နေဟမိ 6:7Judson Bibleယုဒပြည်၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကိုရည်ဆောင်၍ ယေရုရှလင်မြို့၌ ဟောပြောရသော ပရောဖက်တို့ကို သင်ခန့်ထားပြီ။ ထိုစကားအတိုင်း ရှင်ဘုရင်အား ကြားလျှောက်ရမည်။ သို့ဖြစ်၍ လာပါ။ တိုင်ပင်ကြကုန်အံ့ဟု စာ၌ပါသတည်း။ အခန်းကိုကြည့်ပါ။ |
သူသည် ယနေ့ဆင်းသွား၍၊ ဆူဖြိုးသော သိုးနွားများတို့ကိုသတ်ပြီးလျှင် မင်းကြီး၏သားတော်အပေါင်းတို့ကိုလည်းကောင်း၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ်အဗျာသာကိုလည်းကောင်း ခေါ်ဖိတ်ပါပြီ။ သူတို့သည် အဒေါနိယရှေ့မှာ စားသောက်လျက်၊ အဒေါနိယမင်းကြီးသည် အသက်ရှင်စေသတည်းဟု ကြွေးကြော်လျက် ယခုရှိကြပါ၏။
ထိုကြောင့်၊ နက်ဖြန်နေ့၌ စစ်သူကြီးသည် ပေါလုကို ကိုယ်တော်တို့ထံသို့ ပို့ဆောင်စေခြင်းငှာ၊ သူ့ကိုသာ၍ စေ့စေ့စစ်ကြောမည် အဟန်ပြု၍၊ လွှတ်အရာရှိများနှင့်အတူ ကိုယ်တော်တို့သည် စစ်သူကြီးကို လျှောက်ကြပါလော့။ ပေါလုသည် ကိုယ်တော်တို့ထံသို့ မရောက်မီအကြားတွင် အကျွန်ုပ်တို့သည် သူ့ကိုသတ်ခြင်းငှာ အသင့်ရှိနှင့်ပါပြီဟု လျှောက်ကြ၏။