Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 9:34

Judson Bible

အ​ကျွန်ုပ်​တို့​ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည် တ​ရား​တော်​ကို​မ​စောင့်။ ပေး​ထား​တော်​မူ​သော ပ​ညတ်​များ​နှင့် သက်​သေ​ခံ​ချက်​များ​တို့​ကို နား​မ​ထောင်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က အ​ဓ​မ္မ​လမ်း​တို့​ကို ရှောင်​ကြ​လော့။ ငါ​သည် သင်​တို့​ဘိုး​ဘေး​တို့၌ ထား​သော​တ​ရား၊ ငါ့​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် ပေး​လိုက်​သော​တ​ရား​ကို အ​ကုန်​အ​စင်​ကျင့်၍၊ ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လော့​ဟု ပ​ရော​ဖက်​များ​နှင့် အ​နာ​ဂတ်​ဟော​ဆ​ရာ​များ​တို့​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး၌ သက်​သေ​ခံ​တော်​မူ​သော်​လည်း၊

စီ​ရင်​တော်​မူ​ချက်၊ ဘိုး​ဘေး​တို့​နှင့် ဖွဲ့​တော်​မူ​သော​ပ​ဋိ​ညာဉ်၊ သူ​တို့၌ သက်​သေ​ခံ​တော်​မူ​သော သက်​သေ​တို့​ကို​ပယ်၍ အ​န​တ္တ​တ​ရား​ကို ကျင့်​လျက် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ အ​ကြင်​တစ်​ပါး​အ​မျိုး​သား​ကျင့်​သ​ကဲ့​သို့ မ​ကျင့်​ကြ​နှင့်​ဟု ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ၏၊ ပတ်​လည်၌​နေ​သော ထို​အ​မျိုး​သား​နောက်​သို့​လိုက်​ကြ၏။

ငါ​တို့​အ​ဘ​များ​သည်​ပြစ်​မှား၍၊ ငါ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​မှ မျက်​နှာ​လွှဲ​လျက် ကျော​ခိုင်း​ကြ​ပြီ​တ​ကား။

ယ​ခု​လည်း အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ဤ​သို့ ပြု​မိ​ပြီး​မှ၊

နှစ်​ပေါင်း​များ​စွာ သူ​တို့​ကို​သည်း​ခံ၍၊ ကိုယ်​တော်၏ ပ​ရော​ဖက်​တို့၌​ရှိ​သော ကိုယ်​တော်၏ ဝိ​ညာဉ်​အား​ဖြင့် ဆုံး​မ​တော်​မူ​သော်​လည်း သူ​တို့​သည် နား​မ​ထောင်​သော​ကြောင့်၊ ဤ​ပြည်​သူ​ပြည်​သား​တို့​လက်​သို့ အပ်​တော်​မူ၏။

ကိုယ်​တော်​မူ​ကား အ​ကျွန်ုပ်​တို့​အ​ပေါ်​သို့ ရောက်​စေ​သ​မျှ​သော​အ​မှု၌ တ​ရား​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု​ကြ​ပါ​ပြီ။ ကိုယ်​တော်​သည် တ​ရား​သ​ဖြင့်​သာ စီ​ရင်​တော်​မူ​ပြီ။

ကြီး​သော​ကျေး​ဇူး​ကို ပြု​လျက် အပ်​ပေး​တော်​မူ၍၊ သူ​တို့​ပိုင်​သော​နိုင်​ငံ၊ သ​နား​တော်​မူ​သော​ပြည်​ကြီး၊ ပြည်​ကောင်း၌ နေ​ရ​သော်​လည်း၊ အ​မှု​တော်​ကို​မ​ဆောင်​မ​ရွက်၊ မိ​မိ​တို့​ပြု​သော ဒု​စ​ရိုက်​ကို မ​ရှောင်​ဘဲ​နေ​ကြ​ပါ၏။

အ​ကြောင်း​မူ​ကား၊ ငါ​သည်​စော​စော​ထ၍၊ အ​ထပ်​ထပ်​မှာ​ထား​စေ​လွှတ်​သော ငါ၏​ကျွန်​ပ​ရော​ဖက်​တို့၏​စ​ကား​ကို သူ​တို့​သည် နား​မ​ထောင်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​တို့​မှ​စ၍ ငါ​တို့​ဘိုး​ဘေး၊ ရှင်​ဘု​ရင်၊ မှူး​မတ်​တို့​သည် ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ၌ ပြု​ဖူး​သ​ကဲ့​သို့၊ ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ပြု​ခြင်း​ငှာ၊ ကိုယ်​အ​လို​အ​လျောက် စီ​ရင်​သည်​အ​တိုင်း ဆက်​ဆက်​ပြု​မည်။ အ​ထက်​က ဝ​စွာ​စား​ရ​ကြ၏။ ဘေး​နှင့်​လွတ်၍ ချမ်း​သာ​စွာ​နေ​ရ​ကြ၏။

ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ ငါ​မုန်း​သော​အ​မှု၊ ဤ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်​ဟု​ပြော​သော်​လည်း၊

ပတ်​လည်၌​ရှိ​သော တိုင်း​သူ​ပြည်​သား​တို့​သည် ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သည်​ထက်၊ ထို​မြို့​သား​တို့​သည် သာ၍ မ​တ​ရား​သ​ဖြင့် လွန်​ကျူး​ကြ​ပြီ။ ထို​ပ​ညတ်​တ​ရား​တော်​လမ်း​သို့ မ​လိုက်​ဘဲ ငြင်း​ပယ်​ကြ​ပြီ။

အ​ကျွန်ုပ်​တို့၏ ရှင်​ဘု​ရင်၊ မင်း​သား အ​သက်​ကြီး​သူ​မှ​စ၍ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​အား ကိုယ်​တော်၏​အခွင့်နှင့်ဟောပြောသော ကိုယ်တော်၏ကျွန်၊ ပ​ရော​ဖက်​တို့၏​စ​ကား​များ​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​ထောင်​ဘဲ နေ​ကြ​ပါ​ပြီ။

ဘေး​ဒဏ်​ရန်​မာန်​အ​ပေါင်း​တို့​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ထို​သီ​ချင်း​သည် သူ​တို့​တစ်​ဖက်၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​အ​မျိုး​အ​နွယ်​သည် နှုတ်​ကျက်​မ​မေ့​လျော့​ရ။ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ငါ​ဆောင်၍​မ​သွင်း​မီ၊ ယ​ခု​ပင် သူ​တို့​ကြံ​စည်​သော အ​ကြံ​အ​စည်​ကို​ငါ​သိ၏​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ