Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 2:21

Judson Bible

လူ​ခပ်​သိမ်း​တို့​သည် ယေ​ရှု​ခ​ရစ်၏​အ​ကျိုး​ကို မ​ရှာ၊ ကိုယ်​အ​ကျိုး​ကို​သာ ရှာ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း ယော​ရှ​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်​သုံး​နှစ်​တွင်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဗိ​မာန်​တော်​ပြို​ပျက်​ရာ​တို့​ကို မ​ပြု​ပြင်​ကြ​သေး။

စား​ချင်​အား​ကြီး၍ ဝမ်း​မ​ပြည့်​နိုင်​သော ခွေး​လည်း ဖြစ်​ကြ၏။ သိုး​ထိန်း​တို့​သည်​လည်း မ​ကြည့်​မ​ရှု​တတ်​ကြ။ ထို​သိုး​ထိန်း​ရှိ​သ​မျှ​တို့​သည် လမ်း​လွှဲ၍ မိ​မိ​တို့​လမ်း​သို့ လိုက်​ကြ​ပြီ။ တစ်​ယောက်​မျှ​မ​ကြွင်း၊ တ​ညီ​တ​ညွတ်​တည်း ကိုယ်​အ​ကျိုး​စီး​ပွား​ကို​သာ ရှာ​ကြ၏။

သင်​တို့​တွင် အ​ဘယ်​သူ​သည် ငါ့​တံ​ခါး​တို့​ကို ပိတ်​လိမ့်​မည်​နည်း။ သင်​တို့​သည် ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ကို အ​ချည်း​နှီး​မ​ညှိ​ရ​ကြ။ သင်​တို့​ကို ငါ​အ​လို​မ​ရှိ၊ သင်​တို့​ပြု​သော ပူ​ဇော်​သ​ကာ​ကို ငါ​လက်​မ​ခံ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။-

အ​ကြင်​သူ​သည် ငါ့​ထံ​သို့​လာ၍ မိ​ဘ၊ သား​မ​ယား၊ ညီ​အစ်​ကို၊ နှ​မ​တို့​ကို​လည်း​ကောင်း၊ ထို​မျှ​မ​က မိ​မိ​အ​သက်​ကို​လည်း​ကောင်း မ​မုန်း၊ ထို​သူ​သည် ငါ့​တ​ပည့်​မ​ဖြစ်​နိုင်​ရာ။-

ပေါ​လု​နှင့် ပါ​သော​သူ​တို့​သည် ပါ​ဖု​မြို့​မှ​လွှင့်၍ ပမ်​ဖု​လိ​ပြည်၊ ပေ​ရ​ဂေ​မြို့​သို့​ရောက်​ကြ​လျှင်၊ ယော​ဟန်​သည် သူ​တို့​ထံ​မှ​ထွက်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​လေ၏။-

ပေါ​လု​က၊ ပမ်​ဖု​လိ​ပြည်၌ သူ​တို့​နှင့်​ခွာ၍ အ​မှု​ထမ်း​ရာ​သို့​မ​လိုက် မ​သွား​သော​ထို​သူ​ကို မ​ခေါ်​သင့်​ဟု သ​ဘော​ရှိ၏။-

ကိုယ်​အ​ကျိုး​ကို အ​ဘယ်​သူ​မျှ​မ​ရှာ​စေ​နှင့်။ သူ့​အ​ကျိုး​ကို လူ​တိုင်း​ရှာ​စေ။-

ခပ်​သိမ်း​သော​လူ​တို့၏ အ​လို​သို့ အ​ရာ​ရာ၌ လိုက်​သည်​နည်း​တူ၊ သင်​တို့​သည်​လည်း ယု​ဒ​လူ၊ ဟေ​လ​သ​လူ၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ဝင်​သူ​တို့၌ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း​ကို မ​ပြု​ဘဲ၊

မ​လျောက်​ပတ်​စွာ မ​ကျင့်​တတ်၊ ကိုယ်​အ​ကျိုး​ကို မ​ရှာ​တတ်၊ ဒေါ​သ​အ​မျက် မ​ထွက်​တတ်၊ အ​ပြစ်​ရှိ​သည်​ဟု မ​ထင်​တတ်၊-

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ခ​ရစ်​တော်​ကြောင့် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​သည် အ​လွန်​များ​ပြား​သည်​နည်း​တူ၊ ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် ငါ​တို့​ခံ​ရ​သော သက်​သာ​ခြင်း​သည် အ​လွန်​များ​ပြား၏။-

ကိုယ်​အ​မှု​အ​ရာ​ကို​သာ မ​ရှု​မ​မှတ်​ဘဲ၊ သူ့​အ​မှု​အ​ရာ​ကို အ​ချင်း​ချင်း​ရှု​မှတ်​ကြ​လော့။-

အာ​ရှိ​ပြည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​ပယ်​ကြ​ပြီ​ဟု၊ သင်​သည် ကြား​သိ၏။ ထို​သူ​တို့​တွင် ဖု​ဂေ​လု​နှင့် ဟေ​ရ​မော​ဂင်​ပါ​သ​တည်း။-

လူ​တို့​သည် ကိုယ်​ကိုယ်​ကို​ချစ်​သော​သူ၊ ငွေ​ကို​တပ်​မက်​သော​သူ၊ ဝါ​ကြွား​သော​သူ၊ ထောင်​လွှား​စော်​ကား​သော​သူ၊ သူ့​အ​သ​ရေ​ကို ရှုတ်​ချ​သော​သူ၊ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​သော​သူ၊ ကျေး​ဇူး​မ​ရှိ​သော​သူ၊ သန့်​ရှင်း​ခြင်း မ​ရှိ​သော​သူ၊-

ပ​ထ​မ​အ​ချိန်၌ အ​ပြစ်​တင်​ခွင့်​ကို​ဖြေ၍ ငါ​သည် အ​စီ​ရင်​ခံ​ရ​သော​အ​ခါ၊ ငါ့​ဘက်၌ အ​ဘယ်​သူ​မျှ​မ​နေ။ လူ​အ​ပေါင်း​တို့​သည် ငါ့​ကို စွန့်​ပစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ