Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 9:38

Judson Bible

ထို​အ​ကြောင်း​အ​ရာ​များ​ကို ငါ​တို့​သည် ဆင်​ခြင်​ပြီး​မှ၊ သ​စ္စာ​ပြု၍ စာ​ချုပ်​ကို​လည်း ရေး​ထား​လျက်၊ ငါ​တို့​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် တံ​ဆိပ်​ခတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ပါ​မည်။ စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ စောင့်​ရှောက်​ပါ​မည်။ ဤ​ကျမ်း​စာ၌​ပါ​သော ပ​ဋိ​ညာဉ်​စ​ကား​အ​တိုင်း ကျင့်​ပါ​မည်​ဟု တိုင်​နား​မှာ​ရပ်၍ အ​ဓိ​ဋ္ဌာန်​ပြု၏။ လူ​အ​ပေါင်း​တို့​သည်​လည်း ထို​အ​ဓိ​ဋ္ဌာန်​ကို ဝန်​ခံ​ကြ၏။

ရှင်​ဘု​ရင်​နှင့် လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ရ​မည်​အ​ကြောင်း၊ ယော​ယ​ဒ​သည် မိ​မိ​ထံ၌ ပ​ဋိ​ညာဉ်​ဖွဲ့​စေ၏။

ယ​ခု​မူ​ကား၊ ပြင်း​စွာ​သော​အ​မျက်​တော်​သည် ငါ​တို့​မှ​လွှဲ​သွား​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​မည်​ဟု ငါ​အ​ကြံ​ရှိ၏။

ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ပါ​မည်။ စီ​ရင်​ထုံး​ဖွဲ့​ချက်​ပ​ညတ်​တ​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ စောင့်​ရှောက်​ပါ​မည်။ ဤ​ကျမ်း​စာ၌​ပါ​သော ပ​ဋိ​ညာဉ်​စ​ကား​အ​တိုင်း ကျင့်​ပါ​မည်​ဟု မိ​မိ​နေ​ရာ၌​ရပ်၍ အ​ဓိ​ဋ္ဌာန်​ပြု၏။

သို့​ဖြစ်၍ အ​ရှင်​ဘု​ရား​အ​စ​ရှိ​သော ငါ​တို့ ဘု​ရား​သ​ခင်၏ ပ​ညတ်​တ​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့ သ​တိ​ပေး​သည်​အ​တိုင်း၊ ဤ​မိန်း​မ​များ​နှင့် သူ​တို့​သား​သ​မီး​များ​ရှိ​သ​မျှ​ကို စွန့်​ပယ်​မည်​ဟု ငါ​တို့၏​ဘု​ရား​သ​ခင့် ရှေ့​တော်၌ အ​ဓိ​ဋ္ဌာန်​ပြု​ကြ​ကုန်​အံ့။ ဤ​အ​မှု​ကို တ​ရား​ရှိ​သည်​အ​တိုင်း စီ​ရင်​ကြ​ကုန်​အံ့။

တံ​ဆိပ်​ခတ်​သော​သူ ဟူ​မူ​ကား၊ ဟာ​ခ​လိ​သား ပြည်​အုပ်​မင်း နေ​ဟ​မိ၊ ယဇ်​ပု​ရော​ဟိတ် ဇိ​ဒ​ကိ​ယ၊

ညီ​အစ်​ကို​မှူး​မတ်​တို့၌ မှီ​ဝဲ​လျက်၊ ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ​အား​ဖြင့် ထား​တော်​မူ​သော ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​တိုင်း ကျင့်​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​များ၊ စီ​ရင်​ထုံး​ဖွဲ့​တော် မူ​ချက်​ရှိ​သ​မျှ​တို့​ကို စောင့်​ရှောက်​ပါ​မည်​ဟူ၍​လည်း​ကောင်း၊

တစ်​ယောက်​က၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ ဖြစ်​သည်​ဟု ဆို​လိမ့်​မည်။ တစ်​ယောက်​သည်​လည်း၊ ယာ​ကုပ်​အ​မည်​ဖြင့် ကိုယ်​ကို​ကိုယ် မှည့်​လိမ့်​မည်။ တစ်​ယောက်​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​လူ​ဟူ၍ မိ​မိ​လက်​တွင် စာ​တန်း​ထိုး​လျက်၊ ဣ​သ​ရေ​လ​အ​မည်​သစ်​ဖြင့် ကိုယ်​ကို​ကိုယ် မှည့်​လိမ့်​မည်။

ထို​သူ​တို့​သည် သွား၍ ကျောက်​ကို တံ​ဆိပ်​ခတ်​ပြီး​လျှင် အ​စောင့်​ထား​လျက် သင်္ချိုင်း​တွင်း​တော်​ကို လုံ​ခြုံ​စွာ​ပြု​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ