဲ၊ သိုး​တော်​စု​ရှေ့​မှာ ပုံ​သက်​သေ​ကို​ပြ​သော​သူ ဖြစ်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ