Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 2:22

Judson Bible

သို့​သော်​လည်း သား​သည်​အ​ဘ​နှင့်​အ​တူ ဆောင်​ရွက်​သ​ကဲ့​သို့၊ သူ​သည်​ငါ​နှင့်​အ​တူ ဧ​ဝံ​ဂေ​လိ​တ​ရား​အ​မှု​ကို အ​မှန်​ဆောင်​ရွက်​သည်​ဟု သူ​ပြ​သော​သက်​သေ​ကို သင်​တို့ သိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​သည်​လု​တ္တ​ရ​မြို့၊ ဣ​ကော​နိ​မြို့၌​ရှိ​သော ညီ​အစ်​ကို​တို့​တွင် အ​သ​ရေ​ရှိ​သော​သူ​ဖြစ်၏။-

သည်း​ခံ​ခြင်း​သည်​လည်း သက်​သေ​ထင်​ရှား​ခြင်း​ကို ပြု​စု​တတ်၏။ သက်​သေ​ထင်​ရှား​ခြင်း​သည်​လည်း မျှော်​လင့်​ခြင်း​ကို ပြု​စု​တတ်၏။-

တိ​မော​သေ​သည် သင်​တို့​ဆီ​သို့ ရောက်​လျှင်၊ သူ​သည် စိုး​ရိမ်​ခြင်း အ​ကြောင်း​မ​ရှိ​ဘဲ၊ သင်​တို့​နှင့်​အ​တူ နေ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။ သူ​သည် ငါ​ကဲ့​သို့​ပင် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်​သော​သူ ဖြစ်၏။-

ထို​အ​ကြောင်း​ကြောင့် သ​ခင်​ဘု​ရား၌ သ​စ္စာ​ရှိ​သော ငါ၏​ချစ်​သား​တိ​မော​သေ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။ ခပ်​သိမ်း​သော အ​ရပ်​တို့၌ ခပ်​သိမ်း​သော အ​သင်း​တော်​တို့​ကို ငါ​သွန်​သင်​သည်​နှင့်​အ​ညီ၊ ငါ​သည် ခ​ရစ်​တော်၌​ကျင့်​သော အ​ကျင့်​ဓ​လေ့​များ​ကို သင်​တို့​သည် မှတ်​မိ​စေ​ခြင်း​ငှာ သူ​သည် ပြ​သ​တိုက်​တွန်း​လိမ့်​မည်။-

ထို​မှ​တစ်​ပါး၊ သင်​တို့​သည် အ​ရာ​ရာ၌​နား​ထောင်​သည်၊ နား​မ​ထောင်​သည်​ကို ငါ​သိ​လို၍၊ သင်​တို့​ကို စုံ​စမ်း​သော​အား​ဖြင့် အ​ထက်​က ရေး၏။-

ထို​သူ​နှစ်​ယောက်​နှင့်​အ​တူ အ​ခြား​သော​ညီ​ကို​လည်း စေ​လွှတ်​ကြ၏။ ထို​ညီ​မူ​ကား၊ ငါ​တို့​သည်​အ​ရာ​ရာ၌ အ​ဖန်​ဖန်​စုံ​စမ်း၍ သိ​သည့်​အ​တိုင်း လုံ့​လ​ပြု​သော​သူ​ဖြစ်၏။ ယ​ခု၌ သင်​တို့​ကို အ​လွန်​ယုံ​သော​ကြောင့် သာ၍​လုံ့​လ​ပြု၏။-

ထို​ကြောင့်၊ သင်​တို့၏ ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း၊ ငါ​တို့​သည် သင်​တို့​ကြောင့် ကြွား​ဝါ​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း၊ အ​သင်း​တော်​များ​မျက်​မှောက်၌ ထို​သူ​တို့​အား ထင်​ရှား​စွာ​ပြ​ကြ​လော့။

ထို​သို့​ဆို​သော်၊ ပ​ညတ်​အား​ဖြင့် ငါ​ဆို​သည် မ​ဟုတ်။ အ​ခြား​သော​သူ​တို့၏ ကြိုး​စား​အား​ထုတ်​ခြင်း​ကို အ​စွဲ​ပြု၍၊ သင်​တို့၏​မေ​တ္တာ​သည် မှန်​သည်​မ​မှန်​သည်​ကို စုံ​စမ်း​သော​အား​ဖြင့် ဆို​သ​တည်း။-

ညီ​အစ်​ကို​တို့၊ ငါ၌​ရောက်​သော အ​မှု​အ​ရာ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မ​မြစ်​တား​သည်​သာ​မ​က၊ ပြု​စု​ရာ​ဖြစ်​သည်​ဟု သင်​တို့ သိ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ထောက်​မ​ဖို့​ရာ ခန့်​ထား​သော​သူ​ဖြစ်​ကြောင်း​ကို ဤ​သူ​တို့​သည်​သိ၍ ခ​ရစ်​တော်၏​တ​ရား​ကို မေ​တ္တာ​စိတ်​နှင့် ဟော​ပြော​ကြ၏။-

ရှိ​သ​မျှ​သော​သင်​တို့၏ အ​မှု​အ​ရာ၌ ဤ​သို့ ငါ​ယူ​အပ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အ​ပေါင်း​သည် ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ကျဉ်း​ခံ​ရ​သော်​လည်း​ကောင်း၊ ဧ​ဝံ​ဂ​လိ​တ​ရား​ဘက်၌ သက်​သေ​ခံ၍ ထို​တ​ရား​ကို တည်​စေ​သော်​လည်း​ကောင်း၊ သင်​တို့​ကို အောက်​မေ့၏။-

အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် သင်​တို့​အ​ကျိုး​ကို ကြည့်​ရှု​ချင်​သော စေ​တ​နာ​စိတ်​ရှိ​သ​ကဲ့​သို့ စိတ်​သ​ဘော​တူ​သော သူ​တစ်​ယောက်​မျှ ငါ​တို့၌​မ​ရှိ။-

ငါ့​သား​တိ​မော​သေ၊ သင့်​ကို​ရည်​မှတ်၍ ဟော​ပြော​ခဲ့​ပြီး​သော အ​နာ​ဂ​တ္တိ​စ​ကား​ကို သင်​သည်​အ​မှီ​ပြု၍၊ ယုံ​ကြည်​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကြည်​လင်​ခြင်း​ကို​လည်း​ကောင်း စွဲ​လမ်း၍ ကောင်း​သော​စစ်​ကို တိုက်​စေ​ခြင်း​ငှာ၊ ထား​ခဲ့​ပြီး​သော ထို​အ​နာ​ဂ​တ္တိ​စ​ကား​နှင့်​အ​ညီ၊ အ​ထက် ငါ​ဆို​ခဲ့​ပြီး​သော ပ​ညတ်​ထား​ခြင်း​အ​ခွင့်​ကို သင်၌ ငါ​အပ်​ပေး၏။-

ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ့​သား​စစ်​ဖြစ်​သော တိ​မော​သေ​ကို ကြား​လိုက်​ပါ၏။ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ​သော။

ဤ​စ​ကား​များ​ကို သင်​သည် ညီ​အစ်​ကို​တို့​အား ကြား​ပြော​လျှင်၊ ယုံ​ကြည်​ချက်​စ​ကား၊ ကိုယ်​တိုင် ရှာ​ဖွေ​လေ့​ကျက်​သော သ​မ္မာ​ဩ​ဝါ​ဒ​စ​ကား​နှင့် မွေး​မြူ​ခြင်း​ကို ခံ​သော ယေ​ရှု​ခ​ရစ်၏ ဓ​မ္မ​ဆ​ရာ​ကောင်း​ဖြစ်​လိမ့်​မည်။-

ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော်​ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း​ရှိ ပါ​စေ​သော။

ငါ​ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ကျင့်​ကျင့်​ခြင်း၊ ကြံ​စည်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း​တို့​ကို​လည်း​ကောင်း၊ အ​န္တိ​အုတ်​မြို့၊ ဣ​ကော​နိ​မြို့၊ လု​တ္တ​ရ​မြို့​တို့၌ ငါ​ခံ​ရ​သ​ကဲ့​သို့၊ အ​ရပ်​ရပ်​တို့၌ ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း၊ ဆင်း​ရဲ​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်​သည် ရှာ​ဖွေ​နား​လည်​ရ​ပြီ။ ထို​သို့​သော အ​မှု​တို့​ကို ငါ​တွေ့​ရ​သော်​လည်း၊ တွေ့​သ​မျှ​တို့​မှ သ​ခင်​ဘု​ရား​သည် ငါ့​ကို​ကယ်​နုတ်​တော်​မူ​ပြီ။-

ဆက်​ဆံ​သော​ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ့​သား​စစ်​ဖြစ်​သော တိ​တု​ကို ကြား​လိုက်​ပါ၏။ ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော် ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း ရှိ​ပါ​စေ​သော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ