Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 7:70

Judson Bible

အ​ဆွေ​အ​မျိုး သူ​ကြီး​အ​ချို့​တို့​သည် အ​မှု​တော်​ကို​ဆောင်​ရွက်​စ​ရာ လှူ​ကြ၏။ ပြည်​အုပ်​မင်း​သည်​လည်း ရွှေ​ဒင်္ဂါး​တစ်​ထောင်၊ အင်​တုံ​ငါး​ဆယ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​စုံ ငါး​ရာ​သုံး​ဆယ်​ကို ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အိုး​များ၊ ရေ​မှုတ်​များ၊ အင်​တုံ​ငယ်​များ​တည်း။ ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ဟိ​ရံ​လုပ်​သ​မျှ​သော ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တန်​ဆာ​တို့​သည် ပြောင်​ပြောင်​တောက်​သော ကြေး​ဝါ​ဖြင့် ပြီး​ကြ၏။

အ​မဲ​သား​ချိတ်၊ အင်​တုံ၊ ဖ​လား​များ​အ​ဖို့ ရွှေ​စင်​ကို​လည်း​ကောင်း၊ ရွှေ​လင်​ပန်း​နှင့် ငွေ​လင်​ပန်း အ​သီး​အ​သီး​အ​ဖို့ ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ချိန်၍ အပ်​တော်​မူ၏။

ဟိ​ရံ​သည် အိုး​များ၊ ရေ​မှုတ်​များ၊ အင်​တုံ​ငယ်​များ​ကို​လည်း လုပ်​သ​ဖြင့်၊ ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ဘု​ရား​သ​ခင်၏​အိမ်​တော်၌ လက်​စ​သတ်​သော အ​ရာ​များ​ဟူ​မူ​ကား၊

စား​ပွဲ​ဆယ်​ခု​ကို​လည်း​လုပ်၍ ဗိ​မာန်​တော်​အ​တွင်း လက်​ယာ​ဘက်၌ ငါး​ခု၊ လက်​ဝဲ​ဘက်၌ ငါး​ခု​ကို ထား​လေ၏။ ရွှေ​ဖ​လား​တစ်​ရာ​ကို​လည်း လုပ်​လေ၏။

တံ​ဆိပ်​ခတ်​သော​သူ ဟူ​မူ​ကား၊ ဟာ​ခ​လိ​သား ပြည်​အုပ်​မင်း နေ​ဟ​မိ၊ ယဇ်​ပု​ရော​ဟိတ် ဇိ​ဒ​ကိ​ယ၊

ဥ​ရိမ်​နှင့်​သု​မိမ်​ပါ​သော ယဇ်​ပု​ရော​ဟိတ် မ​ပေါ်​မီ​တိုင်​အောင် သူ​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​စား​ရ​ဟု ပြည်​အုပ်​မင်း​စီ​ရင်၏။

ကု​လား​အုတ်​ပေါင်း လေး​ရာ​သုံး​ဆယ်​ငါး​စီး၊ မြည်း​ပေါင်း ခြောက်​ထောင်​ခု​နစ်​ရာ နှစ်​ဆယ်​တည်း။

အ​ဆွေ​အ​မျိုး သူ​ကြီး​သွင်း​သော ရွှေ​ငွေ​ပေါင်း​ကား၊ ရွှေ​ဒင်္ဂါး​နှစ်​သောင်း၊ ငွေ​အ​ခွက် နှစ်​သောင်း​နှစ်​ထောင်​တည်း။

လူ​အ​ပေါင်း​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို ကြား​သော​အ​ခါ ငို​ကြွေး​ကြ​သည်​ဖြစ်၍၊ ပြည်​အုပ်​မင်း နေ​ဟ​မိ၊ ကျမ်း​တတ်​ဆ​ရာ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ၊ လူ​များ​တို့​အား သွန်​သင်​သော လေ​ဝိ​သား​တို့​က၊ ဤ​သည်​နေ့​ရက်​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​နေ့​ဖြစ်၏။ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ကြ​နှင့်။

ဟုဿုပ်​ပင်​ညွန့်​တစ်​စည်း​ကို​ယူ၍ အင်​တုံ၌​ထည့်​သော အ​သွေး​ထဲ​မှာ​နှစ်​ပြီး​လျှင်၊ တံ​ခါး​ထုပ်​တံ​ခါး​တိုင်​နှစ်​ဖက်​တို့​ကို ထိုး​သုတ်​ကြ​လော့။ ထို​နောက်​မှ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ မိ​မိ​အိမ်​တံ​ခါး​ပြင်​သို့ မ​ထွက်​မ​သွား​ရ။

မော​ရှေ​သည်​လည်း၊ အ​သွေး​တစ်​ဝက်​ကို အင်​တုံ၌​ထည့်၍၊ တစ်​ဝက်​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​လေ၏။

ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တည်း​ဟူ​သော အင်​တုံ၊ လင်​ပန်း၊ အိုး၊ အိုး​ကင်း၊ မီး​ခုံ၊ ဇွန်း၊ ဖ​လား​များ​ကို၊ ရွှေ​ဖြစ်​စေ၊ ငွေ​ဖြစ်​စေ၊ ကိုယ်​ရံ​တော်​မှူး​သည် ယူ​သွား​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ