သမ္ဘာလတ်နှင့်ဂေရှင်တို့က လာပါ။ ဩနောချိုင့်တွင် ခေဖိရိမ်ရွာမှာ တွေ့ကြကုန်အံ့ဟု မကောင်းသော အကြံရှိ၍ ငါ့ကိုမှာလိုက်ကြ၏။
ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကိုမေး၍ နမ်းဟန်ဆောင်လျက် လက်ယာလက်နှင့် အာမသ၏မုတ်ဆိတ်ကို ကိုင်၏။
အာဗနာသည် ဟေဗြုန်မြို့သို့ရောက်သောအခါ၊ ယွာဘသည် အသင့်အတင့်နှုတ်ဆက်ခြင်းငှာ၊ မြို့တံခါးနားသို့ ခေါ်ပြီးလျှင်၊ ညီအာသဟေလ သေသည်အတွက် သူ၏ဝမ်းကိုထိုး၍ သူသည်လည်းသေ၏။
ဧလပါလသားကား ဧဗာ၊ မိရှဟံ၊ ရှာမက်တည်း။ ရှာမက်သည် ဩနောမြို့၊ လောဒမြို့နှင့် ကျေးလက်များကို ပြုစုသောသူဖြစ်၏။
လောဒ၊ ဩနောမြို့များ၌လည်းကောင်း၊ ဆရာသမားချိုင့်၌လည်းကောင်း နေကြ၏။
သူ့နောက်မှ၊ ချိုင့်အရပ်သား ယဇ်ပုရောဟိတ် တို့သည် ပြင်ကြ၏။
ငါကလည်း၊ ငါသည် ကြီးသောအမှုကို ဆောင်ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို မဆောင်ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍၊ အဘယ်ကြောင့် အမှုပြတ်ရမည်နည်းဟု တမန်တို့ကို စေလွှတ်၍ ပြန်ပြော၏။
အိမ်နီးချင်းတို့သည် တစ်ဦးကိုတစ်ဦး မုသားသုံး၍ ချော့မော့သောနှုတ်ခမ်း၊ နှစ်ခွသောစိတ်နှင့် ပြောတတ်ကြပါ၏။
မတရားသောသူသည် ဖြောင့်မတ်သောသူတစ်ဖက်၌ ကြံစည်၍ အံသွားခဲကြိတ်တတ်၏။
မတရားသောသူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း၍ သတ်ခြင်းငှာ ရှာကြံတတ်၏။
တစ်ဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်းမွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကိုလည်းကောင်း၊ ထိုသို့သောအမှုတို့ကြောင့် သူတစ်ပါးငြူစူကြောင်းကိုလည်းကောင်း ငါဆင်ခြင်၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စားသောအမှုဖြစ်၏။
ထိုအခါ နာသနိသား ဣရှမေလနှင့် ထိုလူတစ်ကျိပ်တို့သည်ထ၍၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည်အုပ်လုပ်သော ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိကို ဓားနှင့်ခုတ်၍သတ်ကြ၏။
ငါ၏လူကဲ့သို့ သင့်ထံသို့လာ၍၊ ငါ၏လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက်၊ သင်၏စကားကို ကြားသော်လည်း၊ နားမထောင်ဘဲနေကြ၏။ အလွန်ချစ်ဖွယ်သောလက္ခဏာကို နှုတ်နှင့်ပြသော်လည်း၊ စိတ်နှလုံးမူကား လောကီဥစ္စာကို စွဲလမ်းလျက်ရှိ၏။