Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 5:8

Judson Bible

တစ်​ပါး​အ​မျိုး​သား​တို့​လက်၌ ကျွန်​ခံ​သော ငါ​တို့​ညီ​အစ်​ကို ယု​ဒ​လူ​တို့​ကို၊ ငါ​တို့​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း ရွေး​နုတ်​ပြီး​မှ၊ သင်​တို့​သည် ညီ​အစ်​ကို​တို့​ကို တစ်​ဖန် ရောင်း​ဦး​မည်​လော။ သူ​တို့​သည် အ​မျိုး​သား​ချင်း​တို့​တွင် အ​ရောင်း​ခံ​ရ​မည်​လော​ဟု ဆို​လျှင်၊ သူ​တို့​သည် ပြန်​ပြော​စ​ရာ​မ​ရှိ၊ တိတ်​ဆိတ်​စွာ နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငါ​က​လည်း၊ သင်​တို့​ပြု​သော​အ​မှု မ​ကောင်း​ပါ​တ​ကား။ ငါ​တို့ ရန်​သူ​ဖြစ်​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် ငါ​တို့​ကို​ကဲ့​ရဲ့​မည်​ဟု စိုး​ရိမ်၍၊ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​စိတ်​နှင့် သင်​တို့​ကျင့်​သင့်​သည် မ​ဟုတ်​လော။

မှူး​မတ်​တို့​သည်​လည်း တိတ်​ဆိတ်​စွာ​နေ၍၊ သူ​တို့​လျှာ​သည် အာ​ခေါင်၌ ကပ်​လေ၏။

ဤ​သူ​တို့​သည် မိန်း​မော​တွေ​ဝေ​လျက်​ပြန်၍ မ​ပြော​ဘဲ တိတ်​ဆိတ်​စွာ နေ​ကြ၏။

လူ​ကို​ခိုး​သော​သူ​သည်၊ ရောင်း​သည်​ဖြစ်​စေ၊ သူ၏​လက်၌​ရှိ​သည်​ဖြစ်​စေ၊ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။

အ​ဆွေ၊ မင်္ဂ​လာ​ဆောင်​ပွဲ၏ အ​ဝတ်​မ​ရှိ​ဘဲ အ​ဘယ်​ကြောင့် ဝင်​သ​နည်း​ဟု မေး​တော်​မူ​သည်​ကို ထို​သူ​သည် မ​ပြော​နိုင်​ဘဲ​နေ၏။-

တစ်​ဦး၌ အ​ခွက်​နှစ်​ဆယ်၊ တစ်​ဦး၌ အ​ခွက်​တစ်​ဆယ်​ကို အပ်​ပေး​ပြီး​မှ ချက်​ချင်း​သွား​လေ၏။-

အ​ကြောင်း​မူ​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ၌ ကြွယ်​ဝ​ပြည့်​စုံ​စေ​ခြင်း​ငှာ ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။-

သင်၏​ညီ​အစ်​ကို​သည် သင်​စား​သော အ​စာ​ကြောင့် စိတ်​နာ​ရ​လျှင်၊ သင်​သည် မေ​တ္တာ​တ​ရား​ကို မ​ကျင့်။ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို ခံ​သော​သူ​ကို သင်၏​အ​စာ​အား​ဖြင့် အ​ကျိုး​မ​နည်း​စေ​နှင့်။-

ပ​ညတ်​တ​ရား၌ ပါ​သ​မျှ​သော​စ​ကား​တို့​သည် ပ​ညတ်​တ​ရား​ကို ခံ​သော​သူ​တို့​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့ သိ​ကြ၏။ ထို​သို့​ဖြစ်၍၊ လော​ကီ​သား​အ​ပေါင်း​တို့​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​နိုင်​ဘဲ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ပြစ်​သင့်သော​သူ​ဖြစ်​ကြ၏။-

ထို​သို့​ဖြစ်​လျှင်၊ အ​ကြင်​ညီ​အစ်​ကို​အ​ဖို့ အ​လို​ငှာ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ၏။ အား​နည်း​သော ထို​ညီ​အစ်​ကို​သည် သင်၏​ဉာဏ်​ကြောင့် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ပါ​သည်​တ​ကား၊-

အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​သည် အ​သင့်​ရှိ​လျှင်၊ မ​တတ်​နိုင်​သော​အ​မှု​ကို မ​ထောက်​ဘဲ၊ တတ်​နိုင်​သော​အ​မှု​ကို ထောက်၍ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။-

ထို​ကြောင့်​ငါ​တို့​သည် အ​ဆင်​သင့်​သည်​အ​တိုင်း ယုံ​ကြည်​ခြင်း၏ အိမ်​သူ​အိမ်​သား​တို့၌ အ​ထူး​သ​ဖြင့် ကျေး​ဇူး​ပြု​လျက်၊ ခပ်​သိမ်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​ကုန်​အံ့။

လူ​သည် မိ​မိ​အ​မျိုး​သား​ချင်း​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ကို​ခိုး၍ ကျွန်​အ​ရာ၌ ထား​သည်​ဖြစ်​စေ၊ ရောင်း​သည်​ဖြစ်​စေ၊ ထို​သူ​ခိုး​ကို​တွေ့​မိ​လျှင် အ​သေ​သတ်​ရ​မည်။ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ထို​သို့​ပယ်​ရှား​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ