Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 2:25

Judson Bible

သို့​သော်​လည်း ဆောင်​ရွက်​ခြင်း၊ စစ်​တိုက်​ခြင်း​အ​မှု၌ ငါ၏​အ​ပေါင်း​အ​ဖော်၊ ငါ့​ကို​ပြု​စု​သော သူ​တည်း​ဟူ​သော သင်​တို့​တ​မန်၊ ငါ့​ညီ ဧ​ပ​ဖြော​ဒိတ်​ကို သင်​တို့​ရှိ​ရာ​သို့ ယ​ခု​စေ​လွှတ်​သင့်​သည်​ဟု ငါ​ထင်​မှတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

စ​ပါး​ရိတ်​ရာ​ကာ​လ၌ မိုး​ပွင့်​ကြောင့်​ချမ်း​သ​ကဲ့​သို့၊ သ​စ္စာ​စောင့်​သော​တ​မန်​သည် စေ​လွှတ်​သော​သူ၌​ဖြစ်၍၊ သ​ခင်​စိတ်​ကို ချမ်း​ဧ​စေ​တတ်၏။

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ကျွန်​သည် သ​ခင်​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်၊ တ​မန်​သည်​လည်း စေ​လွှတ်​သော​သူ​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်။-

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ အ​ကျွန်ုပ်​သည် ဤ​သူ​တို့​ကို စေ​လွှတ်​ပါ၏။-

ငါ​နှင့်​အ​တူ ယေ​ရှု​ခ​ရစ်၏ အ​မှု​တော်​ကို ဆောင်​ရွက်​သော​သူ၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို နှုတ်​ဆက်​ကြ​လော့။-

ငါ​တို့​နှင့်​အ​တူ ခ​ရစ်​တော်၏​အ​မှု​ကို​ဆောင်​ရွက်​သော ဥ​ရ​ဗန်​နှင့် ငါ့​ချစ်​သား​သ​တာ​ခု​ကို နှုတ်​ဆက်​ကြ​လော့။-

ငါ​တို့​သည် ဘု​ရား​သ​ခင့်​ထံ၌ အ​လုပ်​လုပ်​သော​သူ​ချင်း ဖြစ်​ကြ၏။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်၏ ကျောင်း​တော်​တိုက်​လည်း ဖြစ်​ကြ၏။-

ငါ့​ညီ​တိ​တု​ကို ငါ​မ​တွေ့​သော​ကြောင့် စိတ်​မ​သက်​သာ​သ​ဖြင့်၊ ထို​သူ​တို့​ကို အ​ခွင့်​ပန်​ပြီး​မှ မာ​ကေ​ဒေါ​နိ​ပြည်​သို့ ထွက်​သွား​လေ၏။

အ​ကြောင်း​မူ​ကား၊ သူ​သည် နာ​ကြောင်း​ကို သင်​တို့​ကြား​သိ​သော​ကြောင့်၊ သူ​သည် သင်​တို့​အ​ပေါင်း​ကို လွမ်း​ဆွတ်၍ စိတ်​မ​သာ​လျက်​နေ၏။-

ယ​ခု​အ​ခါ အ​ရာ​ရာ၌ ငါ​ရ​တတ်၏။ ဥ​စ္စာ ကြွယ်​ဝ၏။ မွှေး​ကြိုင်​သော​အ​နံ့​နှင့် ပြည့်​စုံ၍၊ ဘု​ရား​သ​ခင် နှစ်​သက်​အား​ရ​တော်​မူ​သော ယဇ်​တည်း​ဟူ​သော သင်​တို့ ပေး​လိုက်​သော​အ​ရာ​တို့​ကို ဧ​ပ​ဖြော​ဒိတ်​လက်​မှ ငါ​ခံ​ရ​သည်​ဖြစ်၍ ကြွယ်​ဝ​လျက်​ရှိ၏။-

အ​ချင်း ငါ့​လုပ်​ဖော်​ဆောင်​ဖက်​စစ်၊ သင့်ကို​လည်း ငါ​တောင်း​ပန်၏။ ငါ​နှင့် က​လေ​မင်​မှ​စ၍ အ​သက်​စာ​ရင်း​ဝင်​သော အ​ခြား​သော ငါ၏​လုပ်​ဖော်​ဆောင်​ဖက်​တို့​နှင့်​အ​တူ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​အ​မှု၌ ကူ​ညီ၍ ကြိုး​စား​အား​ထုတ်​သော မိန်း​မ​တို့​ကို မ​စ​ထောက်​ပံ့​ပါ​လော့။

သင်​တို့​အ​မှု​ကို စောင့်၍၊ ခ​ရစ်​တော်​ထံ၌ သ​စ္စာ​ရှိ​သော ဆ​ရာ​တည်း​ဟူ​သော ငါ​တို့​ချစ်​သော ကျွန်​ချင်း ဧ​ပ​ဖြ​သည် သင်​တို့​ကို သွန်​သင်​သည်​အ​တိုင်း သင်​တို့​သည် ကြား၍၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို မှန်​ကန်​စွာ ဝန်​ခံ​သော​နေ့​မှ​စ၍ ထို​သို့​သော​အ​ကျိုး​ရှိ၏။-

အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​တွင် ဤ​သူ​တို့​သာ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​အ​ဖို့ ငါ​နှင့်​အ​တူ အ​မှု​ဆောင်​သော​သူ​ဖြစ်၍၊ ငါ့​စိတ်​ကို သက်​သာ​စေ​ကြ၏။-

ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို လုပ်​ဖော်​ဆောင်​ဖက် ဖြစ်​သော ငါ့​ညီ​တိ​မော​သေ​ကို လွှတ်​လိုက်၏။-

ငါ၏ လုပ်​ဖော်​ဆောင်​ဖက် မာ​ကု၊ အာ​ရိ​တ္တာ​ခု၊ ဒေ​မ၊ လု​ကာ​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။-

ထို​သို့​ဖြစ်​လျှင်၊ ကောင်း​ကင်​ဘုံ​နှင့်​စပ်​ဆိုင်​သော ခေါ်​ဖိတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သော​သူ၊ သန့်​ရှင်း​သော ညီ​အစ်​ကို​တို့၊ ငါ​တို့​ဝန်​ခံ​သော တ​မန်​တော်​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​တည်း​ဟူ​သော ယေ​ရှု၏​အ​ကြောင်း​ကို စေ့​စေ့​ဆင်​ခြင်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ