Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 5:19

Judson Bible

အို​အ​ကျွန်ုပ် ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​အ​ဖို့ အ​ကျွန်ုပ်​ပြု​သ​မျှ​အ​တွက် အ​ကျွန်ုပ်​ကို အောက်​မေ့၍ ကျေး​ဇူး​ပြု​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ချမ်း​သာ​ရ​သော​အ​ခါ ကျွန်ုပ်​ကို​အောက်​မေ့၍ ကျေး​ဇူး​ပြု​ပါ​လော့။ ဖာ​ရော​ဘု​ရင်​ကို​လျှောက်၍ ကျွန်ုပ်​ကို​ဤ​အိမ်​မှ​နုတ်​ယူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​သ​စ္စာ​စောင့်​လျက်၊ စုံ​လင်​သော​စိတ်​နှ​လုံး​နှင့်​ကျင့်၍ နှစ်​သက်​တော်​မူ​သည်​အ​တိုင်း ပြု​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု အ​လွန်​ငို​ကြွေး​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။

အို အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့် အိမ်​တော်​အ​ဖို့၊ အိမ်​တော်​အ​မှု​စောင့်​ခြင်း​အ​ဖို့ အ​ကျွန်ုပ်​ပြု​သော ကျေး​ဇူး​ကို ချေ​တော်​မ​မူ​ပါ​နှင့်။

လေ​ဝိ​သား​တို့​သည်​လည်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော​ကိုယ်​နှင့် လာ၍ တံ​ခါး​တို့​ကို စောင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ က​ရု​ဏာ​တော် များ​ပြား​သည်​အ​တိုင်း အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။

ချိန်း​ချက်​သော​အ​ချိန်၌ ထင်း​ပူ​ဇော်​သ​ကာ​နှင့် အ​ဦး​သီး​သော​အ​သီး​ကို ပူ​ဇော်​စေ​ခြင်း​ငှာ စီ​ရင်၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကျေး​ဇူး​ပြု​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ နေ​ဟ​မိ​မှတ်​စာ​ပြီး၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရွေး​ကောက်​တော်​မူ​သော​သူ​တို့၏​ကောင်း​ကျိုး​ကို မြင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

အ​ကျွန်ုပ်​မူ​ကား၊ ဆင်း​ရဲ​ငတ်​မွတ်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ကို​အောက်​မေ့​တော်​မူ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​သော​သူ၊ ကယ်​တင်​သော​သူ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ဆိုင်း​လင့်​တော်​မ​မူ​ပါ​နှင့်။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။

အ​ကြင်​သူ​သည် တ​ပည့်​တော်၏ မျက်​နှာ​ကို​ထောက်၍ ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား ရေ​တစ်​ခွက်​ကို​မျှ​ပေး၏။ ထို​သူ​သည် အ​ကျိုး​ကို မ​ရ​ဘဲ​မ​နေ​ရာ၊ ငါ​အ​မှန်​ဆို​သည်​ဟု မှာ​ထား​တော်​မူ၏။-

သင်​တို့​သည် ခ​ရစ်​တော်​နှင့် ဆိုင်​သည်​ဟု ငါ့​မျက်​နှာ​ကို​ထောက်၍ အ​ကြင်​သူ​သည် သင်​တို့​အား ရေ​တစ်​ခွက်​ကို​မျှ​ပေး၏။ ထို​သူ​သည် အ​ကျိုး​ကို မ​ရ​ဘဲ​မ​နေ​ရာ၊ ငါ​အ​မှန်​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ