Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 8:1

Judson Bible

သ​တ္တ​မ​လ​ရောက်​မှ၊ မြို့​ရွာ​အ​ရပ်​ရပ်၌​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား လူ​အ​ပေါင်း​တို့​သည် လာ၍ ရေ​တံ​ခါး​လမ်း​တွင် စည်း​ဝေး​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော မော​ရှေ​ပ​ည​တ္တိ​ကျမ်း​စာ​ကို ဆောင်​ခဲ့​ပါ​ဟု ကျမ်း​တတ်​ဆ​ရာ​ဧ​ဇ​ရ​ကို တောင်း​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ လူ​အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​နှင့်​တ​ကွ ဗိ​မာန်​တော်​သို့​တက်၍၊ ဗိ​မာန်​တော်၌​တွေ့​သော ပ​ဋိ​ညာဉ်​ကျမ်း​စာ​ရှိ​သ​မျှ​ကို သူ​တို့​ရှေ့​မှာ ဖတ်​တော်​မူ၏။

တွေ့​ကြောင်း​ကို စာ​ရေး​တော်​ရှာ​ဖန်​အား​ပြော​လျက် ထို​ကျမ်း​စာ​ကို​အပ်​ပေး၏။

ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ လူ​အ​ကြီး​အ​ငယ် အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဗိ​မာန်​တော်​သို့​တက်၍ ဗိ​မာန်​တော်၌​တွေ့​သော ပ​ဋိ​ညာဉ်​ကျမ်း​စာ​ရှိ​သ​မျှ​ကို သူ​တို့​ရှေ့​မှာ ဖတ်​တော်​မူ၏။

ထို​နောက်၊ ပေ​ရ​သိ​ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ်​လက်​ထက်၌၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး အာ​ရုန်၊ ဧ​လာ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊ ဗု​က္ကိ၊ ဩ​ဇိ၊ ဇေ​ရ​ဟိ၊ မေ​ရာ​ယုတ်၊ အာ​ဇ​ရိ၊ အာ​မ​ရိ၊ အ​ဟိ​တုတ်၊ ဇာ​ဒုတ်၊ ရှ​လ္လုံ၊ ဟိ​လ​ခိ၊ အာ​ဇ​ရိ၊ စ​ရာ​ယ​တို့​မှ ဆင်း​သက်​သော​သူ၊

အ​ကြောင်း​မူ​ကား၊ ဧ​ဇ​ရ​သည် ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို စစ်​ဆေး စောင့်​ရှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး၌ သွန်​သင်​ခြင်း​ငှာ​လည်း​ကောင်း သ​ဘော​ကျ​သော​သူ​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​စ​ကား​နှင့် ဣ​သ​ရေ​လ​အ​မျိုး၌ ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို လေ့​ကျက်​သော​ဆ​ရာ ယဇ်​ပု​ရော​ဟိတ် ဧ​ဇ​ရ​အား၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး ပေး​တော်​မူ​သော အ​မိန့်​တော်​စာ​ချက် ဟူ​မူ​ကား၊

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​ကို လေ့​ကျက်​သော​ဆ​ရာ ဖြစ်​သော​သူ​ဧ​ဇ​ရ​သည် ဗာ​ဗု​လုန်​မြို့​မှ ထွက်​သွား၏။ ထို​သူ​တောင်း​သ​မျှ​ကို သူ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား တန်​ခိုး​တော်​ကြောင့် ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။

ထို​သူ​တို့​သည် ယော​ဇ​ဒက်​သား ယော​ရှု၏​သား ယော​ယ​ကိမ်​လက်​ထက်၊ မြို့​ဝန်​နေ​ဟ​မိ​လက်​ထက်၊ ကျမ်း​တတ်​ယဇ်​ပု​ရော​ဟိတ် ဧ​ဇ​ရ​လက်​ထက်၌ ရှိ​ကြ၏။

သူ​တို့ တစ်​ဖက်​တစ်​ချက်၌​ရှိ​သော စမ်း​ရေ​တွင်း တံ​ခါး​သို့​ရောက်​မှ မြို့​ရိုး​တက်​ရာ၊ ဒါ​ဝိဒ်​မြို့​လှေ​ကား​ဖြင့် တက်၍၊ ဒါ​ဝိဒ်​အိမ်​တော် အ​ထက် အ​ရှေ့​မျက်​နှာ၌ ရေ​တံ​ခါး​တိုင်​အောင် သွား​ကြ၏။

ထို​မှ​တစ်​ပါး၊ ဘု​ရား​ကျွန်​တို့​သည် အ​ရှေ့​မျက်​နှာ၊ ရေ​တံ​ခါး တစ်​ဖက်​တစ်​ချက်၌၊ မိ​မိ​တို့​နေ​ရာ ဩ​ဖေ​လ​ရဲ​တိုက်​ကို​လည်း​ကောင်း၊ ပြင်​သို့​ထွက်​သော ပြ​အိုး​ကို​လည်း​ကောင်း ပြင်​ကြ၏။

လူ​များ​တို့​သည် ထွက်​သွား၍၊ သစ်​ခက်​တို့​ကို ဆောင်​ခဲ့​ပြီး​လျှင် အိမ်​မိုး​ပေါ်​မှာ​လည်း​ကောင်း၊ မိ​မိ​ဝင်း​ထဲ၊ ဗိ​မာန်​တော် တံ​တိုင်း​ထဲ​မှာ​လည်း​ကောင်း၊ ရေ​တံ​ခါး​လမ်း​နှင့် ဧ​ဖ​ရိမ်​တံ​ခါး​လမ်း​မှာ​လည်း​ကောင်း သစ်​ခက်​တဲ​များ​ကို လုပ်​ကြ၏။

နား​လည်​နိုင်​သော​သူ၊ ယောက်ျား​မိန်း​မ​တို့ ရှေ့​မှာ နံ​နက်​အ​ချိန်​မှ​စ၍ မွန်း​တည့်​အ​ချိန်​တိုင်​အောင် ရေ​တံ​ခါး​လမ်း​တွင် ဖတ်​ရွတ်​လေ၏။ လူ​အ​ပေါင်း​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို စေ့​စေ့​နား​ထောင်​ကြ၏။

တ​ရား​တော်​ကို​လည်း​ကောင်း၊ သက်​သေ​ခံ​တော်​မူ​ချက်​ကို​လည်း​ကောင်း နား​ထောင်​ကြ​ကုန်။ သူ​တို့​ပြော​သော​စ​ကား​သည် နှုတ်​က​ပတ်​တော်​နှင့်​မ​ညီ​လျှင်၊ သူ​တို့၌ အ​ရုဏ်​မ​တက်​သေး။

မော​ရှေ​မှာ​ထား​သော​အ​ရာ​တို့​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ဆောင်​ခဲ့​ပြီး​မှ၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ချဉ်း​ကပ်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ဟော​ရပ်​အ​ရပ်၌​ငါ​မှာ​ထား​သော၊ ငါ့​ကျွန်​မော​ရှေ၏​တ​ရား​တည်း​ဟူ​သော စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို အောက်​မေ့​ကြ​လော့။

ကိုယ်​တော်​က​လည်း၊ သို့​ဖြစ်၍ ကောင်း​ကင်​နိုင်​ငံ​တော်၏ အ​ကြောင်း​အ​ရာ​ကို သင်​ပြီး​သော​ကျမ်း​ဆ​ရာ မည်​သည်​ကား၊ မိ​မိ​ဘ​ဏ္ဍာ​ထဲ​က အ​ထူး​ထူး​အ​ပြား​ပြား​သော အ​သစ်​အ​ဟောင်း​တို့​ကို ထုတ်​ဖော်​သော​အိမ်​ရှင်​နှင့် တူ​သည်​ဟု မိန့်​တော်​မူ၏။

လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်၏ တံ​ခါး​ကို လူ​တို့​ရှေ့​မှာ​ပိတ်​ထား၍ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ၏။

ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့​သည် မော​ရှေ၏​ထိုင်​ရာ ပ​လ္လင်​ပေါ်​မှာ ထိုင်​ကြ၏။-

ထို​ကြောင့် ဗျာ​ဒိတ်​တော်​အ​ချက် ဟူ​မူ​ကား ပ​ရော​ဖက်​ပ​ညာ​ရှိ ကျမ်း​ပြု​ဆ​ရာ​တို့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်၏။ ထို​သူ​အ​ချို့​တို့​ကို ကွပ်​မျက်၍ လက်​ဝါး​ကပ်​တိုင်၌ သတ်​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို တ​ရား​ဇ​ရပ်၌ ရိုက်၍ တစ်​မြို့​မှ တစ်​မြို့​သို့ ညှဉ်း​ဆဲ​နှင်​ထုတ်​ကြ​လိမ့်​မည်။-

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​လ​တ္တံ့​သော အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ကိုယ်​ကို​ပြ​ခြင်း​ငှာ လာ​ကြ​သော​အ​ခါ၊ ဤ​ပ​ညတ်​တ​ရား​ကို ထို​ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ဖတ်​ရွတ်​ရ​မည်။

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဂိ​လဒ်​ပြည်​သား​တို့​နှင့်​တ​ကွ ထ​လျက်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ မိ​ဇ​ပါ​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စည်း​ဝေး​ကြ၏။

လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ ထ၍ ငါ​တို့​သည် တစ်​ယောက်​မျှ မိ​မိ​တဲ​သို့​မ​သွား၊ မိ​မိ​အိမ်​သို့​မ​ပြန်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ