Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နေ​ဟ​မိ 4:17

Judson Bible

မြို့​ရိုး​တည်​သော​သူ၊ ဝန်​ထမ်း​သော​သူ၊ ဝန်​ကို​တင်​သော​သူ အ​ပေါင်း​တို့​သည် လက်​တစ်​ဖက်​နှင့် လုပ်​ကြ၏။ လက်​တစ်​ဖက်​နှင့် လက်​နက်​ကို​ကိုင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် မြို့​ရိုး​နောက်၊ နိမ့်​သော​အ​ရပ်၊ ရှင်း​လင်း​သော အ​ရပ်​တို့၌ ဓား၊ လှံ၊ လေး​လက်​နက်​ပါ​သော လူ​များ​ကို အ​ဆွေ​အ​မျိုး​အ​လိုက် ငါ​ခန့်​ထား၏။

နောက်​မှ ငါ့​ကျွန်​တစ်​ဝက်​သည် အ​လုပ်​လုပ်​ကြ၏။ တစ်​ဝက်​သည် လှံ၊ ဒိုင်း၊ လေး၊ သံ​ချပ်​တို့​ကို ကိုင်​ကြ၏။ မင်း​တို့​သည် ယု​ဒ​အ​မျိုး​သား​များ​နောက်​မှာ နေ​ကြ၏။

တည်​လုပ်​သော သူ​အ​ပေါင်း​တို့​သည်၊ ခါး၌ ဓား​ဆွဲ​လျက် တည်​လုပ်​ကြ၏။ တံ​ပိုး​မှုတ်​သော​သူ​သည် ငါ့​အ​နား​မှာ ရပ်​နေ၏။

တစ်​ပါး​အ​မျိုး​သား​တို့​အား တ​ရား​အ​တိုင်း​အ​ပြစ်​ပေး၍၊ လူ​စု​တို့​အား ဒဏ်​ခတ်​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​တို့၏​ရှင်​ဘု​ရင်​များ​ကို သံ​ကြိုး​နှင့်​ချည်​နှောင်၍၊ မှူး​မတ်​များ​ကို သံ​ခြေ​ချင်း​ခတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ကျမ်း​စာ၌​မှတ်​သား​သော​အ​ပြစ်​စီ​ရင်​ခြင်း​ကို သူ​တို့​အား ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို နှုတ်​နှင့်​ချီး​မွမ်း၍၊ သန်​လျက်​ကို လက်​နှင့်​ကိုင်​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ထို​သို့​သော​ဘုန်း​နှင့် ဆိုင်​ကြ၏။ ဟာ​လေ​လု​ယ။

ည​အ​ခါ​စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ လူ​တိုင်း မိ​မိ​အ​ပေါ်၌ မိ​မိ​ဓား​ကို မြှောင်​ထား​လျက်​ရှိ၏။

ထို​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ​သည် နေ့​မှ​စ၍ ခ​ရစ်​တော်​သ​ခင်​၏ လက်​ထက်​တိုင်​အောင် ခု​နစ်​သီ​တင်း​နှင့် ခြောက်​ဆယ်​နှစ်​သီ​တင်း​ကြာ​လိမ့်​မည်​ဟု သိ​မှတ်​နား​လည်​လော့။ အ​နှောင့်​အ​ယှက် ခံ​ရ​သော​ကာ​လ၌ မြို့​လမ်း​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​ရ​မည်​ဟု စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ရှိ၏။

တစ်​ဦး​ကို​တစ်​ဦး မ​တိုက်​ဘဲ မိ​မိ​လမ်း​သို့ မိ​မိ​လိုက်​ကြ​လိမ့်​မည်။ ဓား​သွား​ကို ထိ​သော်​လည်း ရှ​န​ခြင်း​ကို မ​ခံ​ရ​ကြ။

သင်​တို့​သည် သ​တိ​နှင့် စောင့်​နေ​ကြ​လော့။ ယုံ​ကြည်​ခြင်း၌ တည်​ကြ​လော့။ ယောက်ျား အ​စွမ်း​သ​တ္တိ​နှင့်​တ​ကွ ခွန်​အား​စုံ​လင်​လျက် နေ​ကြ​လော့။-

အ​ကြောင်း​မူ​ကား၊ အ​လွန်​ကြီး​စွာ​သော တံ​ခါး​သည် အ​ဆင်​သင့်၍ ငါ့​အား​ဖွင့်​လျက်​ရှိ၏။ ဆီး​တား​သော သူ​အ​များ​လည်း ရှိ​ကြ၏။

အ​ခြား​သော​သူ​တို့​သည် သင်​တို့​ထံ​မှာ ထို​အ​ခွင့်​ကို​ရ​လျှင် ငါ​တို့​သည် သာ၍ ရ​ထိုက်​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း ထို​အ​ခွင့်​ကို ငါ​တို့​သည်​မ​သုံး​ဘဲ၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဆီး​တား​ခြင်း​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ အ​ရာ​ရာ၌ သည်း​ခံ​ကြ၏။-

သ​မ္မာ​တ​ရား​ကို​ဟော​ခြင်း၊ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ကို​ပြ​ခြင်း၊ ဖြောင့်​မတ်​သော​အ​ကျင့်​တည်း​ဟူ​သော လက်​နက်​များ​ကို လက်​ယာ​ဘက် လက်​ဝဲ​ဘက်၌ ဝတ်​ဆောင်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊-

ထို​သို့​ရန်​သူ​များ​ကြောင့် အ​လျှင်း​မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​သော အ​ကြောင်း​အ​ရာ​သည်၊ သူ​တို့၌ ပျက်​စီး​ခြင်း၏ နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်၏။ ဘုရားသခင်စီရင်တော်မူသောအားဖြင့် သင်တို့၌ကား၊ ကယ်တင်ခြင်း၏နိမိတ်လက္ခဏာဖြစ်၏။-

ထို​သို့​အ​လို​ငှာ သင်​သည်၊ ယေ​ရှု​ခ​ရစ်​ထံ၌ ကောင်း​သော​စစ်​သူ​ရဲ​ကဲ့​သို့၊ ဆင်း​ရဲ​ဒု​က္ခ​ကို သည်း​ခံ​လော့၊-

ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ငါ​ပြု​ပြီ။ ပြေး​ရ​သော​လမ်း​ကို အ​ဆုံး​တိုင်​အောင်​ပြေး​ပြီ။ ယုံ​ကြည် ခြင်း​တ​ရား​ကို စောင့်​ရှောက်​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ