နေဟမိ 6:6Judson Bibleစာချက်ဟူမူကား၊ သင်နှင့်ယုဒလူတို့သည် ပုန်ကန်မည်အကြံ ရှိသည်ဟု လူအမျိုးမျိုး ပြောဆိုကြ၏။ ဂေရှင်လည်း သက်သေခံ၏။ ထိုစကားနှင့်အညီ သင်သည် ယုဒရှင်ဘုရင် ဖြစ်လိုသောငှာ၊ မြို့ရိုးကိုတည်၏။ အခန်းကိုကြည့်ပါ။ |
ယေရုရှလင်မြို့သည် ပုန်ကန်တတ်သောမြို့၊ ရှင်ဘုရင်အကျိုးနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဖျက်ဆီးတတ်သောမြို့ ဖြစ်ဖူး၍၊ ရှေးကာလ၌ မြို့ထဲမှာ ပုန်ကန်သောအကြံကို အစဉ်ပြုစုသောကြောင့်၊ အတိုက်အဖျက် ခံရပါသည် အကြောင်းအရာများကို ထိုမှတ်စာ၌တွေ့၍ သိတော်မူပါလိမ့်မည်။
လူများကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ်သိမ်းသော အရပ်တို့၌ ကြောက်မက်ဖွယ်သော အကြောင်းရှိ၏။ သူတစ်ပါးတို့က သတင်းကို ကြားပြောကြလော့။ ငါတို့သည် တစ်ဆင့် ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာ အစဉ်နေသော ငါ၏မိတ်ဆွေအပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသောစိတ်ပြေစေခြင်းငှာ၊ သူ့ကို သွေးဆောင်ကောင်း သွေးဆောင်လိမ့်မည်ဟု ဆိုကြ၏။