နေဟမိ 4:23Judson Bibleထိုသို့ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်၊ ငါ့နောက်၌လိုက်သော တပ်သားတို့သည်၊ ကိုယ်အဝတ်ကို မချွတ်ဘဲ နေရကြ၏။ အခန်းကိုကြည့်ပါ။ |
သို့သော်လည်း ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြားသော တမန်တော်အပေါင်းတို့ထက်၊ ငါသည် သာ၍ ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း၊ ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြိုးစားတော်မူ၏။-
ရေကျင်းများအနားမှာ လက်ရဥစ္စာကို ဝေမျှသောသူတို့၏အသံကို ကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား၏ တရားသောအမှု၊ ဣသရေလမြို့ရွာတို့၌ တရားသဖြင့် ပြုတော်မူသောအမှုတို့ကို ထိုအရပ်တို့တွင် ချီးမွမ်းကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား၏လူတို့သည် မိမိတို့နေသောမြို့သို့ ပြန်သွားကြလိမ့်မည်။