Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 1:11

Judson Bible

ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​တတ်​သော ဖြောင့်​မတ်​ခြင်း အ​ကျင့်​နှင့် သင်​တို့​သည် ပြည့်​စုံ၍ ခ​ရစ်​တော်၏ နေ့​ရက်​တိုင်​အောင် စိတ်​ကြည်​ဖြူ​လျက်၊ တိမ်း​လဲ​ခြင်း​အ​မှု​နှင့် ကင်း​လွတ်​လျက် ရှိ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​ဆု​တောင်း ပ​တ္ထ​နာ​ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မြစ်​နား​မှာ​စိုက်​လျက် မိ​မိ​အ​ချိန်​တန်​မှ အ​သီး​ကို​သီး​၍၊ အ​ရွက်​မ​ညှိုး​နွမ်း​တတ်​သော အ​ပင်​နှင့်​တူ၏။ ပြု​လေ​သ​မျှ​တို့​၌ အောင်​လိမ့်​သ​တည်း။

မြေ​ကို​တူး၍ ကျောက်​ခဲ​တို့​ကို​ရှင်း​လင်း​စေ​ပြီး​မှ၊ အ​ကောင်း​ဆုံး​သော စ​ပျစ်​နွယ်​ပင်​တို့​ကို စိုက်​ပျိုး​တော်​မူ၏။ ဥ​ယျာဉ်​ထဲ​မှာ မှီ​ခို​ရာ​တဲ​လင့်​ကို​လည်း​ဆောက်၍၊ စ​ပျစ်​သီး​နယ်​ရာ ကျင်း​ကို​လည်း တူး​တော်​မူ၏။ ထို​အ​ခါ စ​ပျစ်​သီး​ကို သီး​မည်​ဟု မျှော်​လင့်​သည်​ရှိ​သော်၊ ဗော​ရှ​သီး​ကို သီး​ပါ​သည်​တ​ကား။

သင်၏​လူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်၍၊ ပြည်​တော်​ကို အ​စဉ်​အ​မြဲ အ​မွေ​ခံ​သ​ဖြင့်၊ ငါ၏​ဘုန်း​ပွင့်​စေ​ခြင်း​ငှာ၊ ငါ့​ကိုယ်​တိုင်​စိုက်၍ ပြု​စု​သော​ပျိုး​ပင် ဖြစ်​ရ​ကြ​လိမ့်​မည်။

မြေ​ကြီး​သည် အ​ပင်​ကို ပေါက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ လယ်​ယာ​သည်​မိ​မိ​၌​စိုက်​သော​မျိုး​စေ့​ကို အ​ညှောက်​ထွက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​အ​တူ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​လူ​မျိုး​ရှေ့​မှာ၊ ဖြောင့်​မတ်​ခြင်း​နှင့် ချီး​မွမ်း​ခြင်း​ကို ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။

စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ထို​နည်း​တူ၊ သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။-

သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​ကို ရွေး​ကောက်​သ​ဖြင့်၊ သင်​တို့​သည် သွား၍ တည်​ကြည်​သော​အ​သီး​ကို သီး​မည်​အ​ကြောင်း​နှင့် ငါ့​နာ​မ​ကို​အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ​တောင်း​သ​မျှ​တို့​ကို ရ​မည်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား၏။

ငါ၌​အ​သီး​မ​သီး​သော အ​ခက်​ရှိ​သ​မျှ​တို့​ကို ခုတ်​ပစ်​တော်​မူ၏။ အ​သီး​သီး​သော အ​ခက်​ရှိ​သ​မျှ​တို့​ကို သာ၍ သီး​စေ​ခြင်း​ငှာ သုတ်​သင်​ရှင်း​လင်း​တော်​မူ၏။-

သင်​တို့​သည် များ​စွာ​သော​အ​သီး​ကို သီး​သော​အား​ဖြင့်၊ ငါ့​ခ​မည်း​တော်​သည် ဘုန်း​ထင်​ရှား​တော်​မူ၍၊ သင်​တို့​သည်​လည်း ငါ၏​တ​ပည့် မှန်​ကြ​လိမ့်​မည်။-

ထို​ကြောင့်၊ ဤ​အ​မှု​ကို ငါ​ဆောင်​ရွက်၍ ဤ​အ​လှူ​လက်​ဆောင်​ကို လုံ​ခြုံ​စေ​ပြီး​လျှင်၊ သင်​တို့​အ​နား​မှာ လျှောက်၍ စ​ပါ​နိ​ပြည်​သို့​သွား​မည်။-

ယ​ခု​မူ​ကား၊ သင်​တို့​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လွတ်၍၊ ဘု​ရား​သ​ခင်၏​ကျွန် ဖြစ်​ကြ​သည်​နှင့် အ​ညီ၊ သန့်​ရှင်း​ခြင်း​အ​ကျိုး​ကို ရ​ကြ၏။ အ​ဆုံး၌​လည်း ထာ​ဝ​ရ​အ​သက်​ကို ရ​ကြ​လိမ့်​မည်။-

သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။-

မျိုး​စေ့​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​လည်း​ကောင်း၊ အ​စာ​အာ​ဟာ​ရ​ကို​လည်း​ကောင်း၊ ပေး​တော်​မူ​သော​သူ​သည်၊ သင်​တို့​အား မျိုး​စေ့​ကို ပေး၍ ပွား​များ​စေ​တော်​မူ​မည်။ သင်​တို့၏ ဖြောင့်​မတ်​ခြင်း​ကို​လည်း ကြွယ်​ဝ​စေ​တော်​မူ​မည်။-

အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​ကို မျှော်​လင့်​နှင့်​သော ငါ​တို့​အား​ဖြင့် ဘုန်း​တော်​ကို ချီး​မွမ်း​စေ​ခြင်း​အ​ကြောင်း ဖြစ်​သ​တည်း။-

ပိုင်​ထိုက်​တော်​မူ​သော​သူ​တို့​သည် ဘုန်း​တော်​ကို ချီး​မွမ်း​ခြင်း​အ​ကြောင်း​နှင့် ရွေး​နုတ်​တော်​မူ​ခြင်း​သို့ မ​ရောက်​မီ​ကာ​လ​ပတ်​လုံး ထို​ဝိ​ညာဉ်​တော်​သည် ငါ​တို့ အ​မွေ၏ စ​ရန်​ဖြစ်​တော်​မူ၏။

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် ကောင်း​သော​အ​ကျင့်​တို့​ကို ကျင့်​ရ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်၌ ပြု​ပြင်၍ ဖန်​ဆင်း​တော်​မူ​ရာ ဖြစ်​ကြ၏။ ထို​ကောင်း​သော အ​ကျင့်​တို့၌ ငါ​တို့​သည် ကျင်​လည်​ရ​မည် အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ပြင်​ဆင်​တော်​မူ​နှင့်​ပြီ။

အ​လင်း​တော်၏ အ​ကျိုး​မူ​ကား၊ အ​လုံး​စုံ​သော ကောင်း​မွန်​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း ဖြစ်​သ​တည်း။-

ထို​သို့​ငါ​ဆို​သော်၊ အ​လှူ​ကို ရှာ​သည်​မ​ဟုတ်၊ သင်​တို့၌ ကြွယ်​ဝ​သော​အ​ကျိုး​ကို ရှာ၏။-

ထို​တ​ရား​သည် လော​ကီ​နိုင်​ငံ​တစ်​လျှောက်​လုံး​ကို နှံ့​ပြား​သည်​နှင့်​အ​ညီ၊ သင်​တို့​ရှိ​ရာ​သို့ ရောက်​ခဲ့​ပြီ။ သင်​တို့၌ အ​သီး​သီး​ခြင်း၊ တိုး​ပွား​ခြင်း​ကို ပြု​သည်​နည်း​တူ အ​ရပ်​ရပ်၌​ပင် ပြု​တတ်၏။-

ငါ​တို့၏​လူ​များ​သည်​လည်း အ​သီး​မဲ့​သော​သူ​မ​ဖြစ်၊ ကိုယ်​သုံး​စ​ရာ​ဖို့​ရှိ​ရ​မည်​အ​ကြောင်း၊ ကောင်း​သော အ​ကျင့်​တို့​ကို အ​မြဲ​ကျင့်​အံ့​သော​ငှာ သင်​ကြ​စေ။-

ဆုံး​မ​ခြင်း​မည်​သည်​ကား၊ ခံ​ရ​စဉ်​အ​ခါ ဝမ်း​မြောက်​စ​ရာ​မ​ထင်၊ ဝမ်း​နည်း​စ​ရာ ထင်​တတ်၏။ သို့​သော်​လည်း၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည်၊ နောက်​မှ ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​အ​ကျိုး​ကို ခံ​ရ​ကြ၏။

သာ​သ​နာ​ပ​လူ​တို့​သည် သင်​တို့​ကို ကဲ့​ရဲ့​ပြစ်​တင်​ကြ​သည်​အ​မှု​မှာ၊ ဘု​ရား​သ​ခင်​ကြည့်​ရှု စီ​ရင်​တော်​မူ​သော နေ့​ရက်၌၊ သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို သူ​တို့​သည် ထောက်​ရှု၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​မည်​အ​ကြောင်း၊ သူ​တို့​ရှေ့၌ တင့်​တယ်​လျောက်​ပတ်​စွာ ကျင့်​နေ​ကြ​လော့။

အ​သက်​ကျောက်​များ​ကဲ့​သို့ အ​ဆင့်​ဆင့်​အ​ထပ်​ထပ် တည်​ဆောက်​လျက်​ရှိ​သ​ဖြင့် ဓ​မ္မ​တိုက်​ဖြစ်​ကြ၏။ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ရာ ဓ​မ္မ​ယဇ်​ကို​ပူ​ဇော်​ရ​သော သန့်​ရှင်း​သော ယဇ်​ပု​ရော​ဟိတ်​မျိုး​လည်း ဖြစ်​ကြ၏။-

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-

ခ​ရစ်​တော်၏ နာ​မ​ကြောင့် ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဘုန်း​ကြီး​သော ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ၏။ သူ​တို့၌​ကား ကဲ့​ရဲ့​ခြင်း၊ သင်​တို့၌​ကား ချီး​မွမ်း​ခြင်း​ရှိ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ