Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 1:18

Judson Bible

သို့​ဖြစ်၍ အ​ဘယ်​သို့​နည်း၊ လျှို့​ဝှက်၍ ဟော​ပြော​သည်​ဖြစ်​စေ၊ သ​စ္စာ​ရှိ၍ ဟော​ပြော​သည်​ဖြစ်​စေ၊ အ​ဘယ်​သို့​သော​အား​ဖြင့် ဟော​ပြော​သည်​ဖြစ်​စေ၊ ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ခြင်း​ရှိ၏။ ထို​အ​ကြောင်း​ကြောင့် ငါ​သည် ယ​ခု​ဝမ်း​မြောက်၏။ နောင်၌​လည်း ဝမ်း​မြောက်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်၏ တံ​ခါး​ကို လူ​တို့​ရှေ့​မှာ​ပိတ်​ထား၍ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ၏။

သူ​တို့​သည် မု​ဆိုး​မ​အိမ်​ကို လု​ယူ​သိမ်း​စား၍ အ​ပြစ်​မ​ပေါ်​စေ​ခြင်း​ငှာ ရှည်​စွာ​သော ပ​တ္ထ​နာ​စ​ကား​ကို ရွတ်​တတ်​ကြ၏။ သူ​တို့​သည် သာ၍​ကြီး​စွာ​သော​ဒဏ်​ကို ခံ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။

ထို​စ​ကား​တော်၏ အ​နက်​မ​ထင်​ရှား​သ​ဖြင့် တ​ပည့်​တော်​တို့​သည် နား​မ​လည် မ​ရိပ်​မိ​ဘဲ​နေ​ကြ၏။ အ​နက်​ကို​လည်း မ​မေး​မ​လျှောက်​ဝံ့​ကြ။

ယေ​ရှု​က၊ ထို​သူ​ကို​မ​မြစ်​တား​ကြ​နှင့်။ သင်​တို့ ရန်​သူ​ဘက်၌​မ​ရှိ​သော​သူ​သည် သင်​တို့​ဘက်၌​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

ထို​သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် မြတ်​သ​လော​ဟု မေး​ပြန်​သော်၊ အ​လျှင်း​မ​မြတ်။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​ကြောင်း​ကို အ​ထက်က​ပြ​ခဲ့​ပြီ။-

ထို​သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ပ​ညတ်​တ​ရား​လက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိ​သော​ကြောင့်၊ ဒု​စ​ရိုက်​ကို ပြု​ရ​မည်​လော။ ထို​သို့​မ​ပြု​ရ။-

ထို​သို့​ဆို​သော် အ​ဘယ်​သို့ ငါ​ဆို​လို​သ​နည်း။ ရုပ်​တု​ကား မှတ်​စ​ရာ​ရှိ​သည်၊ ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော ယဇ်​ကောင်​ကား မှတ်​စ​ရာ​ရှိ​သည်​ဟု ဆို​လို​သ​လော။-

သို့​ဖြစ်​လျှင်၊ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ စိတ်​နှ​လုံး​နှင့် လည်း​ကောင်း၊ ဉာဏ်​နှင့် လည်း​ကောင်း၊ ဆု​တောင်း​ရ​မည်။ စိတ်​နှ​လုံး​နှင့် လည်း​ကောင်း၊ ဉာဏ်​နှင့် လည်း​ကောင်း သီ​ချင်း​ဆို​ရ​မည်။-

ထို​ကြောင့်၊ ငါ​ဖြစ်​စေ၊ သူ​တို့​ဖြစ်​စေ၊ ဤ​သို့ ငါ​တို့​သည် ဟော​ပြော​ကြ၏။ ဤ​သို့​လည်း သင်​တို့​သည် ယုံ​ကြည်​ကြ၏။

အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ငါ​သည် အ​လျှင်း​ရှက်​ကြောက်​ခြင်း​မ​ရှိ၊ ရဲ​ရင့်​ခြင်း​နှင့်​ပြည့်​စုံ၍ အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​ကိုယ်​ခ​န္ဓာ၌ ခ​ရစ်​တော်​သည် အ​စဉ်​မ​ပြတ် ဂုဏ်​အ​သ​ရေ​ထင်​ရှား တော်​မူ​သ​ကဲ့​သို့၊ ယ​ခု​ပင် ထင်​ရှား​တော်​မူ​မည်​ဟု ငါ​မျှော်​လ​င့်​အား​ကြီး၍ တောင့်​တ​သည်​နှင့်​အ​ညီ သင်​တို့ ဆု​တောင်း​သ​ဖြင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ ဝိ​ညာဉ်​တော် မ​စ​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ကြောင်း​အ​ရာ​သည် ငါ့​ကို​ကယ်​တင်​သော အ​ကြောင်း​အ​ရာ ဖြစ်​မည်​ဟု ငါ​သိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ