Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 8:17

Judson Bible

ထို​သို့ သိမ်း​သွား​ခြင်း​ကို ခံ​ရ​ရာ​ထဲ​က ထွက်​လာ​သော ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​တို့​ကို​လုပ်၍ ထိုင်​နေ​ကြ၏။ နုန်​သား ယော​ရှု​လက်​ထက်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ခါ​မျှ ထို​သို့​မ​ပြု​ကြ။ အ​လွန်​ဝမ်း​မြောက်​လျက် နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​သောက်၍ ပျော်​မွေ့​ခြင်း​ကို​ပြု​လျက် ဒါ​ဝိဒ်၏​သား​တော် ရှော​လ​မုန်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ဒု​တိ​ယ​အ​ကြိမ်​ချီး​မြှောက်၍ ထာ​ဝ​ရ​ဘု​ရား​အောက်​မှာ မင်း​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဇာ​ဒုတ်​ကို ယဇ်​ပု​ရော​ဟိတ် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ဘိ​သိက်​ပေး​ကြ၏။

ထို​သို့ ယေ​ရု​ရှ​လင်​မြို့၌ ကြီး​စွာ​သော​ဝမ်း​မြောက်​ခြင်း​ရှိ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​သား​ရှော​လ​မုန် လက်​ထက်​မှ​သည်၊ နောက်​တစ်​ဖန် ယေ​ရု​ရှ​လင်​မြို့၌ ထို​မျှ​လောက်​ကြီး​စွာ​သော ဝမ်း​မြောက်​ခြင်း​မ​ရှိ။

ယော​ရှိ​မင်း​နှင့် ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ စည်း​ဝေး​သော ယု​ဒ​ပြည်၊ ဣ​သ​ရေ​လ​ပြည်​သား၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​ခံ​သော ထို​ပ​သ​ခါ​ပွဲ​ကဲ့​သို့​သော​ပွဲ​ကို ပ​ရော​ဖက်​ရှ​မွေ​လ​လက်​ထက်​မှ​စ၍ ဣ​သ​ရေ​လ​နိုင်​ငံ၌​မ​ခံ။ ထို​သို့​သော​ပ​သ​ခါ​ပွဲ​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင် တစ်​ယောက်​မျှ​မ​ခံ။

ထို​မှ​တစ်​ပါး ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့၌​လည်း​ကောင်း၊ အ​ဇု​မ​ပွဲ၊ ခု​နစ်​သီ​တင်း​ပွဲ၊ သ​ကေ​နေ​ပွဲ​တည်း​ဟူ​သော တစ်​နှစ်​တစ်​နှစ်​လျှင် ဓ​မ္မ​ပွဲ​သုံး​ပွဲ​ခံ​သော​နေ့၌​လည်း​ကောင်း ယဇ်​ပူ​ဇော်​လေ့​ရှိ၏။

ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ သ​ကေ​နေ​ပွဲ​ကို​လည်း​ခံ၍ တ​ရား​နှင့်​အ​ညီ နေ့​တိုင်း​ပြု​သင့်​သော​ဝတ်​ကို ပြု​လျက်၊ နေ့​တိုင်း​မီး​ရှို့​ရာ​ယဇ်​တို့​ကို အ​ရေ​အ​တွက်​နှင့် ပူ​ဇော်​ကြ၏။

နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-

ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌၊ ခု​နစ်​ရက်​ပတ်​လုံး သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊ ဓ​မ္မ​ပွဲ​ကို​ခံ​ရ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ တိုး​ပွား​လေ​ရာ​ရာ၊ သင်​လုပ်​ဆောင်​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်၊ အ​မှန်​ရွှင်​လန်း​ခြင်း​ကို ပြု​ရ​မည်။

ယ​ခု​ဆို​ခဲ့​ပြီး​သော သူ​အ​ပေါင်း​တို့​သည်၊ က​တိ​တော်​နှင့်​စပ်​ဆိုင်​သော အ​ကျိုး​ကျေး​ဇူး​ကို မ​ခံ​ရ​ဘဲ၊ အ​ဝေး​က​မြော်​မြင်​လျက်၊ စိတ်​နှ​လုံး​နှင့် ဖက်​ယမ်း​လျက်၊ မိ​မိ​တို့​သည် မြေ​ကြီး​ပေါ်​မှာ တစ်​ကျွန်း​သူ​တစ်​နိုင်​ငံ​သား၊ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​သည်​ကို ထင်​ရှား​စွာ​ဝန်​ခံ​လျက်၊ ယုံ​ကြည်​ခြင်း​စိတ်​နှင့် သေ​လွန်​ကြ၏။-

သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​နေ​သ​ကဲ့​သို့၊ က​တိ​တော်​နှင့် စပ်​ဆိုင်​သော​ပြည်၌ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧည့်​သည်​ဖြစ်၍​နေ၏။ ထို​က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော အ​ဖော်​အ​ဖက်​တည်း​ဟူ​သော ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ တဲ၌​နေ​လေ၏။-

ယော​ရှု​သည် ထို​သူ​တို့​ကို ချမ်း​သာ​ပေး​သည် မှန်​လျှင်၊ ထို​နောက် အ​ခြား​သော​နေ့​ရက်​ကို အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။-

ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် အ​နိ​စ္စ​ရောက်​သော​နောက်၊ မော​ရှေ​လက်​ထောက်၊ နုန်၏​သား​ယော​ရှု​အား ထာ​ဝ​ရ​ဘု​ရား​က၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ