ဖိလိပ္ပိ 2:14Judson Bibleသင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။- အခန်းကိုကြည့်ပါ။ |
ထိုသူတို့နှင့် ပေါလု၊ ဗာနဗတို့သည် ဆွေးနွေးငြင်းခုံခြင်း များသောအခါ၊ ပေါလုနှင့် ဗာနဗတို့သည် အခြားသောတပည့်တော်အချို့ တို့နှင့်တကွ၊ ထိုပြဿနာ၏ အကြောင်းကြောင့် ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကို စီရင်ကြ၏။-
များစွာသောဆွေးနွေးငြင်းခုံခြင်း ရှိသောအခါ ပေတရုသည် ထလျက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအားဖြင့် တစ်ပါးအမျိုးသားတို့သည် ဧဝံဂေလိတရားကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင်တော်မူသည်ကို သင်တို့သိကြ၏။-
ငါရောက်လာသောအခါ၊ သင်တို့သည် ငါနှစ်သက်သောသူ မဖြစ်၊ ငါသည်လည်း သင်တို့ မနှစ်သက်သောသူ ဖြစ်မည်ဟူ၍လည်းကောင်း၊ သင်တို့၌ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ ချောစားခြင်း၊ မာနထောင်လွှားခြင်း၊ အချင်းချင်းအမှုလုပ်ခြင်း ဖြစ်မည်ဟူလည်းကောင်း၊-