Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 4:8

Judson Bible

ယေ​ရု​ရှ​လင်​မြို့​ကို စစ်​ချီ၍​တိုက်​မည်။ ထို​အ​မှု​ကို ဖျက်​မည်​ဟု တ​ညီ​တ​ညွတ်​တည်း တိုင်​ပင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရဲ​ရင့်​သော​စိတ်​ရှိ၍ ငါ​တို့​လူ​မျိုး၊ ငါ​တို့​ဘု​ရား​သ​ခင့်​မြို့​ရွာ​တို့​အ​ဖို့ အား​ထုတ်၍ တိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟု ဆို​ပြီး​မှ၊

ခွန်​အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ အာ​ရှု​ရိ ရှင်​ဘု​ရင်​နှင့် သူ၌​ပါ​သော​အ​လုံး​အ​ရင်း အ​ပေါင်း​တို့ ကြောင့် မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ ငါ​တို့​ဘက်၌​နေ​သော သူ​တို့​သည်၊ သူ့​ဘက်၌ နေ​သော​သူ​တို့​ထက်​သာ၍ များ​ကြ၏။

အို​ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ ပ​ညတ်​တော်​တို့​ကို နှစ်​သက်၍ ကျင့်​စောင့်​သော သူ​တို့​နှင့်​ဖွဲ့​သော က​ရု​ဏာ​ပ​ဋိ​ညာဉ်​ကို မ​ဖျက်၊ တည်​စေ​တော်​မူ​သော ဘု​ရား၊

ယေ​ရု​ရှ​လင်​မြို့​ရိုး​မြင့်၍ ပြို​ပျက်​ရာ​တို့​ကို ပြင်​စ​ပြု​ကြ​သည်​ဟု သ​မ္ဘာ​လတ်​နှင့် တော​ဘိ​အ​စ​ရှိ​သော အာ​ရပ်​လူ၊ အ​မ္မုန်​လူ၊ အာ​ဇုတ်​လူ​တို့​သည် ကြား​သော​အ​ခါ၊ အ​လွန်​ဒေါ​သ​စိတ်​ရှိ​သ​ဖြင့်၊

လူ​များ​ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ကြား​ရ၏။ ခပ်​သိမ်း​သော အ​ရပ်​တို့၌ ကြောက်​မက်​ဖွယ်​သော အ​ကြောင်း​ရှိ၏။ သူ​တစ်​ပါး​တို့​က သ​တင်း​ကို ကြား​ပြော​ကြ​လော့။ ငါ​တို့​သည် တစ်​ဆင့် ကြား​ပြော​လိမ့်​မည်​ဟု ဆို​ကြ၏။ ငါ၏​အ​နား​မှာ အ​စဉ်​နေ​သော ငါ၏​မိတ်​ဆွေ​အ​ပေါင်း​တို့​က၊ ငါ​တို့​သည် သူ့​ကို​နိုင်၍ အ​ငြိုး​ထား​သော​စိတ်​ပြေ​စေ​ခြင်း​ငှာ၊ သူ့​ကို သွေး​ဆောင်​ကောင်း သွေး​ဆောင်​လိမ့်​မည်​ဟု ဆို​ကြ၏။

ထို​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ​သည် နေ့​မှ​စ၍ ခ​ရစ်​တော်​သ​ခင်​၏ လက်​ထက်​တိုင်​အောင် ခု​နစ်​သီ​တင်း​နှင့် ခြောက်​ဆယ်​နှစ်​သီ​တင်း​ကြာ​လိမ့်​မည်​ဟု သိ​မှတ်​နား​လည်​လော့။ အ​နှောင့်​အ​ယှက် ခံ​ရ​သော​ကာ​လ၌ မြို့​လမ်း​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​ရ​မည်​ဟု စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ရှိ၏။

ထို​အ​ခါ​ငါ​က၊ မ​ထိတ်​လန့်​ကြ​နှင့်၊ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ