ကြွင်းသောသူတို့သည်လည်း ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက်နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ်စုံ ခြောက်ဆယ်ခုနစ်စုံကို သွင်းကြ၏။
ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒသည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရောဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့သည် ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။
သတ္တမလရောက်မှ မြို့ရွာအရပ်ရပ်၌ နေသော ဣသရေလအမျိုးသား လူအပေါင်းတို့သည်၊ ယေရုရှလင်မြို့သို့ တညီတညွတ်တည်း လာ၍ စုဝေးကြ၏။
ကြွင်းသောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ ဘုရားကျွန်အစရှိသော ဘုရားသခင်၏ တရားကိုစောင့်အံ့သောငှာ၊ ထိုပြည်သားတို့နှင့်ကွာသော သူအပေါင်းတို့သည် မယားသားသမီးတို့နှင့်တကွ အကျိုးအကြောင်းကို နားလည်သောသူဖြစ်၍၊
အဆွေအမျိုး သူကြီးသွင်းသော ရွှေငွေပေါင်းကား၊ ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက် နှစ်သောင်းနှစ်ထောင်တည်း။
ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ သာမညလူအချို့၊ ဘုရားကျွန်အစရှိသော ဣသရေလ ပြည်သူပြည်သားအပေါင်းတို့သည်၊ မိမိတို့နေရာ မြို့ရွာတို့၌ နေရာကျကြ၏။