Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 1:10

Judson Bible

မေ​တ္တာ​ပါ​ရ​မီ​တိုး​ပွား၍ ပြည့်​စုံ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

43 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ငါ​နှ​မ​ဖြစ်၏​ဟု အ​ကျွန်ုပ်​အား ယောက်ျား​ဆို​သည်​မ​ဟုတ်​ပါ​လော။ အ​ကျွန်ုပ်​အား​သူ​သည်​ငါ့​မောင်​ဖြစ်၏​ဟု၊ မိန်း​မ​လည်း​ဆို​သည် မ​ဟုတ်​ပါ​လော။ ဖြောင့်​မတ်​သော​သ​ဘော​ရှိ၍၊ သန့်​ရှင်း​သော​လက်​နှင့် ဤ​အ​မှု​ကို​အ​ကျွန်ုပ်​ပြု​ပါ​ပြီ​ဟု လျှောက်​ဆို၏။

ခံ​တွင်း​သည် အ​စာ​ကို​မြည်း​စမ်း​သ​ကဲ့​သို့၊ နား​သည် စ​ကား​ကို စုံ​စမ်း​သည် မ​ဟုတ်​လော။

ခံ​တွင်း​သည် အ​စာ​ကို မြည်း​စမ်း​သ​ကဲ့​သို့၊ နား​သည် စ​ကား​ကို စုံ​စမ်း​တတ်၏။

သု​စ​ရိုက်​ကို​မုန်း၍ ဒု​စ​ရိုက်​ကို​နှစ်​သက်​လျက်၊ သူ​တစ်​ပါး​အ​ရေ​ကို​လည်း​ကောင်း၊ အ​ရိုး၌​ကပ်​သော အ​သား​ကို​လည်း​ကောင်း ဆွဲ​ယူ​လျက်၊

ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း ဖြစ်၏။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟု မိန့်​တော်​မူ၏။

ပေ​တ​ရု​က၊ ဤ​သူ​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် စိတ်​ပျက်​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​သည် စိတ်​အ​လျှင်း​မ​ပျက်​ပါ​ဟု လျှောက်​လေ၏။-

နာ​သ​နေ​လ​လာ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ လှည့်​စား​ခြင်း​အ​ပြစ်​နှင့် ကင်း​လွတ်​သော ဣ​သ​ရေ​လ​လူ​စစ်​ကို ကြည့်​လော့​ဟု ထို​သူ​ကို​အ​မှတ်​ပြု၍ မိန့်​တော်​မူ၏။-

ဆိုး​ယုတ်​သော​အ​ကျင့်​ကို ကျင့်​သော​သူ​အ​ပေါင်း​တို့​သည် အ​လင်း​ကို​မြင်​ပြင်း၍ မိ​မိ​တို့​အ​ကျင့်၌ အ​ပြစ်​ပါ​သည်​ကို​မ​ထင်​ရှား​စေ​ခြင်း​ငှာ အ​လင်း​သို့ မ​ချဉ်း​ကပ်​ကြ။-

ထို​ကြောင့်၊ ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြီ၊ လူ​တို့​ကို ပြစ်​မှား​ပြီ​ဟု ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်၌ အ​ပြစ်​တင်​ခွင့်​နှင့် အ​စဉ်​ကင်း​လွတ်​မည်​အ​ကြောင်း အ​ကျွန်ုပ်​သည် ကြိုး​စား​အား​ထုတ်​ပါ၏။

သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။-

မေ​တ္တာ​စိတ်​သည် လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စေ​လော့။ ဆိုး​ညစ်​သော​အ​မှု​ကို စက်​ဆုပ်​ရွံ​ရှာ​ကြ​လော့။ ကောင်း​မွန်​သော​အ​မှု၌ မှီ​ဝဲ​ဆည်း​ကပ်​ကြ​လော့။-

ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​ပြီး​သော ဆုံး​မ​ဩ​ဝါ​ဒ​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သော သင်း​ခွဲ​ခြင်း၊ မှား​ယွင်း​ခြင်း အ​ကြောင်း​ကို ပြု​တတ်​သော သူ​တို့​ကို​မှတ်၍ ရှောင်​ကြ​လော့​ဟု ငါ​သ​တိ​ပေး၏။-

အ​လို​တော်​ကို​သိ​သော​သူ၊ ပ​ညတ်​တ​ရား​တော်​ကို လေ့​ကျက်​သ​ဖြင့် ခြား​နား​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​တတ်​သော​သူ​ဖြစ်​သည်​နှင့်၊-

ထို​သို့​ငါ​သည် မ​ကျင့်​ချင်​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ဖြောင့်​သည်​ဟု ငါ​ဝန်​ခံ၏။-

ငါ​သည် အ​တွင်း​လူ​အား​ဖြင့် ဘု​ရား​သ​ခင်၏ ပ​ညတ်​တ​ရား​တော်​ကို နှစ်​သက်၏။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဇာ​တိ​ပ​က​တိ စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်၏။ ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​လို​သို့ မ​လိုက်​တတ်။ ထို​မျှ​မ​က မ​လိုက်​နိုင်။-

သင်​တို့​သည် ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏ နေ့​ရက်၌ အ​ပြစ်​တင်​စ​ရာ​အ​ခွင့်​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ သင်​တို့​ကို အ​ဆုံး​တိုင်​အောင် ခိုင်​ခံ့​မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။-

လူ​များ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​စိမ့်​သော​ငှာ၊ ငါ​သည် ကိုယ်​အ​ကျိုး​ကို​မ​ရှာ​ဘဲ သူ့​အ​ကျိုး​ကို ရှာ၍၊-

သို့​ဖြစ်၍၊ ငါ၏​အ​စား​အ​သောက်​သည် ငါ့​ညီ​အစ်​ကို​ကို မှား​ယွင်း​စေ​လျှင်၊ ငါ့​ညီ​အစ်​ကို၌ မှား​ယွင်း​စ​ရာ​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ၊ အ​မဲ​သား​ကို အ​စဉ်​မ​ပြတ်​ရှောင်​မည်။

ငါ​တို့​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ဟူ​မူ​ကား၊ လော​ကီ​ပ​ညာ​ကို အ​မှီ​မ​ပြု၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​မှီ​ပြု၍ လျစ်​လျူ​သော​စိတ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော ကြည်​ဖြူ​ခြင်း​နှင့်​လည်း​ကောင်း၊ ငါ​တို့​သည် ဤ​လော​က၌ ကျင့်​ကြံ​ပြု​မူ၍ သင်​တို့​ဆီ​မှာ​လည်း ထို​သို့​အ​ထူး​သ​ဖြင့် ကျင့်​ကြံ​ပြု​မူ​သည်​ဟု ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​သည် သက်​သေ​ခံ​သ​တည်း။-

ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို မှောက်​လှန်​သော​သူ​များ​တို့​နှင့် ငါ​တို့​သည်​မ​တူ​ဘဲ ကြည်​ဖြူ​သော​စိတ်​ရှိ၍ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ကြ၏။

တ​ရား​ဟော​ခြင်း​အ​ခွင့်​အ​ရာ​ကို အ​ပြစ်​တင်​ခြင်း​နှင့် ကင်း​လွတ်​စိမ့်​သော​ငှာ၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ပြု။-

ထို​သို့​ဆို​သော်၊ ပ​ညတ်​အား​ဖြင့် ငါ​ဆို​သည် မ​ဟုတ်။ အ​ခြား​သော​သူ​တို့၏ ကြိုး​စား​အား​ထုတ်​ခြင်း​ကို အ​စွဲ​ပြု၍၊ သင်​တို့၏​မေ​တ္တာ​သည် မှန်​သည်​မ​မှန်​သည်​ကို စုံ​စမ်း​သော​အား​ဖြင့် ဆို​သ​တည်း။-

တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို ဟော​ပြော​သေး​သည်​မှန်​လျှင်၊ အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သေး​သ​နည်း။ ထို​သို့ဟောပြော​လျှင်၊ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း ပယ်​ရှင်း​လျက်​ရှိ၏။-

မေ​တ္တာ​စိတ်​နှင့်​သ​မ္မာ​တ​ရား​ကို ဟော​ပြော​သ​ဖြင့်၊ ဦး​ခေါင်း​တည်း​ဟူ​သော ခ​ရစ်​တော်​မှာ အ​ရာ​ရာ​တို့၌ ကြီး​ပွား​ကြ​မည် အ​ကြောင်း​တည်း။-

သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​ကြ​လော့။-

ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​ကို အ​မှန်​ချစ်​သော​သူ အ​ပေါင်း​တို့၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ ဧ​ဖက်​ဩ​ဝါ​ဒ​စာ​ပြီး၏။

ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ထောက်​မ​ဖို့​ရာ ခန့်​ထား​သော​သူ​ဖြစ်​ကြောင်း​ကို ဤ​သူ​တို့​သည်​သိ၍ ခ​ရစ်​တော်၏​တ​ရား​ကို မေ​တ္တာ​စိတ်​နှင့် ဟော​ပြော​ကြ၏။-

သင်​တို့​တွင် ကောင်း​သော​အ​မှု​ကို ပြု​စ​ပြု​တော်​မူ​သော​သူ​သည်၊ ယေ​ရှု​ခ​ရစ်၏ နေ့​ရက်​တိုင်​အောင် ပြီး​စီး​လျက် ပြု​တော်​မူ​မည်​ဟု ငါ​သ​ဘော​ကျ၏။-

ခပ်​သိမ်း​သော​အ​ရာ​ကို စုံ​စမ်း၍၊ ကောင်း​သော​အ​ရာ​ကို အ​မြဲ​ကိုင်​စွဲ​ကြ​လော့။-

ငြိမ်​သက်​ခြင်း၏​အ​ရှင် ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​လည်း၊ သင်​တို့​ကို အ​ကုန်​အ​စင် သန့်​ရှင်း​စေ​တော်​မူ ပါ​စေ​သော။ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ သင်​တို့၏ ကိုယ်​ခ​န္ဓာ၊ စိတ်၊ ဝိ​ညာဉ်​အ​ပေါင်း​ကို အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​ပါ​စေ​သော။-

ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍ ကြည်​ဖြူ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့်​တ​ကွ ဝတ်​ပြု​ကြ​လော့။ မြစ်​ကြီး​တစ်​ဖက်၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော ဘု​ရား​များ​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​ကြ​လော့။

ချစ်​သူ​တို့၊ ခပ်​သိမ်း​သော​စိတ်​ဝိ​ညာဉ်​တို့​ကို မ​ယုံ​ကြ​နှင့်။ စိတ်​ဝိ​ညာဉ်​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည် မ​စပ်​ဆိုင်​သည်​ကို စုံ​စမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များ​တို့​သည် ဤ​လော​က​သို့ သွား​ကြ​ပြီ။-

သင်​သည် မ​တ​ရား​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​ကို​လည်း​ကောင်း၊ တ​မန်​တော်​မ​ဟုတ်​ဘဲ၊ တ​မန်​တော် ဖြစ်​ယောင်​ဆောင်​သော​သူ​တို့​ကို စစ်​ဆေး၍ လှည့်​ဖြား​သော​သူ​ဖြစ်​သည်​ဟု သိ​ကြောင်း​ကို​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ