Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 8:16

Judson Bible

လူ​များ​တို့​သည် ထွက်​သွား၍၊ သစ်​ခက်​တို့​ကို ဆောင်​ခဲ့​ပြီး​လျှင် အိမ်​မိုး​ပေါ်​မှာ​လည်း​ကောင်း၊ မိ​မိ​ဝင်း​ထဲ၊ ဗိ​မာန်​တော် တံ​တိုင်း​ထဲ​မှာ​လည်း​ကောင်း၊ ရေ​တံ​ခါး​လမ်း​နှင့် ဧ​ဖ​ရိမ်​တံ​ခါး​လမ်း​မှာ​လည်း​ကောင်း သစ်​ခက်​တဲ​များ​ကို လုပ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​နေ့​ညဉ့်​ဦး​ယံ၌ ဒါ​ဝိဒ်​သည် လျောင်း​စက်​ရာ​မှ​ထ၍ နန်း​တော်​မိုး​ပေါ်​မှာ စင်္ကြံ​သွား​စဉ်​တွင်၊ အ​လွန်​အ​ဆင်း​လှ​သော မိန်း​မ​တစ်​ယောက်​ရေ​ချိုး​သည်​ကို မြင်​တော်​မူ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သည်၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သား​ဖြစ်​သော ယော​ရှ၏​သား​အာ​မ​ဇိ​ကို ဗက်​ရှေ​မက်​မြို့​မှာ ဖမ်း​မိ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​ရိုး အ​တောင်​လေး​ရာ​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​သည် ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ဖျက်​လေ၏။

ယော​ရှ​ဖတ်​သည် ဗိ​မာန်​တော်​တံ​တိုင်း​သစ်​ရှေ့၊ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​စည်း​ဝေး​ရာ ပ​ရိ​သတ်​အ​လယ်၌​ရပ်​လျက်၊

ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ရပ်​တွင်၊ မိုး​ကောင်း​ကင်​တန်​ဆာ​များ​အ​ဖို့ ယဇ်​ပ​လ္လင်​တို့​ကို​တည်၏။

သူ​တို့ တစ်​ဖက်​တစ်​ချက်၌​ရှိ​သော စမ်း​ရေ​တွင်း တံ​ခါး​သို့​ရောက်​မှ မြို့​ရိုး​တက်​ရာ၊ ဒါ​ဝိဒ်​မြို့​လှေ​ကား​ဖြင့် တက်၍၊ ဒါ​ဝိဒ်​အိမ်​တော် အ​ထက် အ​ရှေ့​မျက်​နှာ၌ ရေ​တံ​ခါး​တိုင်​အောင် သွား​ကြ၏။

ဧ​ဖ​ရိမ်​တံ​ခါး၊ ဟောင်း​သော​တံ​ခါး၊ ငါး​တံ​ခါး၊ ဟာ​န​နေ​လ​ပြ​အိုး၊ မေ​အာ​ပြ​အိုး​အ​ထက်​မှ​စ၍ သိုး​တံ​ခါး​တိုင်​အောင် လိုက်​သ​ဖြင့်၊ ထောင်​တံ​ခါး​ဝ​တွင် ရပ်​နေ​ကြ၏။

ထို​မှ​တစ်​ပါး၊ ဘု​ရား​ကျွန်​တို့​သည် အ​ရှေ့​မျက်​နှာ၊ ရေ​တံ​ခါး တစ်​ဖက်​တစ်​ချက်၌၊ မိ​မိ​တို့​နေ​ရာ ဩ​ဖေ​လ​ရဲ​တိုက်​ကို​လည်း​ကောင်း၊ ပြင်​သို့​ထွက်​သော ပြ​အိုး​ကို​လည်း​ကောင်း ပြင်​ကြ၏။

သ​တ္တ​မ​လ​ရောက်​မှ၊ မြို့​ရွာ​အ​ရပ်​ရပ်၌​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား လူ​အ​ပေါင်း​တို့​သည် လာ၍ ရေ​တံ​ခါး​လမ်း​တွင် စည်း​ဝေး​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော မော​ရှေ​ပ​ည​တ္တိ​ကျမ်း​စာ​ကို ဆောင်​ခဲ့​ပါ​ဟု ကျမ်း​တတ်​ဆ​ရာ​ဧ​ဇ​ရ​ကို တောင်း​သည်​အ​တိုင်း၊

နား​လည်​နိုင်​သော​သူ၊ ယောက်ျား​မိန်း​မ​တို့ ရှေ့​မှာ နံ​နက်​အ​ချိန်​မှ​စ၍ မွန်း​တည့်​အ​ချိန်​တိုင်​အောင် ရေ​တံ​ခါး​လမ်း​တွင် ဖတ်​ရွတ်​လေ၏။ လူ​အ​ပေါင်း​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို စေ့​စေ့​နား​ထောင်​ကြ၏။

အ​ကြင်​အိမ်​မိုး​အ​ပေါ်​မှာ ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​များ​ရှေ့၌ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု၏။ ထို​အိမ်​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​အိမ်​များ၊ ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​များ​တို့​သည် တော​ဖက်​အ​ရပ်​ကဲ့​သို့ မ​စင်​ကြယ်​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မှာ​ထား​တော်​မူ၏။

ဤ​မြို့​ကို​တိုက်​သော ခါ​လ​ဒဲ​လူ​တို့​သည် ဝင်၍ မီး​ရှို့​ကြ​လိမ့်​မည်။ ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ ဗာ​လ​ဘု​ရား​အ​ဖို့ အိမ်​မိုး​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​အ​ဖို့ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​ပြု​ရာ အိမ်​များ​နှင့်​တ​ကွ၊ တစ်​မြို့​လုံး​ကို မီး​လောင်​စေ​ကြ​လိမ့်​မည်။

လူ​သည် အိမ်​မိုး​ပေါ်​က​ကျ၍ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် မ​ရောက်​မည်​အ​ကြောင်း၊ အိမ်​အ​သစ်​ကို​ဆောက်​သော​အ​ခါ၊ အ​မိုး​နား​ပတ်​လည်၌ အ​ဆီး​အ​တား​ကို လုပ်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ