ထိုမျှမက၊ ငါ့ကိုယ်တိုင် သင်တို့ရှိရာသို့ များမကြာလာမည်ဟု သခင်ဘုရားအားဖြင့် ယုံမှတ်စွဲလမ်းသော စိတ်ရှိ၏။
သင်တို့အကြောင်းအရာများကို ငါသိ၍ စိတ်သက်သာခြင်းငှာ၊ တိမောသေကို သင်တို့ရှိရာသို့ များမကြာ စေလွှတ်မည်အကြောင်း၊ သခင်ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏။-
ထိုမှတစ်ပါး၊ ငါတည်းခိုစရာအရပ်ကိုလည်း ပြင်လော့။ အကြောင်းမူကား၊ သင်တို့သည် ဆုတောင်း ပတ္ထနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေးတော်မူမည်ဟု မျှော်လင့်ခြင်းရှိ၏။
သင်တို့အား ငါရေးစရာအကြောင်း အများရှိသော်လည်း၊ စက္ကူပေါ်၌ မင်နှင့်ရေးခြင်းငှာ အလိုမရှိ၊ သင်တို့ဆီသို့ ငါလာ၍၊ အချင်းချင်း အားရဝမ်းမြောက်ခြင်း စုံလင်မည်အကြောင်း၊ သင်တို့နှင့် နှုတ်ဆက်၍ စကားပြောမည်ဟု မျှော်လင့်လျက်နေ၏။-
မကြာမမြင့်မီ သင့်ကို ငါတွေ့မြင်လျှင် အချင်းချင်းနှုတ်ဆက်၍ စကားပြောမည်ဟု မျှော်လင့်လျက်နေ၏။ သင်၌ ငြိမ်သက်ခြင်းရှိပါစေသော။ အဆွေတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။ သင်၌ရှိသော အဆွေတို့၏နာမည်ကို ထုတ်၍ နှုတ်ဆက်လော့။ ရှင်ယောဟန်ဩဝါဒစာတတိယစောင်ပြီး၏။