Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 8:13

Judson Bible

ဒု​တိ​ယ​နေ့​ရက်​တွင်၊ အ​ဆွေ​အ​မျိုး သူ​ကြီး​များ​တို့​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို နား​လည်​အံ့​သော​ငှာ၊ ကျမ်း​တတ်​ဆ​ရာ​ဧ​ဇ​ရ​ထံ၌ စည်း​ဝေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် ခု​နစ်​ရက်​ထပ်၍ ပွဲ​ခံ​ခြင်း​ငှာ တိုင်​ပင်​ပြီး​မှ၊ ရွှင်​လန်း​သော​စိတ်​နှင့် ခု​နစ်​ရက်​ထပ်၍ ပွဲ​ခံ​ကြ၏။

လူ​အ​ပေါင်း​တို့​သည် ဟော​ပြော​သော စ​ကား​များ​ကို နား​လည်​သော​ကြောင့်၊ စား​သောက်​ခြင်း၊ သူ​တစ်​ပါး​တို့​အား ဝေ​မျှ​ခြင်း၊ အ​လွန်​ပျော်​မွေ့​ခြင်း​ကို ပြု​အံ့​သော​ငှာ သွား​ကြ၏။

သ​တ္တ​မ​လ​ပွဲ​ကို​ခံ​ကြ​စဉ်၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ၌ နေ​ရ​ကြ​မည်​ဟု မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​ကြောင်း​ကို တွေ့​ကြ၏။

နည်း​ဥ​ပ​ဒေ​ကို ခံ​ချင်​သော​သူ​သည် ပ​ညာ​အ​တတ်​ကို​နှစ်​သက်၏။ ဆုံး​မ​ခြင်း​ကို​မုန်း​သော​သူ​မူ​ကား၊ တိ​ရ​စ္ဆာန်​သ​ဘော​ရှိ၏။

တ​ပည့်​တော်​တို့​က​လည်း၊ လမ်း​ခ​ရီး၌ ငါ​တို့​နှင့်​ဟော​ပြော၍ ကျမ်း​စာ​အ​နက်​ကို ဖွင့်​ပြ​တော်​မူ​သော​အ​ခါ၊ ငါ​တို့ စိတ်​နှ​လုံး​သည် ယို​ဖိတ်​မ​တတ်​ဖြစ်​သည် မ​ဟုတ်​လော​ဟု အ​ချင်း​ချင်း ပြော​ဆို​ကြ၏။

လူ​များ​တို့​သည် တ​ရား​ဇ​ရပ်​မှ ထွက်​သွား​ကြ​စဉ်၊ ထို​အ​ကြောင်း​အ​ရာ​တို့​ကို မိ​မိ​တို့​အား နောက်​ဥ​ပုသ်​နေ့၌ ဟော​ပြော​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-

ထို​သို့ တ​မန်​တော်​တို့​သည် လူ​များ​တို့​အား​ဟော​ပြော​စဉ်​တွင်၊ ဗိ​မာန်​တော်​မှူး​မှ​စ​သော ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဇ​ဒ္ဒု​ကဲ​များ​တို့​သည် လာ​ကြ​သ​ဖြင့်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ