Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 3:13

Judson Bible

ညီ​အစ်​ကို​တို့၊ ငါ​ကိုင်​မိ​ပြီ​ဟု ကိုယ်​ကို​ကိုယ် မ​ထင်​သော်​လည်း၊ ငါ​ပြု​သော​အ​မှု​တစ်​ခု ဟူ​မူ​ကား၊ နောက် ကျ​သော​အ​ရာ​တို့​ကို မ​မှတ်​ဘဲ၊ ရှေ့၌ ရှိ​သော​အ​ရာ​တို့​ကို လှမ်း​ကမ်း၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​တင့်​တယ်​ခြင်း အ​သ​ရေ​တော်​ကို ဖူး​မြင်၍၊ ဗိ​မာန်​တော်၌​မွေ့​လျော်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​မှာ တစ်​သက်​လုံး​နေ​ရ​မည်​အ​ကြောင်း​တည်း​ဟူ​သော အ​ခွင့်​တစ်​ခု​ကို ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဆု​တောင်း​ပြီ။ ထို​အ​ခွင့်​ကို ရှာ​ရ​ဦး​မည်။

ငါ့​သ​မီး​နား​ထောင်​လော့။ ဆင်​ခြင်၍ နာ​ယူ​လော့။ ကိုယ်​အ​မျိုး​သား​ချင်း​နှင့် ကိုယ်​အ​ဘ၏​အိမ်​ကို မေ့​လျော့​လော့။

မာ​ရိ​မူ​ကား၊ ကောင်း​သော​အ​ဖို့​ကို ရွေး​ယူ​ပြီ။ ထို​အ​ဖို့​ကို အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ​ရာ​ဟု မိန့်​တော်​မူ၏။

ယေ​ရှု​က၊ ထွန်​ကိုင်း​ကို​ကိုင်​လျက် နောက်​သို့​လှည့်၍ ကြည့်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့် မ​ထိုက်​မ​တန်​ဟု မိန့်​တော်​မူ၏။

သို့​ဖြစ်​လျှင်၊ ယ​ခု​မှ​စ၍ ငါ​တို့​သည် ဇာ​တိ​အ​မျိုး​ကို​ထောက်၍ အ​ဘယ်​သူ​ကို​မျှ မ​သိ​မ​မှတ်။ ဇာ​တိ​အ​မျိုး​ကို​ထောက်၍ ခ​ရစ်​တော်​ကို အ​ထက်​က သိ​မှတ်​သော်​လည်း၊ ယ​ခု​မှ​စ၍ ထို​သို့​သော​သိ​မှတ်​ခြင်း မ​ရှိ။

သို့​ဖြစ်၍ ငါ့​ချစ်​သူ​တို့၊ သင်​တို့​သည် ငါ့​မျက်​မှောက်၌ နား​ထောင်​သည်​သာ​မ​က၊ မျက်​ကွယ်၌​လည်း အ​စဉ် နား​ထောင်​ကြ​သည်​နှင့်​အ​ညီ၊ ကြောက်​ရွံ့​တုန်​လှုပ်​သော​စိတ်​နှင့်၊ ကိုယ်​ကို ကယ်​တင်​ခြင်း​ငှာ ကိုယ်​တိုင် ကြိုး​စား​အား​ထုတ်​ကြ​လော့။-

ထို​သို့​ဆို​သော် အ​ကျိုး​ကို​ခံ​ရ​ပြီ၊ စုံ​လင်​ခြင်း​သို့ ရောက်​ရ​ပြီ​ဟု ငါ​မ​ဆို​လို၊ အ​ကြင်​အ​ကျိုး​ကို​ပေး​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို ကိုင်​ဖမ်း​တော်​မူ၏။ ထို​အ​ကျိုး​ကို ကိုင်​မိ​ခြင်း​ငှာ ငါ​ပြေး၍ လိုက်​သေး၏။

ထို​မျှ​မ​က ငါ၏ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​သော ပ​ညာ​သည် အ​ဘယ်​မျှ​လောက် မြတ်​သည်​ကို ထောက်၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ငါ​ထင်​မှတ်၏။-

ထို​ကြောင့်၊ သေ​ခြင်း​နှင့်​စပ်​ဆိုင်​သော အ​ကျင့်​ကို နောင်​တ​ရ​ခြင်း၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ခြင်း၊ ဗ​တ္တိ​ဇံ တ​ရား​ကို​သွန်​သင်​ခြင်း၊ လက်​ကို​တင်​ခြင်း၊ သေ​လွန်​သော သူ​တို့၏​ထ​မြောက်​ခြင်း၊ ထာ​ဝ​ရ​စီ​ရင် ဆုံး​ဖြတ်​ခြင်း​တည်း​ဟူ​သော မူ​လ​အ​မြစ်​ကို ငါ​တို့​သည် ပြန်၍​မ​တည်​ဘဲ၊ ခ​ရစ်​တော်၏​ဘာ​သာ၌ အ​စ​အ​ဦး​ဖြစ်​သော အ​ကြောင်း​အ​ရာ​တို့​ကို ထား၍၊ စုံ​လင်​သော​အ​ဖြစ်​သို့ တက်​ကြ​ကုန်​အံ့။-

ချစ်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မှာ ကာ​လ​တစ်​ရက်​သည်၊ အ​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​နှစ်​တစ်​ထောင်​သည် တစ်​ရက်​ကဲ့​သို့ လည်း​ကောင်း​ဖြစ်​သည် အ​ရာ​တစ်​ခု​ကို မ​မေ့​လျော့​ကြ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ