ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ သာမညလူအချို့၊ ဘုရားကျွန်အစရှိသော ဣသရေလ ပြည်သူပြည်သားအပေါင်းတို့သည်၊ မိမိတို့နေရာ မြို့ရွာတို့၌ နေရာကျကြ၏။
မြို့သို့သွား၍ တံခါးပြင်၌ ဟစ်ခေါ်လျက်၊ ငါတို့သည် ရှုရိတပ်သို့ရောက်၍ အဘယ်သူကိုမျှမတွေ့။ လူသံကိုမကြား။ မြင်း၊ မြည်းတို့ကို ချည်နှောင်လျက်၊ တဲများလည်း တတ်တိုင်းရှိသည်ကိုတွေ့ပါ၏ဟု ကြားပြောသည်အတိုင်း၊
နောက်တစ်ဖန် ကိုယ်ပိုင်ထိုက်သော မြို့ရွာတို့၌ အဦးဆုံးနေရာကျသောသူကား၊ ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန် အသီးအသီး ဖြစ်ကြ၏။
ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ သာမညလူအချို့၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်တို့သည် မိမိတို့နေရာ မြို့ရွာတို့၌လည်းကောင်း၊ ဣသရေလ ပြည်သူပြည်သား အပေါင်းတို့သည် မိမိတို့နေရာ မြို့ရွာတို့၌လည်းကောင်း နေရာကျကြ၏။
သတ္တမလရောက်မှ မြို့ရွာအရပ်ရပ်၌ နေသော ဣသရေလအမျိုးသား လူအပေါင်းတို့သည်၊ ယေရုရှလင်မြို့သို့ တညီတညွတ်တည်း လာ၍ စုဝေးကြ၏။
ယုဒမြို့ရွာတို့တွင် ဣသရေလလူ၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန်၊ ရှောလမုန်၏ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ဆိုင်ရာအရပ်၌ နေကြ၏။ ယေရုရှလင်မြို့၌နေသော ပြည်သူပြည်သား အကြီးအကဲ၊ မင်းအရာရှိဟူမူကား၊
ကြွင်းသောသူတို့သည်လည်း ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက်နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ်စုံ ခြောက်ဆယ်ခုနစ်စုံကို သွင်းကြ၏။