Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 4:21

Judson Bible

ထို​သို့ ငါ​တို့​သည် အ​လုပ်​လုပ်​ကြ၏။ လူ​တစ်​ဝက်​သည် မိုး​လင်း​သည်​မှ​စ၍ ကြယ်​ပေါ်​သည်​တိုင်​အောင်၊ လှံ​လက်​နက်​တို့​ကို ကိုင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍၊ တံ​ပိုး​မှုတ်​သံ​ကို ကြား​လေ​ရာ​ရာ​အ​ရပ်​မှ၊ ငါ​တို့​ထံ​သို့ စည်း​ဝေး​ကြ။ ငါ​တို့၏ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ကြွင်း​သော​သူ​တို့​အား ငါ​ဆို၏။

ထို​အ​ခါ၌​လည်း၊ ငါ​က လူ​တိုင်း မိ​မိ​ကျွန်​နှင့်​တ​ကွ ည​အ​ချိန်​တွင်၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ အိပ်​စေ။ သို့​ပြု​လျှင်၊ ကျွန်​တို့​သည် နေ့​အ​ခါ အ​လုပ်​လုပ်​လျက်၊ ည​အ​ခါ အ​လှည့်​လှည့်​စောင့်​လျက် ရှိ​ကြ​လိမ့်​မည်​ဟု လူ​များ​တို့​အား​ဆို၏။

သို့​သော်​လည်း ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့်​သာ ငါ​ဖြစ်​သည်​အ​တိုင်း ငါ​ဖြစ်၏။ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​လည်း အ​ကျိုး​မဲ့​ခံ​ရ​သည်​မ​ဟုတ်။ အ​ခြား​သော တ​မန်​တော်​အ​ပေါင်း​တို့​ထက်၊ ငါ​သည် သာ၍ ကြိုး​စား​ခြင်း​ကို​ပြု၏။ ထို​သို့​ဆို​သော်​လည်း၊ ငါ​ကြိုး​စား​သည်​မ​ဟုတ်။ ငါ​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြိုး​စား​တော်​မူ၏။-

ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။

ငါ​တို့​သည်​အား​မ​လျော့၊ စိတ်​မ​ပျက်​ဘဲ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ကြ​ကုန်​အံ့။ ထို​သို့​တည်​ကြည်၍ ကျင့်​လျှင် အ​ချိန်​တန်​သော​ကာ​လ၌ အ​သီး​အ​နှံ​ကို ရိတ်​ရ​ကြ​လိမ့်​မည်။-

ထို​သို့​အ​လို​ငှာ ငါ​သည် အ​မှု​ဆောင်​ရွက်၍၊ ငါ၌​တန်​ခိုး​တော် ပြု​ပြင်​အား​ထုတ်​တော်​မူ​သည်​အ​တိုင်း ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ