Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 8:18

Judson Bible

ပ​ထ​မ​နေ့​မှ​စ၍ နောက်​ဆုံး​သော​နေ့​တိုင်​အောင်၊ နေ့​ရက်​အ​စဉ်​အ​တိုင်း ဘု​ရား​သ​ခင်၏ ပ​ည​တ္တိ​ကျမ်း​စာ​ကို ဖတ်​ရွတ်​ကြ၏။ ထို​ပွဲ​ကို ခု​နစ်​ရက်​ပတ်​လုံး​ခံ​ကြ၏။ ရှစ်​ရက်​မြောက်​သော​နေ့၌ တ​ရား​တော်​အ​တိုင်း ဓ​မ္မ​ပွဲ​ကို​လည်း​ခံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

နား​ထောင်​နား​လည်​နိုင်​သ​မျှ​သော ပ​ရိ​သတ်​ယောက်ျား မိန်း​မ​တို့ ရှေ့​သို့ သ​တ္တ​မ​လ​ပ​ထ​မ​နေ့​ရက်​တွင်၊ ပ​ည​တ္တိ​ကျမ်း​စာ​ကို ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် ဆောင်​ခဲ့၍၊

နား​လည်​နိုင်​သော​သူ၊ ယောက်ျား​မိန်း​မ​တို့ ရှေ့​မှာ နံ​နက်​အ​ချိန်​မှ​စ၍ မွန်း​တည့်​အ​ချိန်​တိုင်​အောင် ရေ​တံ​ခါး​လမ်း​တွင် ဖတ်​ရွတ်​လေ၏။ လူ​အ​ပေါင်း​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို စေ့​စေ့​နား​ထောင်​ကြ၏။

ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​မည်။ အ​ဋ္ဌ​မ​နေ့၌​လည်း၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​မည်။ ထူး​ဆန်း​သော​စည်း​ဝေး​ခြင်း​ဖြစ်၍ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။

ထို​ပွဲ​တော်​ကို တစ်​နှစ်​တစ်​နှစ်​လျှင်​ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခံ​ရ​ကြ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​တော်​ဖြစ်​သ​တည်း။ ထို​ပွဲ​တော်​ကို သ​တ္တ​မ​လ၌​ခံ​ရ​ကြ​မည်။

အ​ဋ္ဌ​မ​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။

ထို​ပွဲ​ကို​ခံ၍ နောက်​ဆုံး​ဖြစ်​သော​နေ့​မြတ်၌ ယေ​ရှု​သည်​ရပ်၍ ကြွေး​ကြော်​တော်​မူ​သည်​ကား၊ ရေ​ငတ်​သော​သူ​ရှိ​လျှင် ငါ့​ထံ​သို့​လာ၍ သောက်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ