Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 2:19

Judson Bible

သင်​တို့​အ​ကြောင်း​အ​ရာ​များ​ကို ငါ​သိ၍ စိတ်​သက်​သာ​ခြင်း​ငှာ၊ တိ​မော​သေ​ကို သင်​တို့​ရှိ​ရာ​သို့ များ​မ​ကြာ စေ​လွှတ်​မည်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်၌ ငါ​မှီ​ဝဲ​ခြင်း​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​ကို​ကိုး​စား၍ လူ​သ​တ္တ​ဝါ​ကို အ​မှီ​ပြု​သ​ဖြင့်၊ စိတ်​နှ​လုံး​ထဲ၌ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား​သော​သူ​သည် ကျိန်​အပ်​သော​သူ​ဖြစ်၏။

သူ၏​နာ​မ​ကို​လည်း လူ​အ​မျိုး​မျိုး​တို့​သည်​ကိုး​စား​ကြ​လိမ့်​မည်​ဟု ဟော​ထား​သ​တည်း။

ထို​နောက်​မှ ပေါ​လု​သည် ဒေ​ရ​ဗေ​မြို့​နှင့် လု​တ္တ​ရ​မြို့​သို့ ရောက်​လေ၏။ လု​တ္တ​ရ​မြို့၌ တိ​မော​သေ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ယောက် ရှိ၏။ သူ၏​အ​မိ​ကား၊ ယုံ​ကြည်​သော ယု​ဒ​မိန်း​မ​ဖြစ်၏။ အ​ဘ​ကား၊ ဟေ​လ​သ​လူ​ဖြစ်၏။-

တစ်​ဖန် ဟေ​ရှာ​ယ​ဆို​သည်​ကား၊ ယေ​ရှဲ၏​အ​မြစ်​ပေါက်၍ တစ်​ပါး​အ​မျိုး​သား​တို့​ကို အုပ်​စိုး​ခြင်း​ငှာ ပေါ်​ထွန်း​သော​သူ ဖြစ်​လိမ့်​မည်။ ထို​သူ​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုး​စား​ကြ​လိမ့်​မည်​ဟု ဆို​သ​တည်း။-

ငါနှင့်​အ​တူ အ​မှု​တော်​ကို ဆောင်​ရွက်​သော တိမောသေမှစ၍ ငါ၏​အ​ဆွေ​အ​မျိုး​လု​ကိ၊ ယာ​သုန်၊ သော​သိ​ပ​တ​ရု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-

ထို​အ​ကြောင်း​ကြောင့် သ​ခင်​ဘု​ရား၌ သ​စ္စာ​ရှိ​သော ငါ၏​ချစ်​သား​တိ​မော​သေ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။ ခပ်​သိမ်း​သော အ​ရပ်​တို့၌ ခပ်​သိမ်း​သော အ​သင်း​တော်​တို့​ကို ငါ​သွန်​သင်​သည်​နှင့်​အ​ညီ၊ ငါ​သည် ခ​ရစ်​တော်၌​ကျင့်​သော အ​ကျင့်​ဓ​လေ့​များ​ကို သင်​တို့​သည် မှတ်​မိ​စေ​ခြင်း​ငှာ သူ​သည် ပြ​သ​တိုက်​တွန်း​လိမ့်​မည်။-

သင်​တို့​သည်​လည်း ကယ်​တင်​တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော သ​မ္မာ​တ​ရား​ကို​ကြား​နာ၍ ထို​ခ​ရစ်​တော်​ကို ယုံ​ကြည်​ပြီး​မှ၊ က​တိ​တော်​နှင့်​ယှဉ်​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​ရ​ကြ​ပြီ။-

ယေ​ရှု​ခ​ရစ်၏ ကျွန်​ဖြစ်​သော​ပေါ​လု​နှင့် တိ​မော​သေ​သည်၊ ဖိ​လိ​ပ္ပိ​မြို့၌​ရှိ​သော သင်း​အုပ်​တို့​နှင့် သင်း​ထောက်​တို့​မှ​စ၍ ယေ​ရှု​ခ​ရစ်၏ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-

ထို​နည်း​တူ သင်​တို့​သည်​လည်း ဝမ်း​မြောက်​ကြ​လော့။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လော့။

ထို​ကြောင့် သင်​တို့​သည် သူ့​ကို​တစ်​ဖန် တွေ့​မြင်၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည်​လည်း သက်​သာ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ့​ကို သာ၍​ကြိုး​စား​သည်​နှင့် ငါ​စေ​လွှတ်၏။-

ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို လုပ်​ဖော်​ဆောင်​ဖက် ဖြစ်​သော ငါ့​ညီ​တိ​မော​သေ​ကို လွှတ်​လိုက်၏။-

စုံ​စမ်း​သွေး​ဆောင်​တတ်​သော​သူ​သည် သင်​တို့​ကို စုံ​စမ်း​သွေး​ဆောင်​သ​ဖြင့်၊ ငါ​တို့​ပင်​ပန်း​စွာ လုပ်​ဆောင်​ခြင်း​အ​မှု​သည် အ​ချည်း​နှီး​ဖြစ်​မည်​ဟု စိုး​ရိမ်၍ မ​အောင့်​နိုင်​သော​အ​ခါ သင်​တို့၏ ယုံ​ကြည်​ခြင်း​ကို သိ​လို​သော​ငှာ ငါ​စေ​လွှတ်၏။

ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် အ​လွန်​တိုး​ပွား၍၊ လူ​တိုင်း​အ​သီး​အ​သီး​တို့​သည် အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည် ပြု​သင့်​သည်​အ​တိုင်း သင်​တို့​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။

ထို​အ​ကြောင်း​ကြောင့် ဤ​ဆင်း​ရဲ​ဒု​က္ခ​ကို ငါ​ခံ​ရ၏။ သို့​သော်​လည်း ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ဘယ်​သူ​ကို ငါ​ယုံ​ကြည်​သည်​ဟု ငါ​သိ၏။ သူ၌ ငါ​အပ်​ထား​သော​အ​ရာ​ကို​လည်း၊ ထို​နေ့​ရက်​တိုင်​အောင် စောင့်​နိုင်​တော်​မူ​သည်​ဟု ငါ​သ​ဘော​ကျ၏။

ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ၍၊ ငါ​တို့​သည်​လည်း အ​သက်​ရှင်​လျှင်၊ ဤ​သို့​ပြု​ကြ​ကုန်​အံ့၊ ထို​သို့​ပြု​ကြ​ကုန်​အံ့​ဟု သင်​တို့​ဆို​သင့်​ရာ​ဖြစ်၏။-

သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ထောက်​လျက် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း​ရှိ​စေ​ခြင်း​ငှာ၊ ထို​သ​ခင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ၍ ဘုန်း​အ​သ​ရေ​ကို ပေး​သ​နား​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ